ချယ်ဆီးတို့ ရောင်းရက်လေခြင်းလို့ တသသ ဖြစ်ရမယ့် ကွင်းလယ်ကစားသမား

ယူနိုက်တက် ကစားသမားဟောင်းကြီး ရီယို ဖာဒီနန်ကတော့ ကွင်းလယ်ကစားသမား မာရီယို ပါဆာလစ် ကို ချယ်ဆီးတို့ ရောင်းလိုက်တာ မှားလိုက်လေခြင်းလို့ ညက ချန်ပီယံလိဂ် ပွဲ အပြီးမှာ တဖွဖွ ရေရွတ် ပြေဆိုခဲ့ပါတယ်။ အတ္တလန္တာ အသင်းမှာ ကစားနေပြီ ဖြစ်တဲ့ ပါဆာလစ်ဟာ သူ့ရဲ့ ထူးရှယ် ခြေစွမ်းများကို ထုတ်ပြခဲ့ပြီး ပီအက်စ်ဂျီတို့ မျက်ဖြူစိုက်စေမယ့် ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။

အသက် ၂၅ နှစ် ရှိပြီ ဖြစ်တဲ့ ကွင်းလယ်သမား ပါဆာလစ်ဟာ ချယ်ဆီးအသင်းမှာ ခြောက်နှစ်ကြာ ရှိခဲ့ပေမယ့် ကလပ်အသင်းအတွက် တစ်ပွဲမှ မကစားသွားရပါဘူး။ ဒီနှစ် အစောပိုငးမှာတော့ စီးရီးအေကလပ်အသင်းထံ ပေါင် ၁၃ သန်းနဲ့ အပြီးသတ် ပြောင်းရွှေ့ခဲ့သူပါ။ ၎င်းဟာ ချယ်ဆီးမှာ ရှိစဉ်က မိုနာကို၊ အေစီမီလန်၊ စပါးတပ် မော်စကို စတဲ့ အသင်းများမှာ လှည့်လည်ပြီး အငှားထွက် ကစားနေခဲ့ပါတယ်။

အတ္တလန္တာ အသင်းမှာ အငှားသွားရောက် ကစားချိန်မှာတော့ အကောင်းဆုံး ခြေစွမ်းများ ပြသနိုင်ခဲ့ပြီး ၇၅ ပွဲ ကစား ၁၅ ဂိုး သွင်းခဲ့တဲ့ ပါဆာလစ်ကို အီတလီကလပ်အသင်းက အပြီးသတ် ဝယ်ယူဖြစ်ခဲ့ပါတယ်။ ပါဆာလစ်ကို ရောင်းချတဲ့ ငွေကနေ ဇီယက်၊ ဝါနာတို့လို ကစားသမားတွေ ပြန်ခေါ်ယူရာမှာ အသုံးစရိတ် အဖြစ် ပြန်သုံးနိုင်ခဲ့တာ မှန်ပေမယ့် ဖာဒီနန်ကတော့ ပါဆာလစ်ကို ချယ်ဆီးတို့ ရောင်းရက်လေခြင်းလို့ ပြောဆိုခဲ့ပါတယ်။

” ဟာ မိုက်ချက်ပဲဗျာ။ လုံး၀ ရူးလောက်စရာပဲ။ သူက ၆ နှစ်လုံး ချယ်ဆီး ကစားသမားတဲ့ဗျာ။ သူတို့က သူ့ကို ပေါင် ၁၂ သန်းလောက်နဲ့ ရောင်းထုတ်ပစ်လိုက်တယ်။ ” လို့ ညက ချန်ပီယံလိဂ်ပွဲမှာ သုံးသပ်နေတဲ့ ဖာဒီနန်က တဖွဖွ ရေရွတ်ခဲ့ပါတယ်။

ပါဆာလစ်ဟာ ပွဲချိန် ၂၇ မိနစ်မှာ ပီအက်စ်ဂျီအသင်းဘက် ဦးဆောင်ဂိုး သွင်းခဲ့ပြီး ထိုသွင်းဂိုးဟာ ပွဲပြီးခါနီး မိနစ် ၉၀ ထိ အတ္တလန္တာ အသင်းကို အသာစီး ရစေခဲ့ပါတယ်။ ပြင်သစ် အင်အားကြီးကလပ် ပီအက်စ်ဂျီဟာ ထိုသွင်းဂိုးကို မချေပနိုင်ဘဲ ပွဲချိန်ကုန်လုနီးပါးထိ ရုန်းကန်ခဲ့ရကာ မိနစ် ၉၀ မှ ချေပဂိုးနဲ့ အနိုင်ဂိုးများ သွင်းပြီး နောက်တစ်ဆင့် တက်နိုင်ခဲ့ပါတယ်။

