ကိုဗစ်အလွန် ကာလမှာ တန်ကြေးထိုးတက်သွားခဲ့တဲ့ မန်ချက်စတာယူနိုက်တက် အသင်းသား လေးဦး

မန်ချက်စတာ ယူနိုက်တက်ဟာ ကိုဗစ်ကပ်ရောဂါကြောင့် ဘောလုံးပွဲတွေ ရပ်နားပြီး ပြန်စတင်တဲ့ ဇွန်လက စလို့ ပြိုင်ပွဲစုံမှာ ရှုံးပွဲ တစ်ပွဲသာ ရှိထားပါတယ်။ ဘောလုံးပွဲတွေ ပြန်စတင်တည်းက ယူနိုက်တက်ဟာ ပုံစံကောင်းတွေ တောက်လျောက် ထိန်းပြီး ပရီးမီးယားလိဂ်မှာ အဆင့် ၃ ထိ ရောက်အောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။ အက်ဖ်အေဖလား ကို မယူနိုင်ခဲ့ပေမယ့် ယူရိုပါလိဂ်ပြိုင်ပွဲမှာ ဆီမီးဖိုင်နယ် အဆင့် ရောက်နေပြီ ဖြစ်လို့ ဆုဖလား အခွင့်အရေးလည်း ရှိနေပါသေးတယ်။

အသင်းလိုက် စွမ်းဆောင်ရည် အပြင် ယူနိုက်တက်မှာ တစ်ဦးချင်း ခြေစွမ်းတွေ သိသိသာသာ တိုးတက်လာတဲ့ ကစားသမားတွေ ရှိနေပြီး အဲဒီထဲကမှ ကစားသမားလေးဦးဟာ ဈေးကွက်မှာ တန်ကြေး ထိုးတက်သွားသည်ထိ အစွမ်းပြထားကြောင်း အင်္ဂလန်သတင်းဌာနတွေက သုံးသပ်ထားပါတယ်။

ပထမဆုံးက ဘရူနို ဖာနန်ဒက်စ်ပါ။ ဇန်နဝါရီလ ဝယ်ယူတည်းက စလို့ ခြေစွမ်းပြနေတဲ့ ပေါ်တူဂီသားဟာ ပွဲတွေ ပြန်စတင်ချိန်မှာလည်း ခြေစွမ်းကောင်းများ ဆက်ထိန်းထားပြီး ပြိုင်ပွဲစုံမှာ ၈ ဂိုးသွင်း ၄ ကြိမ် ထောက်ပံ့မှု ပြုလုပ်ထားပါတယ်။ ဖာနန်ဒက်စ် ကို ယူနိုက်တက်ဟာ ကနဦးနဲ့ ထပ်ဆောင်းတွေ စုစုပေါင်း ပေါင် ၆၃ သန်း ပေး ဝယ်ယူထားခဲ့ပေမယ့် လက်ရှိ ခြေအတိုင်းဆို တရိပ်ရိပ် တက်နေတဲ့ ဖာနန်ဒက်စ် တန်ကြေးက ပေါင် သန်း ၁၀၀ ထိ ရောက်သွားမယ်လို့ ခန့်မှန်းနေကြပါတယ်။

နောက်တစ်ယောက်ကတော့ မာရှယ် ဖြစ်ပြီး ဒီရာသီ အသင်းအတွက် ၂၃ ဂိုးသွင်းပြီး ဂိုးအများဆုံးသွင်းထားသူလည်း ဖြစ်ပါတယ်။ ထို ၂၃ ဂိုးထဲမှာ ၇ ဂိုးက ပွဲတွေ ပြန်စပြီးနောက် သွင်းဂိုတွေ ဖြစ်ပါတယ်။ ပွဲတွေ မနားခင်းက ပေါင် ၄၃ သန်း တနေ်ကြးရှ မာရှယ်ဟာ လက်ရှိမှာတော့ ၅၂ သန်းထိ ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

တတိယ ကစားသမားကတော့ လူငယ်ကြယ်ပွင့်လေး မေဆန်ဂရင်းဝုဒ် ဖြစ်ပါတယ်။ ၎င်းရဲ့ ထူးချွန်တဲ့ စွမ်းဆောင်ရည်တွေကြောင့် အသင်းကြီးမှာ နေရာရလာသူ ဖြစ်ပြီး ပွဲတွေ ပြန်စတည်းက အံ့အားသင့်ဖွယ် ခြေစွမ်းပြထားပါတယ်။ ဒါကြောင့်လည်း ၎င်း တန်ကြေးဟာ ပေါင် ၂၆ သန်းကနေ ပေါင် သန်း ၄၀ လောက်ထိ တက်လာခဲ့တယ်လို့ သတ်မှတ်ခံထားရပါတယ်။

နောက်ဆုံး တစ်ောက်ကတော့ တိုက်စစ်မှူး မားကပ် ရက်ဖို့ဒ်ပဲ ဖြစ်ပါတယ်။ ရက်ဖို့ဒ်ဟာ ပွဲတွေ ပြန်စတည်းက အကောင်း အဆိုး နှစ်မျိုး ရောပြီး ရှိနေသူပါ။ ဒါပေမယ့် တောက်ပလာတဲ့ ခြေစွမ်းတွေကြောင့် အင်္ဂလန်သား တန်ကြေးကလည်း ပေါင် ၅၇ သနးကနေ ပေါင် ၇၂ သန်း ထိ တက်လာခဲ့ပါတယ်။

