ညနေခင်း နောက်ဆုံးရ ပရီးမီးယားလိဂ် အပြောင်းအရွှေ့သတင်းများ အစုံအလင် (12/8/20)
ဘိုင်ယန်မြူးနစ် ကွင်းလယ်ကစားသမား သီယေဂို အယ်ကန်တာရာက ပရီးမီးယားလိဂ်ကလပ် လီဗာပူးအသင်းကို ပြောင်းရွှေ့ပြီး မန်နေဂျာကလော့ပ် လက်အောက်မှာ ကစားလိုနေတယ်လို့ စကိုင်းစပေါ့က ဖော်ပြပါတယ်။
Uni – ဂျူဗင်တပ်အသင်းဟာ အာဆင်နယ် တိုက်စစ်မှူး လာကာဇက်တီကို အလိုရှိနေတာကြောင့် ကစားသမား တစ်ယောက် အလိုက်ပေးပြီး ငွေသားပါ ထည့်သွင်း ကမ်းလှမ်းရန် ပြင်ဆင်နေပါတယ်။ အလိုက်ပေးဖို့ ကစားသမားတွေ အဖြစ် ဟီဂူအင်၊ ဒေါက်ဂလပ် ကော်စတာနဲ့ ခရစ္စတီယန် ရိုမီရိုတို့ကို ရွေးချယ်ထားတယ်လို့ သိရပါတယ်။
ဒီနွေ အပြောင်းအရွှေ့အတွက် ဇီယက်နဲ့ တီမို ဝါနာကို စောစီးစွာ ခေါ်ယူပြီးတဲ့ ချယ်ဆီးအသင်း လုပ်ဆောင်မှုတွေက အားရဖွယ် ဖြစ်ကြောင်း ရီယိုဖာဒီနန်က ချီးကျူးလိုက်ပြီး နောက်ရာသီ ဆုဖလားကြီးတွေ စိန်ခေါ်နိုင်ဖို့ အတွက်ဆိုရင် ဗဟိုခံစစ် တစ်ဦးနဲ့ ဂိုးသမားတစ်ဦး လိုအပ်ဦးမယ်လို့ ထောက်ပြခဲ့ပါတယ်။
ဆန်ချို ကို ခေါ်ယူနိုင်ဖို့ မရေရာ ဖြစ်လာတဲ့ ယူနိုက်တက်ဟာ ချယ်ဆီးအသင်း ချိတ်ဆက်ပြီး ခေါ်ယူနိုင်လုနီးပါးရှိနေတဲ့ လီဗာကူဆင် ကစားသမား ကိုင်ဟာဗက်ဇ်ဘက် ဦးလှည့်လာပြီး ကြားဖြတ် ခေါ်ယူရန် ကြံရွယ်လာပါတယ်။
ချယ်ဆီးအသင်းဟာ ဝက်စ်ဟမ်းကွင်းလယ်ကစားသမာ ဒီကလန်ရိုက်စ် အတွက် ပေါင် သန်း ၅၀ နဲ့ ကမ်းလှမ်းမှု စတင်ပြုလုပ်လိုက်သော်လည်း ဝက်စ်ဟမ်း ဘက်က ချက်ချင်းပဲ ပယ်ချ ငြင်းဆန်လိုက်ပါတယ်။
မန်စီးတီး ကစားသမားသစ် ဖြစ်လာတဲ့ ဖာရန် တောရက်စ်ဟာ စီးတီးကွင်းလယ် ကစားသမားကြီး ဒေးဗစ် ဆေးလ်ဗားကို အားကျ အတုယူခဲ့ရကြောင်း ထုတ်ဖော် ပြောဆိုလာပါတယ်။ ဒေးဗစ် ဆေးလ်ဗားဟာ လာဇီယိုအသင်းထံ သုံးနှစ်စာချုပ်နဲ့ ပြောင်းရွှေ့ဖို့ သဘောတူညီမှု ရပြီး ဖြစ်ပါတယ်။
ယူနိုက်တက်နဲ့ အာဆင်နယ်တို့ အပြိုင် စိတ်ဝင်စားနေတဲ့ လိုင်လီ ခံစစ်မှူး ဂါဘရီရယ် မက်ဂါးလက်စ်ဟာ ၎င်း အနာဂတ်ကို ဒီတစ်ပတ်ထဲမှာ ဆုံးဖြတ်ချက် ချဖွယ် ရှိတယ်လို့ သိရပါတယ်။ အသက် ၂၂ နှစ် အရွယ် ကစားသမားဟာ အသင်းပြောင်းဖို့ စိတ်အားထက်သန်နေပါတယ်။
အငှား ခေါ် ကစားဖူးခဲ့တဲ့ အာဆင်နယ် ခံစစ်မှူး ချမ်ဘာစ်ကို ပေါင် ၁၂ သန်းနဲ့ ခေါ်ယူဖို့ ဖူလ်ဟမ် အသင်းက စိတ်ဝင်စားနေပါတယ်။ ချမ်ဘာစ်က ဖူလ်ဟမ်မှာ အငှား ကစားခဲ့စဉ်မှာ ခြေစွမ်းပြခဲ့ပါတယ်။