ယနေ့ နောက်ဆုံးရ ယူနိုက်တက် အပြောင်းအရွှေ့ သတင်းတိုများ (13/08/20)

ဒီနွေမှာ ချယ်ဆီး ခေါ်ယူဖို့ ပစ်မှတ်ထားနေတဲ့ လက်စတာ ဘယ်စွန်ခံစစ်မှူး ဘန်ချေးဝဲလ်ကို ခေါ်ယူဖို့ မန်ချက်စတာ ယူနိုက်တက်ကပါ စိတ်ဝင်စားဟန် ပြသလာပါတယ်။ ချေးဝဲလ်အတွက် လက်စတာက ပေါင် သန်း ၈၀ တောင်းဆိုနေတာကြောင့် ချယ်ဆီးနဲ့လည်း ညှိနှိုင်းမှု အဆင်မပြေ ဖြစ်နေပါတယ်။

မန်ချက်စတာ ယူနိုက်တက်ဟာ နောက်ရာသီ ဝတ်ဆင်မယ့် အဝေးကွင်း ဂျာစီကို လာမယ့် ယူရိုပါလိဂ် ဆီမီးဖိုင်နယ် ပွဲမှာ ဝတ်ဆင်သွားမှာ ဖြစ်ကြောင်း အတည်ပြု သတင်းထုတ်ပြန်ထားပါတယ်။ ဆီဗီလာကတော့ သူတို့ အိမ်ကွင်းဂျာစီ အဖြူရောင်ကိုပဲ ဝတ်ဆင်မှာ ဖြစ်ပါတယ်။

ယူနိုက်တက်ဟာ ယူရိုပါလိဂ် ဗိုလ်လုပွဲ တက်ရောက်ပြီး အင်တာမီလန်နဲ့ တွေ့ဆုံခဲ့ရင် အသင်း တိုက်စစ်မှူးဟောင်း လူကာကူနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပြီး ဘယ်လ်ဂျီယံသားဟာ သူ့အရည်သွေးကို သက်သေပြချင်တာနဲ့ လက်တုန့်ပြန်ချင်တာကြောင့် အစွမ်းကုန် အားထုတ်လိမ့်မယ်လို့ ဘာဘာတော့ဗ်က သုံးသပ်လိုက်ပါတယ်။

အသင်းပြောင်းမယ် သတင်းကြီးနေတဲ့ ကွင်းလယ်တိုက်စစ်သမား လင်ဂတ်ကို ယူနိုက်တက်နည်းပြ ဆိုးရှားကတော့ အသင်းမှာ ဆက်ရှိနေစေလိုကြောင်း စကိုင်းစပေါ့သတင်းမှာ ဖော်ပြလာပါတယ်။

ယူနိုက်တက်နဲ့ အပြောင်းအရွှေ့ သတင်းတွေ မှေးမှိန်လာပြီး နောက်ပိုင်း ပထမဆုံး အကြိမ်အဖြစ် ဆန်ချိုကို သတင်းထောက်တွေနဲ့ တွေ့ဆုံရာမှာ ဒေါ့မွန်အသင်းက လူငယ်တွေနဲ့ အတူ ကစားရတာ အတွက် ပျော်ရွှင်နေပြီး အသင်း အနာဂတ်အတွက် အားရနေကြောင်း ပြောဆိုခဲ့ပါတယ်။ ဆန်ချိုက ခြေစမ်းပွဲမှာ ၄၅ မိနစ် ဝင်ကစားခဲ့ပြီး ထိုပွဲမှာ လူငယ်တွေနဲ့ ကစားဖြစ်ခဲ့တာပါ။

ဇွန်လ ဘောလုံးပွဲတွေ ပြန်စတဲ့ နောက်ပိုင်းမှာ ခြေစွမ်းကောင်းတွေ ပြသနေတာကြောင့် ဈေးကွက်မှာ တန်ကြေး ထိုးတက်သွားတဲ့ ယူနိုက်တက် ကစားသမား လေးဦး ရှိနေရာ ဖာနန်ဒက်စ်၊ မာရှယ်၊ ဂရင်းဝုဒ်နဲ့ ရက်ရှ်ဖို့ဒ်တို့ ဖြစ်ပါတယ်။

