ကြားရက်မှာ ဥရောပ စူပါဖလား သွားယူထားရတဲ့ မန်စီးတီးဟာ ၂ရက်သာ ခြားပြီး ပရီးမီးယားလိဂ် ပွဲ အဖြစ် နယူးကာဆယ် အသင်းနဲ့ ရင်ဆိုင် ကစားရမှာ ဖြစ်ပါတယ်။ ပွဲချိန်ကတော့ မနက်ဖြန် စနေနေ့ည ၁ နာရီခွဲ အချိန်မှာ ယှဉ်ပြိုင်ကြမှာပါ။
ဘီဘီစီ သတင်းဌာနမှ ပင်တိုင် သုံးသပ်သူ ဖြစ်တဲ့ ခရစ်ဆက်တန်က မန်စီးတီးနဲ့ နယူးကာဆယ်တို့ ပွဲစဉ် အတွက် အခုလို သုံးသပ် ခန့်မှန်းထားပါတယ်။
” မနှစ်က ရာသီတုန်းက နယူးကာဆယ်တို့ မန်စီးတီးကို အတော်လေး သတိပေးနိုင်ခဲ့ပါတယ်။ ဒီတစ်ကြိမ်မှာလည်း သူတို့က မန်စီးတီးကို ပြဿနာတွေ ပေးဦးမှာပါပဲ။
ဒီရာသီမှာ မန်စီတီးက အကောင်းဆုံး ပုံစံမှာ ရှိမနေပါဘူး။ ဒါပေမယ့် ဘန်လေနဲ့ ယူအီးအက်ဖ်အေ စူပါဖလားမှာ ဆီးဗီးလာတို့ကို အနိုင်ယူနိုင်ဆဲပါပဲ။ အန်ဒီဟောင်ရဲ့ အသင်းက သူတို့အတွက် ခြားနားတဲ့ မေးခွန်းပေးမှာပါ။ ပွဲကောင်း ဖြစ်ဖို့ မျှော်လင့်ထားပါတယ်။
ကြားရက်က စီးတီးတို့ ပွဲကစားထားတာကြောင့် သရေ ရလဒ် ခန့်မှန်းချင်ပေမယ့် သူတို့ အိမ်ကွင်းမှာ ဒီပွဲကို အနိုင် ရသင့်ပါတယ်။ နယူးကာဆယ်က ကောင်းပါတယ်။ ဒါပေမယ့် သူတို့ အဲ့လောက်ကြီး ကောင်းနေတာ မဟုတ်ပါဘူး။ ” လို့ ဆက်တန်က သုံးသပ်ထားပါတယ်။
ခရစ်ဆက်တန်ရဲ့ ခန့်မှန်းရလဒ်က မန်စီးတီး ၃-၁ နယူးကာဆယ် ဖြစ်ပါတယ်။