Zawgyi – ယူနုိက္တက္ ကစားသမားေဟာင္းၾကီး ရီယို ဖာဒီနန္ကေတာ့ ကြင္းလယ္ကစားသမား မာရီယို ပါဆာလစ္ ကို ခ်ယ္ဆီးတို႔ ေရာင္းလိုက္တာ မွားလိုက္ေလျခင္းလို႔ ညက ခ်န္ပီယံလိဂ္ ပြဲ အျပီးမွာ တဖြဖြ ေရရြတ္ ေျပဆိုခဲ့ပါတယ္။ အတၱလႏၱာ အသင္းမွာ ကစားေနျပီ ျဖစ္တဲ့ ပါဆာလစ္ဟာ သူ႔ရဲ႕ ထူးရွယ္ ေျခစြမ္းမ်ားကို ထုတ္ျပခဲ့ျပီး ပီအက္စ္ဂ်ီတို႔ မ်က္ျဖဴစိုက္ေစမယ့္ ဦးေဆာင္ဂိုးကို သြင္းယူေပးခဲ့ပါတယ္။

အသက္ ၂၅ နွစ္ ရွိျပီ ျဖစ္တဲ့ ကြင္းလယ္သမား ပါဆာလစ္ဟာ ခ်ယ္ဆီးအသင္းမွာ ေျခာက္နွစ္ၾကာ ရွိခဲ့ေပမယ့္ ကလပ္အသင္းအတြက္ တစ္ပြဲမွ မကစားသြားရပါဘူး။ ဒီနွစ္ အေစာပို္ငးမွာေတာ့ စီးရီးေအကလပ္အသင္းထံ ေပါင္ ၁၃ သန္းနဲ႕ အျပီးသတ္ ေျပာင္းေရႊ႕ခဲ့သူပါ။ ၄င္းဟာ ခ်ယ္ဆီးမွာ ရွိစဥ္က မိုနာကို၊ ေအစီမီလန္၊ စပါးတပ္ ေမာ္စကို စတဲ့ အသင္းမ်ားမွာ လွည့္လည္ျပီး အငွားထြက္ ကစားေနခဲ့ပါတယ္။

အတၱလႏၱာ အသင္းမွာ အငွားသြားေရာက္ ကစားခ်ိန္မွာေတာ့ အေကာင္းဆံုး ေျခစြမ္းမ်ား ျပသနိုင္္ခဲ့ျပီး ၇၅ ပြဲ ကစား ၁၅ ဂိုး သြင္းခဲ့တဲ့ ပါဆာလစ္ကို အီတလီကလပ္အသင္းက အျပီးသတ္ ၀ယ္ယူျဖစ္ခဲ့ပါတယ္။ ပါဆာလစ္ကို ေရာင္းခ်တဲ့ ေငြကေန ဇီယက္၊ ၀ါနာတို႔လို ကစားသမားေတြ ျပန္ေခၚယူရာမွာ အသံုးစရိတ္ အျဖစ္ ျပန္သံုးနုိင္ခဲ့တာ မွန္ေပမယ့္ ဖာဒီနန္ကေတာ့ ပါဆာလစ္ကို ခ်ယ္ဆီးတို႔ ေရာင္းရက္ေလျခင္းလို႔ ေျပာဆိုခဲ့ပါတယ္။

” ဟာ မိုက္ခ်က္ပဲဗ်ာ။ လံုး၀ ရူးေလာက္စရာပဲ။ သူက ၆ နွစ္လံုး ခ်ယ္ဆီး ကစားသမားတဲ့ဗ်ာ။ သူတို႔က သူ႔ကို ေပါင္ ၁၂ သန္းေလာက္နဲ႕ ေရာင္းထုတ္ပစ္လိုက္တယ္။ ” လို႔ ညက ခ်န္ပီယံလိဂ္ပြဲမွာ သံုးသပ္ေနတဲ့ ဖာဒီနန္က တဖြဖြ ေရရြတ္ခဲ့ပါတယ္။

ပါဆာလစ္ဟာ ပြဲခ်ိန္ ၂၇ မိနစ္မွာ ပီအက္စ္ဂ်ီအသင္းဘက္ ဦးေဆာင္ဂိုး သြင္းခဲ့ျပီး ထိုသြင္းဂိုးဟာ ပြဲျပီးခါနီး မိနစ္ ၉၀ ထိ အတၱလႏၱာ အသင္းကို အသာစီး ရေစခဲ့ပါတယ္။ ျပင္သစ္ အင္အားၾကီးကလပ္ ပီအက္စ္ဂ်ီဟာ ထိုသြင္းဂိုးကို မေခ်ပနုိင္ဘဲ ပြဲခ်ိန္ကုန္လုနီးပါးထိ ရုန္းကန္ခဲ့ရကာ မိနစ္ ၉၀ မွ ေခ်ပဂိုးနဲ႕ အနုိင္ဂိုးမ်ား သြင္းျပီး ေနာက္တစ္ဆင့္ တက္နုိင္ခဲ့ပါတယ္။