အမ်းမရိတ် ဖလား ရခြင်း၊ ပေပေ၊ လိုကွန်ဂါ၊ ရာသီအစ လွဲတော့မယ့် ဂျေးဆုနဲ့ နောက်ဆုံးရ အာဆင်နယ် သတင်းများ စုစည်းမှု

ဒီနေ့မနက်က ပွဲမှာ မိုနာကိုအသင်းအား ပင်နယ်တီမှာ အနိုင်ရပြီးနောက် အာဆင်နယ်ဟာ အမ်းမရိတ်ဖလားကို အောင်မြင် ဆွတ်ခူးခဲ့ပါတယ်။ ဒါဟာ ဂန်းနားသစ်တွေ ဖြစ်တဲ့ တင်ဘာ၊ ရိုက်စ်နဲ့ ဟာဗက်တို့အတွက် ကောင်းမွန်တဲ့ ကြိုဆိုမှု ဖြစ်ပါလိမ့်မယ်။

အာဆင်နယ် တိုက်စစ်မှူး ဂျေးဆုဟာ ဒူးဒဏ်ရာကြောင့် သီတင်းပတ် အနည်းငယ် အနားယူရမှာ ဖြစ်ပြီး ဘောလုံးရာသီ အစ သီတင်းပတ်တွေမှာ ပါဝင် ကစားနိုင်မှာ မဟုတ်တော့ပါဘူး။

အာဆင်နယ် တိုက်စစ်မှူး ပေပေကို ခေါ်ယူဖို့ တူရကီကလပ် ဘက်ဆစ်တက် အသင်းက စိတ်ဝင်စားလာနေပါတယ်။

အာဆင်နယ်အသင်းရဲ့ အသက် ၂၀ အရွယ် တောင်ပံသမား မာကွိဟိုစ့်ဟာ ဂရိကလပ် အိုလံပီယာကိုစ့်အသင်းထံ တစ်ရာသီ အငှားထွက်ကစားပါမယ်။

ဇင်ချန်ကိုဟာ အသင်းလေ့ကျင့်ရေးထဲ ပြန်ဝင်လာတော့မှာဖြစ်ကြောင်း နည်းပြအာတီတာက သတင်းစကား ပေးလာပါတယ်။

ဘန်လေအသင်းဟာ ကွင်းလယ်လူ လိုကွန်ဂါကို ခေါ်ယူရေး ပုဂ္ဂိုလ်ရေး ဆွေးနွေးမှု အဆူံးသတ်တော့မှာပါ။ ပြီးရင်တော့ အာဆင်နယ်နဲ့ ပြောင်းရွှေ့ကြေး ညိနှိုင်းပါမယ်။

တင်ဘာကို အသင်းရဲ့ facilities တွေ လိုက်ပြရာမှာ ပရီးမီးယားလိဂ် ဖလား ပုံစံကို နံရံမှာ အမဲကွက် ထားထားတာနဲ့ ပတ်သက်လို့ အားကစားဒါရိုက်တာ အီဒူးက ဆုဖလား ပြန်ပြီး အောင်မြင်မှ ပုံစံတူကို ပြန် တပ်သွားမှာဖြစ်ကြောင်း ရှင်းပြခဲ့ပါတယ်။

ကိုင်ဆီဒိုအတွက် ချယ်ဆီးကို ပြိုင်ဆိုင်မယ့် အမည်မသိ ကလပ်တစ်သင်း ဝင်ရောက်လာတယ်လို့ သိရပါတယ်။ ဇန်နဝါရီမှာတုန်းက အာဆင်နယ်ဟာ ကိုင်ဆီဒိုအတွက် ကမ်းလှမ်းမှု ပြုလုပ်ဖူးပါတယ်။