ဆီမီးမှာ တွေ့တဲ့ ဆီဗီလာအသင်းကို ရှုံးကြွေးပြန်ဆပ်ဖို့ ယူနိုက်တက်နည်းပြ ဆိုးရှား အားခဲထား

မန်ချက်စတာ ယူနိုက်တက်အသင်း နည်းပြ ဆိုးရှားကတော့ တနင်္ဂနွေနေ့ ကန်မယ့် ယူရိုပါလိဂ် ဆီမီးဖိုင်နယ်အဆင့် ပြိုင်ဘက် ဆီဗီလာ အသင်းကို လက်စားချေ ရှုံးကြွေးဆပ်ဖို့ မျှော်လင့်ပြီး စိတ်အားထက်သန်နေပါတယ်။

ဆိုးရှားဟာ မိုဒီအသင်းနဲ့ အတူ ဆီဗီလာကို ၂၀၁၆ မှာ ရင်ဆိုင်ခဲ့ဖူးပြီး ဥရောပချန်ပီယံ ငါးကြိမ်ဖြစ်ထားတဲ့ ဆီဗီလာအသင်းကို ထိုစဉ်က နှစ်ကျော့ပေါင်း ၃-၁ နဲ့ အရေး နိမ့်ခဲ့ဖူးပါတယ်။ ဒါကြောင့် ဒီတစ်ကြိမ်မှာ ဆီဗီလာထံကနေ တစ်ခုခု ပြန်ယူဖို့ ပြင်ဆင်ရမှာ ဖြစ်ကြောင်း ဆိုးရှားက ပွဲကြိုမှာ ထုတ်ဖော် ပြောဆိုလာပါတယ်။

” (ဆီမီးမှာ ဆီဗီလာနဲ့ ဆုံနေတဲ့အပေါ်) သဘောကျပါတယ်။ ကျနော် မိုဒီမှာ မန်နေဂျာ ဖြစ်တုန်းက ၂၀၁၆ မှာ သူတို့ကို ရှုံးဖူးတယ်။ အဝေးကွင်းမှာ သူတို့က ၃-၀ နဲ့ အနိုင်ကန်ပြီး အိမ်ကွင်းမှာ ကျနော်တို့ က ၁-၀ နဲ့ ပြန်နိုင်တယ်။ ဒီတော့ ဒီတကြိမ်မှာ သူတို့ဆီက ကျနော် ပြန်ယူစရာ ရှိပါတယ်။ ” လို့ ဆိုးရှားက ပြောဆိုခဲ့ပါတယ်။

ဆီဗီလာ နည်းပြ လိုပက်တီဂူကလည်း ဝုဗ်ကို နိုင်တဲ့ ပွဲအပြီးမှာ ယူနိုကတက်ကို ဆီမီးမှာ အနိုင်ကစားဖို့ ယုံကြည်မှု ရှိကြောင်း ပြောဆိုထားပါတယ်။ မန်ချက်စတာ ယူနိုက်တက်ဟာ ဒီရာသီ ဖလားပြိုင်ပွဲ ဆီမီးဖိုင်နယ် တက်တာ ဒီတစ်ကြိမ်နဲ့ ဆို သုံးကြိမ်မြောက် ဖြစ်ပြီး ယခင် ကာရာဘောင်းနဲ့ အက်ဖ်အေဖလား ပြိုင်ပွဲတွေမှာတော့ ဆီမီးအဆင့်မှာတင် ရှုံးနိမ့်ကာ ပြိုင်ပွဲတွေက ထွက်ခွာခဲ့ရပါတယ်။

ဒီတစ်ကြိမ်မှာတော့ ယခင် ဆီမီးဖိုင်နယ် ရှုံးပွဲတွေက သင်ခန်းစာတွေကနေ ပြန်သင်ယူ အသုံးချဖို့ ဆိုးရှားက စိတ်ပိုင်းဖြတ်ထားကြောင်း ဆိုခဲ့ပါတယ်။

” ဒီမတိုင်ခင်မှာ ကျနေ်ာတို့ ဆီမီးဖိုင်နယ်ပွဲ နှစ်ခု ကစားခဲ့ပြီးပြီ။ ဒီလို အဆင့်ရောက်ခဲ့တယ် ဆိုတာလည်း ကောင်းမွန်တဲ့ အားထုတ်မှုကြောင့်ပါပဲ။ ဒါပေမယ့် မန်ယူနိုက်တက် အတွက် ဆိုရင်တော့ ဒီလောက်နဲ့ မလုံလောက်ပါဘူး။ အသင်းက တဖြည်းဖြည်း တိုးတက်လာနေပြီး အောင်မြင်မှုတွေ ဆာလောင်နေပါပြီ။ အရင် ဖလားနှစ်လုံး လွဲချော်ခဲ့တဲ့ နာကျင်မှုကနေပြီးတော့ ဒီတစ်ကြိမ်မှာ ခြားနားမှု ဖြစ်အောင် လုပ်ဆောင်ရမှာပါ။ ကျနော်တို့ ဒီအဆင့်ထက် ပိုပြီး အလိုရှိပါတယ်။ ” လို့ ဆိုးရှားက ပြောဆိုသွားပါတယ်။