Zawgyi – ယူနိုက္တက္ဟာ ယူရိုပါလိဂ္ ဗိုလ္လုပြဲ တက္ေရာက္ျပီး အင္တာမီလန္နဲ႕ ေတြ႔ဆံုခဲ့ရင္ အသင္း တိုက္စစ္မွဴးေဟာင္း လူကာကူနဲ႕ ရင္ဆိုင္ရမွာ ျဖစ္ျပီး ဘယ္လ္ဂ်ီယံသားဟာ သူ႔အရည္ေသြးကို သက္ေသျပခ်င္တာနဲ႕ လက္တုန္႔ျပန္ခ်င္တာေၾကာင့္ အစြမ္းကုန္ အားထုတ္လိမ့္မယ္လို႔ ဘာဘာေတာ့ဗ္က သံုးသပ္လိုက္ပါတယ္။

မန္ခ်က္စတာ ယူနိုက္တက္ဟာ ေနာက္ရာသီ ၀တ္ဆင္မယ့္ အေ၀းကြင္း ဂ်ာစီကို လာမယ့္ ယူရိုပါလိဂ္ ဆီမီးဖိုင္နယ္ ပြဲမွာ ၀တ္ဆင္သြားမွာ ျဖစ္ေၾကာင္း အတည္ျပဳ သတင္းထုတ္ျပန္ထားပါတယ္။ ဆီဗီလာကေတာ့ သူတို႔ အိမ္ကြင္းဂ်ာစီ အျဖဴေရာင္ကိုပဲ ၀တ္ဆင္မွာ ျဖစ္ပါတယ္။

ဒီေႏြမွာ ခ်ယ္ဆီး ေခၚယူဖို႔ ပစ္မွတ္ထားေနတဲ့ လက္စတာ ဘယ္စြန္ခံစစ္မွဴး ဘန္ေခ်း၀ဲလ္ကို ေခၚယူဖို႔ မန္ခ်က္စတာ ယူနိုက္တက္ကပါ စိတ္၀င္စားဟန္ ျပသလာပါတယ္။ ေခ်း၀ဲလ္အတြက္ လက္စတာက ေပါင္ သန္း ၈၀ ေတာင္းဆိုေနတာေၾကာင့္ ခ်ယ္ဆီးနဲ႕လည္း ညွိနိႈင္းမႈ အဆင္မေျပ ျဖစ္ေနပါတယ္။

အသင္းေျပာင္းမယ္ သတင္းၾကီးေနတဲ့ ကြင္းလယ္တိုက္စစ္သမား လင္ဂတ္ကို ယူနိုက္တက္နည္းျပ ဆိုးရွားကေတာ့ အသင္းမွာ ဆက္ရွိေနေစလိုေၾကာင္း စကိုင္းစေပါ့သတင္းမွာ ေဖာ္ျပလာပါတယ္။

ယူနိုက္တက္နဲ႕ အေျပာင္းအေရႊ႕ သတင္းေတြ ေမွးမွိန္လာျပီး ေနာက္ပိုင္း ပထမဆံုး အၾကိမ္အျဖစ္ ဆန္ခ်ိဳကို သတင္းေထာက္ေတြနဲ႕ ေတြ႔ဆံုရာမွာ ေဒါ့မြန္အသင္းက လူငယ္ေတြနဲ႕ အတူ ကစားရတာ အတြက္ ေပ်ာ္ရႊင္ေနျပီး အသင္း အနာဂတ္အတြက္ အားရေနေၾကာင္း ေျပာဆိုခဲ့ပါတယ္။ ဆန္ခ်ိဳက ေျခစမ္းပြဲမွာ ၄၅ မိနစ္ ၀င္ကစားခဲ့ျပီး ထိုပြဲမွာ လူငယ္ေတြနဲ႕ ကစားျဖစ္ခဲ့တာပါ။

ဇြန္လ ေဘာလံုးပြဲေတြ ျပန္စတဲ့ ေနာက္ပိုင္းမွာ ေျခစြမ္းေကာင္းေတြ ျပသေနတာေၾကာင့္ ေစ်းကြက္မွာ တန္ေၾကး ထိုးတက္သြားတဲ့ ယူနုိက္တက္ ကစားသမား ေလးဦး ရွိေနရာ ဖာနန္ဒက္စ္၊ မာရွယ္၊ ဂရင္း၀ုဒ္နဲ႕ ရက္ရွ္ဖို႔ဒ္တို႔ ျဖစ္ပါတယ္။