ဘောလုံးခန့်မှန်းသူတစ်ဦးဖြစ်တဲ့ မိုက်ကယ်အိုဝင်က ချန်ပီယံလိဂ် ကွာတားအဆင့်မှာ ထိပ်တိုက်တွေ့နေတဲ့ ဘာစီလိုနာနဲ့ ဘိုင်ယန်မြူးနစ်ပွဲ အတွက် ပွဲကြို ခန့်မှန်းသွားပါတယ်။
အိုဝင်က ” ဒီပွဲကတော့ ကမ္ဘာဘောလုံးလောကမှ အင်အားကြီး ကလပ် နှစ်သင်း ထိပ်တိုက်တွေ့တဲ့ ဟယ်ဗီးဝိတ်ပွဲပါပဲ။ ဘိုင်ယန်က ၂၀၂၀ မှာ ပြည့်စုံတဲ့ မှတ်တမ်းတွေနဲ့အတူ ချန်ပီယံလိဂ် မှတ်တမ်းကောင်းတွေပါ ရလာတယ်။ သူတို့က ဒီရာသီ ချန်ပီယံလိဂ်ကို အနိုင်ရမယ့် အသင်း နှစ်သင်းထဲက တစ်သင်းအဖြစ် မန်စီးတီးနဲ့အပြိုင် ရေပန်းစားပါတယ်။ ၁၆ သင်းအဆင့်မှာလည်း ချယ်ဆီးကို နှစ်ကျော့ပေါင်း ၇-၁ နဲ့ အနိုင်ယူခဲ့တယ်။ ဒါပေမယ့် ရံှူးထွက်ဆိုတာက ဘာမဆို ဖြစ်နိုင်ပါတယ်။
ဘိုင်ယန်ဘက်မှာ ပြိုင်ပွဲစုံ ၅၃ ဂိုးထိ သွင်းထားပြီး ချန်ပီယံလိဂ်မှာ ၁၃ ဂိုးထိ သွင်းထားတဲ့ လီဝမ်ဒေါစကီး ရှိနေတယ်။ သူက ၂၀၁၃-၂၀၁၄ ဘောလုံးရာသီတုန်းက ရော်နယ်ဒို စံချိန်တင်ခဲ့တဲ့ ၁၇ ဂိုးကို မှီဖို့လည်း ၄ ဂိုးပဲ လိုပါတယ်။ လက်ကျန် ချန်ပီယံလိဂ်ပွဲတွေ အားလုံးကို ပြိုင်ဆိုင်နိုင်အောင် လုပ်နိုင်ရင် အဆိုပါ စံချိန်ကို ချိုးဖျက်နိုင်မှာပါ။
ဘာစီလိုနာက အကောင်းဆုံး ပုံစံတွေမှာ ရှိမနေပေမယ့်လည်း သူတို့ကို ဘယ်တော့မှ ဖယ်ထုတ်လိုက်လို့တော့ မရပါဘူး။ သူတို့က ပြည်တွင်းထက် ချန်ပီယံလိဂ်မှာ ပိုကောင်းပြီး အနိုင်ယူရ ခက်ခဲပါတယ်။ လာလီဂါမှာ ဒုတိယနေရာက ရာသီသိမ်းခဲ့တာကလည်း စိတ်ပျက်စရာ ရလဒ်ဖြစ်ထားခဲ့တာပါ။
ဒီပွဲက တကယ်ကို ခက်ခဲတဲ့ ပွဲဖြစ်လာမှာပါ။ ဒါပေမယ့် ဘိုင်ယန်က ပိုကောင်းနေပြီး လီဝမ်ဒေါစကီးကလည်း သိပ်ကောင်းနေတာကြောင့် ဒီပွဲကို ၂-၁ နဲ့ အနိုင်ရပြီး နောက်တစ်ဆင့်ကို တက်သွားမှာပါ။ ” လို့ ခန့်မှန်းခဲ့တာဖြစ်ပါတယ်။