Zawgyi – မန္ခ်က္စတာ ယူနိုက္တက္အသင္း နည္းျပ ဆိုးရွားကေတာ့ တနဂၤေႏြေန႔ ကန္မယ့္ ယူရိုပါလိဂ္ ဆီမီးဖိုင္နယ္အဆင့္ ျပိဳင္ဘက္ ဆီဗီလာ အသင္းကို လက္စားေခ် ရွံဳးေၾကြးဆပ္ဖို႔ ေမွ်ာ္လင့္ျပီး စိတ္အားထက္သန္ေနပါတယ္။

ဆိုးရွားဟာ မိုဒီအသင္းနဲ႕ အတူ ဆီဗီလာကို ၂၀၁၆ မွာ ရင္ဆိုင္ခဲ့ဖူးျပီး ဥေရာပခ်န္ပီယံ ငါးၾကိမ္ျဖစ္ထားတဲ့ ဆီဗီလာအသင္းကို ထိုစဥ္က နွစ္ေက်ာ့ေပါင္း ၃-၁ နဲ႕ အေရး နိမ့္ခဲ့ဖူးပါတယ္။ ဒါေၾကာင့္ ဒီတစ္ၾကိမ္မွာ ဆီဗီလာထံကေန တစ္ခုခု ျပန္ယူဖို႔ ျပင္ဆင္ရမွာ ျဖစ္ေၾကာင္း ဆိုးရွားက ပြဲၾကိဳမွာ ထုတ္ေဖာ္ ေျပာဆိုလာပါတယ္။

” (ဆီမီးမွာ ဆီဗီလာနဲ႕ ဆံုေနတဲ့အေပၚ) သေဘာက်ပါတယ္။ က်ေနာ္ မိုဒီမွာ မန္ေနဂ်ာ ျဖစ္တုန္းက ၂၀၁၆ မွာ သူတို႔ကို ရွံဳးဖူးတယ္။ အေ၀းကြင္းမွာ သူတို႔က ၃-၀ နဲ႕ အနုိင္ကန္ျပီး အိမ္ကြင္းမွာ က်ေနာ္တို႔ က ၁-၀ နဲ႕ ျပန္နိုင္တယ္။ ဒီေတာ့ ဒီတၾကိမ္မွာ သူတို႔ဆီက က်ေနာ္ ျပန္ယူစရာ ရွိပါတယ္။ ” လို႔ ဆိုးရွားက ေျပာဆိုခဲ့ပါတယ္။

ဆီဗီလာ နည္းျပ လိုပက္တီဂူကလည္း ၀ုဗ္ကို နုိင္တဲ့ ပြဲအျပီးမွာ ယူနို္ကတက္ကို ဆီမီးမွာ အနုိင္ကစားဖို႔ ယံုၾကည္မႈ ရွိေၾကာင္း ေျပာဆိုထားပါတယ္။ မန္ခ်က္စတာ ယူနုိက္တက္ဟာ ဒီရာသီ ဖလားျပိဳင္ပြဲ ဆီမီးဖိုင္နယ္ တက္တာ ဒီတစ္ၾကိမ္နဲ႕ ဆို သံုးၾကိမ္ေျမာက္ ျဖစ္ျပီး ယခင္ ကာရာေဘာင္းနဲ႕ အက္ဖ္ေအဖလား ျပိဳင္ပြဲေတြမွာေတာ့ ဆီမီးအဆင့္မွာတင္ ရွံဳးနိမ့္ကာ ျပိဳင္ပြဲေတြက ထြက္ခြာခဲ့ရပါတယ္။

ဒီတစ္ၾကိမ္မွာေတာ့ ယခင္ ဆီမီးဖိုင္နယ္ ရွံဳးပြဲေတြက သင္ခန္းစာေတြကေန ျပန္သင္ယူ အသံုးခ်ဖို႔ ဆိုးရွားက စိတ္ပိုင္းျဖတ္္ထားေၾကာင္း ဆိုခဲ့ပါတယ္။

” ဒီမတိုင္ခင္မွာ က်ေန္ာတို႔ ဆီမီးဖိုင္နယ္ပြဲ နွစ္ခု ကစားခဲ့ျပီးျပီ။ ဒီလို အဆင့္ေရာက္ခဲ့တယ္ ဆိုတာလည္း ေကာင္းမြန္တဲ့ အားထုတ္မႈေၾကာင့္ပါပဲ။ ဒါေပမယ့္ မန္ယူနုိက္တက္ အတြက္ ဆိုရင္ေတာ့ ဒီေလာက္နဲ႕ မလံုေလာက္ပါဘူး။ အသင္းက တျဖည္းျဖည္း တိုးတက္လာေနျပီး ေအာင္ျမင္မႈေတြ ဆာေလာင္ေနပါျပီ။ အရင္ ဖလားနွစ္လံုး လြဲေခ်ာ္ခဲ့တဲ့ နာက်င္မႈကေနျပီးေတာ့ ဒီတစ္ၾကိမ္မွာ ျခားနားမႈ ျဖစ္ေအာင္ လုပ္ေဆာင္ရမွာပါ။ က်ေနာ္တို႔ ဒီအဆင့္ထက္ ပိုျပီး အလိုရွိပါတယ္။ ” လို႔ ဆိုးရွားက ေျပာဆိုသြားပါတယ္။