Zawgyi – မန္ခ်က္စတာ ယူနုိက္တက္ဟာ ကိုဗစ္ကပ္ေရာဂါေၾကာင့္ ေဘာလံုးပြဲေတြ ရပ္နားျပီး ျပန္စတင္တဲ့ ဇြန္လက စလို႔ ျပိဳင္ပြဲစံုမွာ ရွံဳးပြဲ တစ္ပြဲသာ ရွိထားပါတယ္။ ေဘာလံုးပြဲေတြ ျပန္စတင္တည္းက ယူနုိက္တက္ဟာ ပံုစံေကာင္းေတြ ေတာက္ေလ်ာက္ ထိန္းျပီး ပရီးမီးယားလိဂ္မွာ အဆင့္ ၃ ထိ ေရာက္ေအာင္ စြမ္းေဆာင္နုိင္ခဲ့ပါတယ္။ အက္ဖ္ေအဖလား ကို မယူနုိင္ခဲ့ေပမယ့္ ယူရိုပါလိဂ္ျပိဳင္ပြဲမွာ ဆီမီးဖိုင္နယ္ အဆင့္ ေရာက္ေနျပီ ျဖစ္လို႔ ဆုဖလား အခြင့္အေရးလည္း ရွိေနပါေသးတယ္။

အသင္းလိုက္ စြမ္းေဆာင္ရည္ အျပင္ ယူနုိက္တက္မွာ တစ္ဦးခ်င္း ေျခစြမ္းေတြ သိသိသာသာ တိုးတက္လာတဲ့ ကစားသမားေတြ ရွိေနျပီး အဲဒီထဲကမွ ကစားသမားေလးဦးဟာ ေစ်းကြက္မွာ တန္ေၾကး ထိုးတက္သြားသည္ထိ အစြမ္းျပထားေၾကာင္း အဂၤလန္သတင္းဌာနေတြက သံုးသပ္ထားပါတယ္။

ပထမဆံုးက ဘရူနို ဖာနန္ဒက္စ္ပါ။ ဇန္န၀ါရီလ ၀ယ္ယူတည္းက စလို႔ ေျခစြမ္းျပေနတဲ့ ေပၚတူဂီသားဟာ ပြဲေတြ ျပန္စတင္ခ်ိန္မွာလည္း ေျခစြမ္းေကာင္းမ်ား ဆက္ထိန္းထားျပီး ျပိဳင္ပြဲစံုမွာ ၈ ဂိုးသြင္း ၄ ၾကိမ္ ေထာက္ပံ့မႈ ျပဳလုပ္ထားပါတယ္။ ဖာနန္ဒက္စ္ ကို ယူနိုက္တက္ဟာ ကနဦးနဲ႕ ထပ္ေဆာင္းေတြ စုစုေပါင္း ေပါင္ ၆၃ သန္း ေပး ၀ယ္ယူထားခဲ့ေပမယ့္ လက္ရွိ ေျခအတိုင္းဆို တရိပ္ရိပ္ တက္ေနတဲ့ ဖာနန္ဒက္စ္ တန္ေၾကးက ေပါင္ သန္း ၁၀၀ ထိ ေရာက္သြားမယ္လို႔ ခန္႔မွန္းေနၾကပါတယ္။

ေနာက္တစ္ေယာက္ကေတာ့ မာရွယ္ ျဖစ္ျပီး ဒီရာသီ အသင္းအတြက္ ၂၃ ဂိုးသြင္းျပီး ဂိုးအမ်ားဆံုးသြင္းထားသူလည္း ျဖစ္ပါတယ္။ ထို ၂၃ ဂိုးထဲမွာ ၇ ဂိုးက ပြဲေတြ ျပန္စျပီးေနာက္ သြင္းဂိုေတြ ျဖစ္ပါတယ္။ ပြဲေတြ မနားခင္းက ေပါင္ ၄၃ သန္း တနေ္ၾကးရွ မာရွယ္ဟာ လက္ရွိမွာေတာ့ ၅၂ သန္းထိ ရွိလာခဲ့ျပီ ျဖစ္ပါတယ္။

တတိယ ကစားသမားကေတာ့ လူငယ္ၾကယ္ပြင့္ေလး ေမဆန္ဂရင္း၀ုဒ္ ျဖစ္ပါတယ္။ ၄င္းရဲ႕ ထူးခၽြန္တဲ့ စြမ္းေဆာင္ရည္ေတြေၾကာင့္ အသင္းၾကီးမွာ ေနရာရလာသူ ျဖစ္ျပီး ပြဲေတြ ျပန္စတည္းက အံ့အားသင့္ဖြယ္ ေျခစြမ္းျပထားပါတယ္။ ဒါေၾကာင့္လည္း ၄င္း တန္ေၾကးဟာ ေပါင္ ၂၆ သန္းကေန ေပါင္ သန္း ၄၀ ေလာက္ထိ တက္လာခဲ့တယ္လို႔ သတ္မွတ္ခံထားရပါတယ္။

ေနာက္ဆံုး တစ္ောက္ကေတာ့ တိုက္စစ္မွဴး မားကပ္ ရက္ဖို႔ဒ္ပဲ ျဖစ္ပါတယ္။ ရက္ဖို႕ဒ္ဟာ ပြဲေတြ ျပန္စတည္းက အေကာင္း အဆိုး နွစ္မ်ိဳး ေရာျပီး ရွိေနသူပါ။ ဒါေပမယ့္ ေတာက္ပလာတဲ့ ေျခစြမ္းေတြေၾကာင့္ အဂၤလန္သား တန္ေၾကးကလည္း ေပါင္ ၅၇ သနးကေန ေပါင္ ၇၂ သန္း ထိ တက္လာခဲ့ပါတယ္။