ဇီယက်နဲ့ တွဲကစားတာတောင် ဂိုးမသွင်းနိုင်ရင် ခပ်ညံ့ညံ့ တိုက်စစ်မှူး ဖြစ်သွားမှာပေါ့

တမ်မီ အေဗရာဟမ် အပါအဝင် ချယ်ဆီး တိုက်စစ်မှူးတွေအတွက် အေဂျက်ကနေ ချယ်ဆီး အသစ်ခေါ်ယူထားတဲ့ ကွင်းလယ်သမား ဇီယက်က သွင်းဂိုးတွေ ပိုရဖို့ လွယ်ကူအောင် ပံ့ပိုးပေးနိုင်မယ်လို့ ယုံကြည်မှု ရှိနေပါတယ်။ ဇီယက်နဲ့ တွဲ ကစားတာတောင် ဂိုးမသွင်းနိုင်ရင် သူက တိုက်စစ်မှူးကောင်း မဟုတ်ဘဲ ဖြစ်သွားမယ်လို့ အင်္ဂလန်သားက ဆိုခဲ့ပါတယ်။

လက်ရှိ ဘောလုံးရာသီကုန်မှာ ချယ်ဆီးအသင်းဟာ ကြိုခေါ်ယူထားတဲ့ ဇီယက်ကို ကစားသမားသစ် အဖြစ် ကြိုဆိုရတော့မှာ ဖြစ်ပါတယ်။ ဇီယက်က ချယ်ဆီးကွင်းလယ်မှာ ဖန်တီးမှု အပြည့်နဲ့ ပိုမို အားဖြည့်ပေးနိုင်မယ်လို့ နည်းပြ လမ်းပတ်က ယုံကြည်မျှော်လင့်ထားပါတယ်။

ဇီယက်နဲ့ အတူ နှစ်နှစ်ကြာ တွဲကစားဖူးတဲ့ အော့စ်ဘတ် တိုက်စစ်မှူး အယ်လ်ဖရက် ဖင်ဘိုဂတ်ဆန်ကတော့ သူ့အသင်းဖော်ဟောင်း မိုရိုကို လက်ရွေးစင် သမားနဲ့ တွဲကစားတာတောင် ဂိုးကောင်းကောင်း မသွင်းနိုင်ရင် ချယ်ဆီး တိုက်စစ်သမားတွေက ညံ့ရာကျမယ်လို့ သတိပေး ပြောဆိုလိုက်ပါတယ်။

” ဇီယက် သိပ်ခြေစွမ်းကောင်းတယ်ဆိုတာ ကျနော် သိပြီးသားပါ။ ဒါပေမယ့် ဒီတလောနှစ်တွေမှာ သူ ပြသနေတဲ့ ထူးချွန်မှုတွေက သာမန်ထက် မကပါဘူး။ ဇီယက်နဲ့ တွဲကစားတာတောင် ဂိုးမသွင်းနိုင်ဘူးဆိုရင် မင်းက ခပ်ညံ့ညံ့ တိုက်စစ်မှူး ဖြစ်ပြီပဲ။ တိုက်စစ်မှူးတွေ လုပ်စရာက ရွေ့လျားနေဖို့ပဲ။ သူက မင်း အလိုရှိတဲ့ ပုံစံ အတိုင်း လမ်းကြောင်း အတိုင်း ရောက်အောင် ပို့ပေးလိမ့်မယ်။

ပရီးမီးယားလိဂ်က သူ့အတွက် စိန်ခေါ်မှုကြီး ဖြစ်မယ်ဆိုတာ သံသယ မရှိပါဘူး။ ကစားသမားတွေက ပိုကောင်းကြပြီး ပိုလည်း ခပ်မာမာ ကစားကြတယ်။ ဒါပေမယ့် အေဂျက်နဲ့ အတူ ချန်ပီယံလိဂ်မှာ ဇီယက်ပြခဲ့တဲ့ စွမ်းဆောင်ရည်တွေ ကို မြင်ခဲ့ကြမှာပါ။ သူက လုံး၀ ထူးရှယ် တစ်ယောက် ဖြစ်တယ်။ ချယ်ဆီး အတွက် တကယ့် ခေါ်ယူမှုကောင်း ဖြစ်မှာပါ။ ” လို့ အယ်လ်ဖရက်က ထောက်ခံ ပြောဆိုလိုက်ပါတယ်။

ချယ်ဆီး ပရိသတ်တွေကလည်း ဇီယက်ကို အသင်းမှာ အပြာရောင် ဂျာစီနဲ့ မြင်ချင်ကြပြီ ဖြစ်ပါတယ်။ ဇီယက် ကစားနေတဲ့ နယ်သာလန် အမှတ်ပေးလိဂ်ကတော့ လုံး၀ ဖျက်သိမ်းလိုက်ပြီ ဖြစ်တာကြောင်း မိုရိုကိုသားက အားလပ်နေပါပြီ။ ဒါပေမယ့် ဇူလိုင် ၁ ရက်နေ့မှ ချယ်ဆီး အသင်းသား တရားဝင် ဖြစ်လာမှာ ဖြစ်ပြီး လက်ရှိရာသီ ပွဲကျန်များကိုတော့ ချယ်ဆီးနဲ့ ပါဝင် ကစားနိုင်ဦးမှာ မဟုတ်ပါဘူး။

