အာတီတာကြောင့် ထွက်လာတဲ့ စည်းမျဉ်း၊ ရာယာ သဘောတူညီမှုရခြင်း၊ တီရာနေး၊ ဒေါက်ကလပ်နဲ့ နောက်ဆုံးရ အာဆင်နယ် သတင်းများ

ဆိုဒီဒက်က အာဆင်နယ် ဘယ်အစွန်လူ တီရာနေးကို အငှား ခေါ်ယူလိုနေပေမယ့် အာဆင်နယ်ဘက်က အပြီးသတ် ပါဝင်တဲ့ ကမ်းလှမ်းမှုမျိုးကိုပဲ ပို လိုလားနေပါတယ်။

အာဆင်နယ်ကို အရေးနိမ့်ပြီးနောက် မန်စီးတီးဟာ လူသစ် ခေါ်ယူရေးတွေအတွက် အားထုတ်လာနေကာ ဝက်စ်ဟမ်း ကွင်းလယ်လူ ပါကွီတာအတွက် ပေါင် သန်း ၇၀ ဖြင့် ကမ်းလှမ်းမှု ပယ်ချခံခဲ့ရပါတယ်။

အာဆင်နယ် အသင်းဟာ ဘရန့်ဖိုဒ့် ဂိုးသမား ရာယာ ကို ခေါ်ယူဖို့ ပြောင်းရွှေ့ကြေး ပေါင် သန်း ၃၀ ဝန်းကျင်ဖြင့် သဘောတူညီမှု ရသွားခဲ့ပြီဖြစ်ပါတယ်။ ရာယာ ဟာ အာဆင်နယ်နဲ့ ၅ နှစ်စာချုပ် ချုပ်ဆိုမှာပါ။

ဂိုးသမား ရမ်စ်ဒယ်က ရာယာ ရောက်လာမှာကို ကြိုဆိုလိုက်ပြီး ဘောလုံးမှာ လွယ်ကူတာ မရှိကြောင်းနဲ့ အား ကောင်းတဲ့ ပြိုင်ဆိုင်မှုဟာ အသင်းကို ပိုကောင်းစေလိမ့်မယ်လို့ ထုတ်ပြောလာပါတယ်။

နည်းပြတွေရဲ့ အပြုအမှုကို ထိန်းကွပ်တော့မယ့် အက်ဖ်အေ စည်းမျဉ်းသစ်ဟာ နည်းပြ အာတီတာရဲ့ မနှစ်က ကွင်းတွင်း အပြုအမှုတွေကြောင့် ပေါ်ပေါက်လာတာလို့ ဂယ်ရီနဗီးက ထောက်ပြလာပါတယ်။

လတ်တလော ဒဏ်ရာကြောင့် အနားယူနေရတဲ့ အာဆင်နယ် ကွင်းလယ် ကစားသမား ဂျော်ဂျင်ဟိုကို ခေါ်ယူဖို့ ဖီနာဘာချီအသင်းက ချိတ်ဆက်မှု ဝင်ရောက်လာပါတယ်။

အက်စတွန်ဗီလာ ကွင်းလယ်လူ ဒေါက်ကလပ်ကို အာဆင်နယ်ဘက်က စောင့်ကြည့်နေဆဲ ဖြစ်ပါတယ်။ ကွင်းလယ် ကစားသမား ထွက်ခွာမှု ရှိလာခဲ့ရင် အာဆင်နယ်ဘက်က သူ့ကို ခေါ်ယူဖို့ ကြိုးစားနိုင်ပါတယ်။