ဘရာဇီး ကွင်းလယ် ကြယ်ပွင့်ကို ပေါင် သန်း ၇ဝ နဲ့ ကမ်းလှမ်းထားတဲ့ မန်ချက်စတာ စီးတီး

ဂွာဒီယိုလာရဲ့ မန်စီးတီးအသင်းဟာ ဝက်စ်ဟမ်း ကွင်းလယ် ကစားသမား လူးကပ် ပါကွီတာကို ခေါ်ယူဖို့ စိတ်ဝင်စား နေကြောင်းနဲ့ ကမ်းလှမ်းမှု ပြုလုပ်ထားပြီလို့ ဘရာဇီး သတင်းတွေက ဖော်ပြပါတယ်။

သတင်းထောက် ရိုမန်နိုကတော့ စီးတီးရဲ့ စိတ်ဝင်စားမှု မှန်ကန်ပေမယ့် ကမ်းလှမ်းမှု လုပ်ရသေးခြင်း မရှိသေးဘဲ ဒီအပတ်မှာပဲ ဝက်စ်ဟမ်းနဲ့ စကားပြောဖို့ စီစဉ်ထားတယ်လို့ ဆိုပါတယ်။ လူးကပ် ပါကွီတာ အတွက် ပြောင်းရွှေ့ကြေး က ပေါင် သန်း ၇၀ လောက် ကုန်ကျနိုင်ပါတယ်။

မန်စီးတီးဟာ အဓိက ကစားသမားတွေဖြစ်တဲ့ ဂွမ်ဒိုဂန်၊ မာရက်ဇ်တို့ကို လက်လွတ်ထားရပြီး ချယ်ဆီးမှ ကိုဗာဆစ်ကိုပဲ အားဖြည့်ထားတာပါ။ ကွင်းလယ်ပိုင်းအတွက် အဓိက အားဖြည့်မှုလုပ်ဖို့ ဒီကလန်ရိုက်စ်ကို ကြိုးစားသေးပေမယ့် အာဆင်နယ်နဲ့ ဈေးပြိုင် ချိတ်ဆက်နိုင်ခြင်း မရှိခဲ့ပါဘူး။

မနှစ်က လိုင်ယွန်ကနေ ဝက်စ်ဟမ်းကို ပေါင် ၅၁ သန်းဖြင့် ပြောင်းလာတဲ့ ဘရာဇီးသားဟာ ပရီးမီးယားလိဂ်မှာ အံဝင်နေခဲ့တာဖြစ်ပါတယ်။ ဘရာဇီး သတင်းတွေကတော့ မန်စီးတီးရဲ့ ပေါင် သန်း ၇၀ ဖြင့် ကမ်းလှမ်းမှုကို လန်ဒန်ကလပ်က ပယ်ချခဲ့ပြီလို့ ဆိုပါတယ်။

ရိုက်စ်ကို လက်လွှတ်ထားရသလို အစားထိုးစရာ မရှိသေးတဲ့ ဝက်စ်ဟမ်းဟာ ပါကွီတာကို လက်လွှတ်ရရင်တောင် ဈေးများများဖြင့်ပဲ ထွက်ခွင့်ပေးလိုနေပါတယ်။

မန်စီးတီးဟာ အခြားသော ခေါ်ယူမှုအဖြစ် ခံစစ်အတွက် ဂါဗာဒီအောကို ပေါင် ၇၇ သန်း ဝန်းကျင်ဖြင့် ခေါ်ယူထားကာ ဈေးကွက် မပိတ်ခင် အင်အားဖြည့်မှုတွေ ဆက်လုပ်လာဖို့ ရှိနေပါတယ်။