မန်ချက်စတာ ယူနိုက်တက်ဟာ ဒီနွေ အပြောင်းအရွှေ့ ကာလမှာ တောင်ပံတိုက်စစ် တစ်ဦးနဲ့ ခံစစ် ကစားသမား တစ်ဦး မဖြစ်မနေ ခေါ်ယူအင်အားဖြည့်သွားဖို့ စီစဉ်ထားကြောင်း သိရပါတယ်။
ယူရိုပါလိဂ် ဆီမီးဖိုင်နယ်အတွက် ယှဉ်ပြိုင်ဖို့ ကိုလုံးကို ရောက်ရှိနေပြီ ဖြစ်တဲ့ ယူနိုက်တက် အသင်းသားတွေဟာ ပွဲအတွက် ပြင်ဆင်လေ့ကျင့်မှုတွေလည်း စတင် ပြုလုပ်နေတာ တွေ့ရပါတယ်။
ယူနိုက်တက် အကယ်ဒမီ တိုက်စစ်မှူးလေး ဒီ မန်နီ မယ်လာဟာ ပြင်းထန်တဲ့ ဒူးဒဏ်ရာ ရရှိထားပြီး ပြန်ကောင်းမွန်လာဖို့ ကာလရှည် အချိန်ယူ ကုသရဖွယ် ရှိနေကြောင်း ထုတ်ဖော် အသိပေးခဲ့ပါတယ်။
ယူနိုက်တက်ဟာ ဦးစားပေး ပစ်မှတ် ဆန်ချိုကို လုံး၀ လက်လျှော့ခြင်း မရှိသေးပေမယ့် အင်္ဂလန်သားကို မရခဲ့ရင် ခေါ်ယူဖို့ ချယ်ဆီးနဲ့ အဆင်ပြေလုနီးပါး ရှိနေတဲ့ လီဗာကူဆင် တိုက်စစ်သမား ကိုင်းဟာဗက်ဇ်ကို လက်ဦးမှုယူ ခေါ်ရန် ကြံရွယ်လာပါတယ်။
ယူနိုက်တက်နဲ့ အာဆင်နယ်တို့ ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ လိုင်လီ ခံစစ်မှူး ဂါဘရီရယ် မက်ဂါးလက်စ်ဟာ ဒီတစ်ပတ်ထဲမှာ ၎င်း အနာဂတ်နဲ့ ပတ်သတ်ပြီး ဆုံးဖြတ်ချက် ချဖို့ ရှိနေပါတယ်။ ကစားသမားက အသင်းပြောင်းဖို့ စိတ်အားထက်သန်နေပြီး အာဆင်နယ်ကိုတော့ ပိုလိုလားဟန် ပြသထားပါတယ်။
လက်ရှိ လီဗာပူးနည်းပြ ယာဂင်ကလော့ပ်ဟာ ကစားသမားတွေက သူ့အတွက်ဆို အရိုးကြေကြေး အရေခမ်းခမ်း အားကုန်ထုတ် ကစားစေလိုလောက်တဲ့ ပင်ကိုပါရမီထူး ရှိထားပြီး ယူနိုက်တက်မှာလည်း ယခင်နည်းပြကြီး ဆာအဲလက်စ် ဖာဂူဆန်ဟာ ထိုသို့ စွမ်းရည်မျိုး ရှိတယ်လို့ ပေါစခိုးလ်က သုံးသပ် ပြောဆိုခဲ့ပါတယ်။
ဆီဗီလာနည်းပြ လိုပက်တီဂူက ယူရိုပါလိဂ် ဆီမီးဖိုင်နယ်မှာ ယှဉ်ပြိုင်ရမယ့် မန်ချက်စတာ ယူနိုက်တက်ဟာ ကမ္ဘာ့ အကြီးဆုံးကလပ်အသင်း ဖြစ်တယ်လို့ ဆိုလိုက်ပြီး ယူနိုက်တက်ကို အနိုင်ယူ ကျော်ဖြတ်ဖို့ ယုံကြည်မှု ရှိကြောင်းပါ ပြောဆိုခဲ့ပါတယ်။
