အင်္ဂလန်ရဲ့ အတောက်ပဆုံး လူငယ်ကြယ်ပွင့်တွေထဲမှာ ပါဝင်တဲ့ ဖီးလ် ဖိုဒန်က တကယ်ရော မန်စီးတီးမှာ ပက် ဂွာဒီယိုလာရဲ့ အစီအစဉ်တွေနဲ့ အံဝင်ရဲ့လားလို့ လီဗာပူး နောက်ခံလူဟောင်းကြီး ဂျင်မီ ကာရေဂါက သုံးသပ် မေးခွန်းထုတ်လိုက်ပါတယ်။
ဖိုဒန်ဟာ အသက် ၁၇ နှစ်သားအရွယ် ၂၀၁၇ တုန်းက စလို့ စီးတီး အသင်းကြီး အတွက် ပွဲထွက်ခွင့် ရခဲ့တာ ဖြစ်ပြီး အင်္ဂလန် ထိပ်တန်း ကစားသမား တစ်ဦးလို့ သတ်မှတ်ခြင်း ခံထားရသူပါ။
လက်ရှိ အသက် ၂၃ နှစ် ရှိပြီ ဖြစ်တဲ့ ဖိုဒန်ဟာ မန်စီးတီး အသင်းနဲ့ အတူ ချန်ပီယံလိဂ်နဲ့ ပရီးမီးယားလိဂ် အပါအဝင် များစွာသော ဆုဖလားတွေ ရယူထားပြီး ဖြစ်ပါတယ်။ အင်္ဂလန် အသင်းအတွက်လည်း ယူရို ၂၀၂၀၊ ၂၀၂၂ ကမ္ဘာ့ဖလား အပါအဝင် ၂၅ ကြိမ် ပါဝင် ကစားထားသူပါ။
ဒါပေမယ့် ကာရေဂါကတော့ ဖိုဒန် တစ်ယောက် ရောက်သင့်သလောက် မရောက်သေးဘူးလို့ ယူဆနေတာပါ။
” ဖီးလ် ဖိုဒန်က မငယ်တော့ဘူး။ လွန်ခဲ့တဲ့ ၃-၄ နှစ်ကဆို သူက အင်္ဂလန်ရဲ့ အကောင်းဆုံး ကစားသမား ဖြစ်လာမယ် လို့ ကျနော်တို့ ထင်ကြေးပေးခဲ့ကြတယ်။
ဒါပေမယ့် အခု တကယ် ဖြစ်လာနေတာက ဂျူ့ဒ် ဘယ်လင်ဟမ် ထင်တယ်။ သူ့ကို တည်ပြီးတောင် အင်္ဂလန် အသင်းကို ကစားနေရတယ်။ ဖိုဒန်က အင်္ဂလန်မှာ အဲဓီလောက် နေရာ မရဘူး၊ မန်ချက်စတာ စီးတီးမှာရောပဲ။
အခုဆို ဂွမ်ဒိုဂန်နဲ့ မာရက်ဇ်က ထွက်သွားပြီ။ ရာသီသစ် မစခင်မှာ ကွန်မြူနတီဒိုင်းပွဲ ကစားတော့ သူက မန်စီးတီး ပွဲထွက် စာရင်းထဲ မပါဝင်နိုင်ပြန်ဘူး။
သူ ဘယ်လောက် တော်သလဲ ဆိုတာ ကျနေ်ာတို့ အားလုံး သိပါတယ်။ ဒါဆို ဘာက သူ့ကို တားဆီးနေတာလဲ ? ပက် က ဟာလန်း နောက်မှာ အဲဗာရက်စ်ကို နေရာပေးတယ်၊ ဖိုဒန်က အဲဒီနေရာမှာ ကစားနိုင်တယ်၊ ဒါပေမယ့် သူ အခွင့်မရဘူးလေ။ ” လို့ ကာရေဂါက ပြောဆိုခဲ့တာ ဖြစ်ပါတယ်။