ပြီးခဲ့တဲ့ရာသီက ကာလရှည် ဒဏ်ရာရခဲ့တဲ့ ကွင်းလယ် ကစားသမား ဗန်ဒီဘိခ်ကို လာလီဂါကလပ် ဆိုဒီဒက်ထံ အငှားချဖို့ ယူနိုက်တက်တို့ စကားပြောနေပြီ ဖြစ်ပါတယ်။
မန်ချက်စတာ ယူနိုက်တက် ဟာ ရာသီကြိုမှာ ခြေစွမ်းပြထားတဲ့ လူငယ်တိုက်စစ် ကစားသမား ပယ်လစ္စထရီရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး အငှားပဲ လွှတ်ရမလား အသင်းကြီးမှာ နေရာပေးရမလား ဆုံးဖြတ်ရ ခက်နေပါတယ်။
ဝက်စ်ဟမ်းအသင်းဟာ ယူနိုက်တက် ခံစစ်မှူး မက်ဂွဲရားနဲ့ ကွင်းလယ်လူ မက်တော်မီနေးတို့ကို ခေါ်ယူဖို့ ကြိုးစားနေဆဲပါ။ ဒါပေမယ့် အဆိုပါ ကစားသမား နှစ်ဦးကို ပေါင် သန်း ၅၀ လောက်နဲ့ ညိနှိုင်းလို့ ရမှာ မဟုတ်ပါဘူး။
တူရကီကလပ် အပါအဝင် ကလပ်အချို့က ယူနိုက်တက် ကွင်းလယ်လူ ဖရက်ကို အပြီးသတ် ခေါ်ယူလိုနေပေမယ့် ပြောင်းရွှေ့ကြေး သဘောတူညီမှု မရသေးပါဘူး။
ယူနိုက်တက်ဟာ ကွင်းလယ်လူ အမရာဘတ်နဲ့ ခံစစ်မှူး တိုဒီဘိုတို့ကို ဒီနွေမှာ ခေါ်ယူဖို့ ပစ်မှတ်ထားနေဆဲဖြစ်ကာ ကစားသမား ရောင်းချမှုတွေ ရှိလာခဲ့ရင် ချိတ်ဆက်မှု စတင်သွားမှာ ဖြစ်ပါတယ်။
ယူနိုက်တက်ဟာ အသက် ၃၅ နှစ်အရွယ် ခံစစ်မှူး အီဗန်ကို ကာလတို စာချုပ်အပြီး အသင်းမှာပဲ ဆက် ထိန်း သွားမလားဆိုတာ အခုချိန်ထိ မဆုံးဖြတ်ရသေးပါဘူး။ မက်ဂွဲရား ရောင်းထွက်၊ မထွက်ပေါ်လည်း အီဗန် အနာဂတ်က မူတည်နေပါတယ်။
မန်ချက်စတာ ယူနိုက်တက် နည်းပြ တန်ဟက်က လူငယ် ကစားသမားတွေအား ရဲရဲဝံ့ဝံ့ ပြတ်ပြတ်သားသား လုပ်ပြဖို့ တိုက်တွန်းလိုက်ပြီး ဒါမှ ပွဲ ကစားခွင့် အတွက် အခွင့်အရေးပေးနိုင်မှာ ဖြစ်တယ်လို့ အသိပေးလိုက်ပါတယ်။
လီဗာပူးနဲ့ ပြောင်းရွှေ့ကြေး အဆင်မပြေဖြစ်နေတဲ့ ဆောက်သမ်တန် ကွင်းလယ်လူ လာဗီယာကို ကြားဝင် ချိတ်ဆက်ဖို့ မန်ယူနိုက်တက်ဘက်က ပြင်ဆင်နေပါတယ်။
နည်းပြ တန်ဟက်က ဒီနွေမှာ ရောင်းချမယ့် ကစားသမား စာရင်းထဲ တိုက်စစ်မှုး မာရှယ်ကို မထည့်သေးဘဲ အလှည့်ကျစနစ်မှာ သူ့ကို နေရာပေးဖို့ ထည့်တွက်ထားပါတယ်။