Zawgyi – မန္ခ်က္စတာ ယူနိုက္တက္ဟာ ဒီေႏြ အေျပာငး္အေရႊ႕ ကာလမွာ ေတာင္ပံတိုက္စစ္ တစ္ဦးနဲ႕ ခံစစ္ ကစားသမား တစ္ဦး မျဖစ္မေန ေခၚယူအင္အားျဖည့္သြားဖို႔ စီစဥ္ထားေၾကာင္း သိရပါတယ္။
ယူရိုပါလိဂ္ ဆီမီးဖိုင္နယ္အတြက္ ယွဥ္ျပိဳင္ဖို႔ ကိုလံုးကို ေရာက္ရွိေနျပီ ျဖစ္တဲ့ ယူနုိက္တက္ အသင္းသားေတြဟာ ပြဲအတြက္ ျပင္ဆင္ေလ့က်င့္မႈေတြလည္း စတင္ ျပဳလုပ္ေနတာ ေတြ႔ရပါတယ္။
ယူနုိက္တက္ အကယ္ဒမီ တိုက္စစ္မွဴးေလး ဒီ မန္နီ မယ္လာဟာ ျပင္းထန္တဲ့ ဒူးဒဏ္ရာ ရရွိထားျပီး ျပန္ေကာင္းမြန္လာဖို႔ ကာလရွည္ အခ်ိန္ယူ ကုသရဖြယ္ ရွိေနေၾကာင္း ထုတ္ေဖာ္ အသိေပးခဲ့ပါတယ္။
ယူနိုက္တက္ဟာ ဦးစားေပး ပစ္မွတ္ ဆန္ခ်ိဳကို လံုး၀ လက္ေလွ်ာ့ျခင္း မရွိေသးေပမယ့္ အဂၤလန္သားကို မရခဲ့ရင္ ေခၚယူဖို႔ ခ်ယ္ဆီးနဲ႕ အဆင္ေျပလုနီးပါး ရွိေနတဲ့ လီဗာကူဆင္ တိုက္စစ္သမား ကိုင္းဟာဗက္ဇ္ကို လက္ဦးမႈယူ ေခၚရန္ ၾကံရြယ္လာပါတယ္။
ယူနုိက္တက္နဲ႕ အာဆင္နယ္တို႕ ေခၚယူဖိုု႔ စိတ္၀င္စားေနတဲ့ လိုင္လီ ခံစစ္မွဴး ဂါဘရီရယ္ မက္ဂါးလက္စ္ဟာ ဒီတစ္ပတ္ထဲမွာ ၄င္း အနာဂတ္နဲ႕ ပတ္သတ္ျပီး ဆံုးျဖတ္ခ်က္ ခ်ဖို႔ ရွိေနပါတယ္။ ကစားသမားက အသင္းေျပာင္းဖို႔ စိတ္အားထက္သန္ေနျပီး အာဆင္နယ္ကိုေတာ့ ပိုလိုလားဟန္ ျပသထားပါတယ္။
လက္ရွိ လီဗာပူးနည္းျပ ယာဂင္ကေလာ့ပ္ဟာ ကစားသမားေတြက သူ႔အတြက္ဆို အရိုးေၾကေၾကး အေရခမ္းခမ္း အားကုန္ထုတ္ ကစားေစလိုေလာက္တဲ့ ပင္ကိုပါရမီထူး ရွိထားျပီး ယူနုိက္တက္မွာလည္း ယခင္နည္းျပၾကီး ဆာအဲလက္စ္ ဖာဂူဆန္ဟာ ထိုသို႔ စြမ္းရည္မ်ိဳး ရွိတယ္လို႔ ေပါစခိုးလ္က သံုးသပ္ ေျပာဆိုခဲ့ပါတယ္။
ဆီဗီလာနည္းျပ လိုပက္တီဂူက ယူရိုပါလိဂ္ ဆီမီးဖိုင္နယ္မွာ ယွဥ္ျပိဳင္ရမယ့္ မန္ခ်က္စတာ ယူနုိက္တက္ဟာ ကမၻာ့ အၾကီးဆံုးကလပ္အသင္း ျဖစ္တယ္လို႔ ဆိုလိုက္ျပီး ယူနုိက္တက္ကို အနုိင္ယူ ေက်ာ္ျဖတ္ဖို႔ ယံုၾကည္မႈ ရွိေၾကာင္းပါ ေျပာဆိုခဲ့ပါတယ္။