ZAWGYI – ေဘာလံုးခန္႔မွန္းသူတစ္ဦးျဖစ္တဲ့ မိုက္ကယ္အိုဝင္က ခ်န္ပီယံလိဂ္ ကြာတားအဆင့္မွာ ထိပ္တုိက္ေတြ႔ေနတဲ့ ဘာစီလိုနာနဲ႔ ဘိုင္ယန္ျမဴးနစ္ပြဲ အတြက္ ပြဲၾကိဳ ခန္႔မွန္းသြားပါတယ္။
အိုဝင္က ” ဒီပြဲကေတာ့ ကမၻာေဘာလံုးေလာကမွ အင္အားၾကီး ကလပ္ ႏွစ္သင္း ထိပ္တိုက္ေတြ႔တဲ့ ဟယ္ဗီးဝိတ္ပြဲပါပဲ။ ဘိုင္ယန္က ၂၀၂၀ မွာ ျပည့္စံုတဲ့ မွတ္တမ္းေတြနဲ႔အတူ ခ်န္ပီယံလိဂ္ မွတ္တမ္းေကာင္းေတြပါ ရလာတယ္။ သူတို႔က ဒီရာသီ ခ်န္ပီယံလိဂ္ကို အႏိုင္ရမယ့္ အသင္း ႏွစ္သင္းထဲက တစ္သင္းအျဖစ္ မန္စီးတီးနဲ႔အျပိဳင္ ေရပန္းစားပါတယ္။ ၁၆ သင္းအဆင့္မွာလည္း ခ်ယ္ဆီးကို ႏွစ္ေက်ာ့ေပါင္း ၇-၁ နဲ႔ အႏုိင္ယူခဲ့တယ္။ ဒါေပမယ့္ ရံွဴးထြက္ဆိုတာက ဘာမဆို ျဖစ္ႏုိင္ပါတယ္။
ဘိုင္ယန္ဘက္မွာ ျပိဳင္ပြဲစံု ၅၃ ဂိုးထိ သြင္းထားျပီး ခ်န္ပီယံလိဂ္မွာ ၁၃ ဂိုးထိ သြင္းထားတဲ့ လီဝမ္ေဒါစကီး ရွိေနတယ္။ သူက ၂၀၁၃-၂၀၁၄ ေဘာလံုးရာသီတုန္းက ေရာ္နယ္ဒို စံခ်ိန္တင္ခဲ့တဲ့ ၁၇ ဂိုးကို မွီဖို႔လည္း ၄ ဂိုးပဲ လိုပါတယ္။ လက္က်န္ ခ်န္ပီယံလိဂ္ပြဲေတြ အားလံုးကို ျပိဳင္ဆိုင္ႏုိင္ေအာင္ လုပ္ႏုိင္ရင္ အဆိုပါ စံခ်ိန္ကို ခ်ိဳးဖ်က္ႏုိင္မွာပါ။
ဘာစီလိုနာက အေကာင္းဆံုး ပံုစံေတြမွာ ရွိမေနေပမယ့္လည္း သူတို႔ကို ဘယ္ေတာ့မွ ဖယ္ထုတ္လိုက္လို႔ေတာ့ မရပါဘူး။ သူတို႔က ျပည္တြင္းထက္ ခ်န္ပီယံလိဂ္မွာ ပိုေကာင္းျပီး အႏုိင္ယူရ ခက္ခဲပါတယ္။ လာလီဂါမွာ ဒုတိယေနရာက ရာသီသိမ္းခဲ့တာကလည္း စိတ္ပ်က္စရာ ရလဒ္ျဖစ္ထားခဲ့တာပါ။
ဒီပြဲက တကယ္ကို ခက္ခဲတဲ့ ပြဲျဖစ္လာမွာပါ။ ဒါေပမယ့္ ဘိုင္ယန္က ပိုေကာင္းေနျပီး လီဝမ္ေဒါစကီးကလည္း သိပ္ေကာင္းေနတာေၾကာင့္ ဒီပြဲကို ၂-၁ နဲ႔ အႏုိင္ရျပီး ေနာက္တစ္ဆင့္ကို တက္သြားမွာပါ။ ” လို႔ ခန္႔မွန္းခဲ့တာျဖစ္ပါတယ္။