Zawgyi – တမ္မီ ေအဗရာဟမ္ အပါအ၀င္ ခ်ယ္ဆီး တိုက္စစ္မွဴးေတြအတြက္ ေအဂ်က္ကေန ခ်ယ္ဆီး အသစ္ေခၚယူထားတဲ့ ကြင္းလယ္သမား ဇီယက္က သြင္းဂိုးေတြ ပိုရဖို႔ လြယ္ကူေအာင္ ပံ့ပိုးေပးနုိင္မယ္လို႔ ယံုၾကည္မႈ ရွိေနပါတယ္။ ဇီယက္နဲ႕ တြဲ ကစားတာေတာင္ ဂိုးမသြင္းနုိင္ရင္ သူက တိုက္စစ္မွဴးေကာင္း မဟုတ္ဘဲ ျဖစ္သြားမယ္လို႔ အဂၤလန္သားက ဆိုခဲ့ပါတယ္။

လက္ရွိ ေဘာလံုးရာသီကုန္မွာ ခ်ယ္ဆီးအသင္းဟာ ၾကိဳေခၚယူထားတဲ့ ဇီယက္ကို ကစားသမားသစ္ အျဖစ္ ၾကိဳဆိုရေတာ့မွာ ျဖစ္ပါတယ္။ ဇီယက္က ခ်ယ္ဆီးကြင္းလယ္မွာ ဖန္တီးမႈ အျပည့္နဲ႕ ပိုမို အားျဖည့္ေပးနုိင္မယ္လို႔ နည္းျပ လမ္းပတ္က ယံုၾကည္ေမွ်ာ္လင့္ထားပါတယ္။

ဇီယက္နဲ႕ အတူ နွစ္နွစ္ၾကာ တြဲကစားဖူးတဲ့ ေအာ့စ္ဘတ္ တိုက္စစ္မွဴး အယ္လ္ဖရက္ ဖင္ဘိုဂတ္ဆန္ကေတာ့ သူ႕အသင္းေဖာ္ေဟာင္း မိုရိုကို လက္ေရြးစင္ သမားနဲ႕ တြဲကစားတာေတာင္ ဂိုးေကာင္းေကာင္း မသြင္းနုိင္ရင္ ခ်ယ္ဆီး တိုက္စစ္သမားေတြက ညံ့ရာက်မယ္လို႔ သတိေပး ေျပာဆိုလိုက္ပါတယ္။

” ဇီယက္ သိပ္ေျခစြမ္းေကာင္းတယ္ဆိုတာ က်ေနာ္ သိျပီးသားပါ။ ဒါေပမယ့္ ဒီတေလာနွစ္ေတြမွာ သူ ျပသေနတဲ့ ထူးခၽြန္မႈေတြက သာမန္ထက္ မကပါဘူး။ ဇီယက္နဲ႕ တြဲကစားတာေတာင္ ဂိုးမသြင္းနုိင္ဘူးဆိုရင္ မင္းက ခပ္ညံ့ည့့့ံ တိုက္စစ္မွဴး ျဖစ္ျပီပဲ။ တိုက္စစ္မွဴးေတြ လုပ္စရာက ေရြ႕လ်ားေနဖို႔ပဲ။ သူက မင္း အလိုရွိတဲ့ ပံုစံ အတိုင္း လမ္းေၾကာင္း အတိုင္း ေရာက္ေအာင္ ပို႔ေပးလိမ့္မယ္။

ပရီးမီးယားလိဂ္က သူ႔အတြက္ စိန္ေခၚမႈၾကီး ျဖစ္မယ္ဆိုတာ သံသယ မရွိပါဘူး။ ကစားသမားေတြက ပိုေကာင္းၾကျပီး ပိုလည္း ခပ္မာမာ ကစားၾကတယ္။ ဒါေပမယ့္ ေအဂ်က္နဲ႕ အတူ ခ်န္ပီယံလိဂ္မွာ ဇီယက္ျပခဲ့တဲ့ စြမ္းေဆာင္ရည္ေတြ ကို ျမင္ခဲ့ၾကမွာပါ။ သူက လံုး၀ ထူးရွယ္ တစ္ေယာက္ ျဖစ္တယ္။ ခ်ယ္ဆီး အတြက္ တကယ့္ ေခၚယူမႈေကာင္း ျဖစ္မွာပါ။ ” လို႔ အယ္လ္ဖရက္က ေထာက္ခံ ေျပာဆုိလိုက္ပါတယ္။

ခ်ယ္ဆီး ပရိသတ္ေတြကလည္း ဇီယက္ကို အသင္းမွာ အျပာေရာင္ ဂ်ာစီနဲ႕ ျမင္ခ်င္ၾကျပီ ျဖစ္ပါတယ္။ ဇီယက္ ကစားေနတဲ့ နယ္သာလန္ အမွတ္ေပးလိဂ္ကေတာ့ လံုး၀ ဖ်က္သိမ္းလိုက္ျပီ ျဖစ္တာေၾကာင္း မိုရိုကိုသားက အားလပ္ေနပါျပီ။ ဒါေပမယ့္ ဇူလိုင္ ၁ ရက္ေန႔မွ ခ်ယ္ဆီး အသင္းသား တရား၀င္ ျဖစ္လာမွာ ျဖစ္ျပီး လက္ရွိရာသီ ပြဲက်န္မ်ားကိုေတာ့ ခ်ယ္ဆီးနဲ႕ ပါ၀င္ ကစားနုိင္ဦးမွာ မဟုတ္ပါဘူး။