BIG MATCH: ချယ်ဆီး vs လီဗာပူး ပွဲ အတွက် ပေါမာဆန်ကြီးရဲ့ ပွဲကြို သုံးသပ်ချက်နဲ့ ခန့်မှန်းရလဒ်

ဘောလုံးရာသီသစ်ရဲ့ အဖွင့် သီတင်းပတ်မှာတော့ ချယ်ဆီးနဲ့ လီဗာပူး အသင်းတို့ စတန်းဖို့ ဘရစ်ချ်မှာ ထိပ်တိုက် တွေ့ကြတော့မှာ ဖြစ်ပါတယ်။

ဒီနှစ်သင်းဟာ လာမယ့် သြဂုတ် ၁၃ ရက်၊ တနင်္ဂနွေနေ့ မြန်မာစံတော်ချိန် ည ၁ဝ နာရီမှာ ယှဉ်ပြိုင် ကစားကြမှာပါ။ ဂန်းနားဟောင်းကြီး ပေါမာဆန်ကတော့ ဒီပွဲစဉ် အတွက် အခုလို သုံးသပ် ခန့်မှန်းလာပါတယ်။

” ဒီပွဲကိုသာ ချယ်ဆီး ရှုံးမယ် ဆိုရင် ပြီးခဲ့တဲ့ရာသီကထက် ဘာမှ ပို ထူးမလာဘူး ပြောရမှာပဲ။ သူတို့ရဲ့ အကြီးမားဆုံး စိုးရိမ်စရာကတော့ ကွင်းလယ်ပါ။ အဲဒီနေရာက အတော် ဟာကွက်တွေ များနေတယ်။ ကစာသမားတွေက အတွေ့ အကြုံ သိပ်မရှိဘူး ဖြစ်နေတာပါ။ သူတို့ နောက်ထပ် ဆိုးဝါးတဲ့ ရာသီ ထပ်ကြုံလို့တော့ မဖြစ်ပါဘူး။

ကျနော် နီကိုးလပ်စ် ဂျက်ဆန်ကို အတော်ကြိုက်ပါတယ်၊ သူက ကစားသမားကောင်းပါ။ ရာဟင်း စတားလင်းလည်း ဒီရာသီ ကောင်းဖို့ မျှော်လင့်တယ်။ သူ ချယ်ဆီး ရောက်တည်းက အကောင်းဆုံး ပုံစံ ပြန် မရသေးဘူး။ သူက ချယ်ဆီး အသင်း အဆင့် ၄ ထဲ ဝင်ဖို့ ခြားနားမှုကြီး လုပ်နိုင်သူပါ။

လီဗာပူးဘက်မှာလည်း ကွင်းလယ်ပိုင်း ပြသနာတွေ ရှိပါတယ်။ ကလော့ပ် ကိုယ်တိုင်ရော သူ့ ကွင်းလယ် အတွဲအစပ် ကို သိပြီလား ကျနော် မသေချာဘူး။ မက် ကယ်လစ္စတာက သိပ်ကြီး ပြေးလွှားတဲ့ သူ မဟုတ်ဘူး။

လီဗာပူး ကွင်းလယ်မှာက အရင်နှစ်ကလို လုပ်အားကောင်းသူတွေ မရှိတော့ဘူး၊ ဒီတော့ လူငယ်တွေရဲ့ အား အပေါ်ပဲ မှီခို ရတော့မယ်။ သူတို့မှာ ဘောလုံး ရအောင် ပြန်ဆယ်မယ့် ကစားသမားတွေ လိုတယ်။ ဘောလုံး မပါဘဲ ကစားတာ ပိုကောင်းဖို့လည်း လိုပါတယ်။

ကားတစ် ဂျုံးစ်က ဒီရာသီ ကောင်းကောင်း မစတင်နိုင်ဘူး ဆိုရင် ဒီအသင်းရဲ့ အပြင်ကို ရောက်သွားမှာပါ။ သူ့မှာ ဖိအားတွေ များနေပါပြီ။ လူငယ်တွေမှာ ဒီ ပြသနာက အမြဲ ရှိတယ်။ ဒါမျိုး မေဆန်မောင့်နဲ့လည်း မြင်ဖူးပါတယ်။ တကယ်လို့ ဂျုံးစ်က ပြီးခဲ့တဲ့ ရာသီဆိုးကို မေ့ပြီး ရှေ့ဆက်သွားနိုင်မယ် ဆိုရင် သူ လီဗာပူးမှာ အဆင်ပြေမှာပါ။

ဒီပွဲက နှစ်သင်းစလုံး အတွက်တော့ အရေးကြီးနေတယ်။ ဘယ်အသင်းကမှ အရှုံးခံချင်မှာ မဟုတ်ဘူး။ ကျနော်သာ ချယ်ဆီး ဖန် တစ်ယောက် ဆိုရင် ဒီပွဲက သရေပဲ ယူမယ်။ နှစ်သင်းလုံးက အားကုန် ထုတ်ကြမှာပဲ၊ သရေ ရလဒ်ကတော့ နှစ်သင်း စလုံးအတွက် မျှတမှာပါ။” လို့ မာဆန်က သုံးသပ်ထားပါတယ်။

ပေါမာဆန်ကြီးရဲ့ ပွဲ ခန့်မှန်းရလဒ်ကတော့ ချယ်ဆီး ၂-၂ လီဗာပူး ဖြစ်ပါတယ်။