ဘာလိုဂန် ကို သြဂုတ်လ မကုန်ခင် ခေါ်ဖို့ လန်ဒန်ကလပ်တွေ အပါအဝင် အသင်း ၄ သင်း အပြိုင် ဖြစ်နေ

အာဆင်နယ် တိုက်စစ်မှုး ဘာလိုဂန် ကို သြဂုတ်လကုန် နွေဈေးကွက် မပိတ်ခင် အမှီ ခေါ်ယူဖို့ လန်ဒန်ကလပ်တွေ အပါအဝင် ကလပ် ၄ သင်းက အလေးအနက် စိတ်ဝင်စား ချိတ်ဆက်နေပါတယ်။

လန်ဒန်အခြေစိုက် သတင်းဌာန အဆို အရ ဝက်စ်ဟမ်း ပစ်မှတ်ထားနေတဲ့ ဘာလိုဂန် ကို ချယ်ဆီးနဲ့ ဖူလ်ဟမ် အသင်းတို့ ကလည်း ချိန်ရွယ် လာတယ် လို့ သိရပါတယ်။

ဒါ့အပြင် ဘာလိုဂန် ကို မိုနာကို ကလည်း ကမ်းလှမ်းမှု ပြုလုပ်ထားတာပါ။ အသက် ၂၂ နှစ် အရွယ် တောင်ပံ တိုက်စစ်သမား ဘာလိုဂန် ကို မိုနာကို က ပေါင် ၃၄ သန်းနဲ့ ကမ်းလှမ်းခဲ့ပြီး အာဆင်နယ်က ချက်ချင်း ငြင်းဆန် ပယ်ချခဲ့ပါတယ်။

ဘာလိုဂန် အတွက် အာဆင်နယ်က တန်ကြေး ပေါင် သန်း ၅ဝ လို့ သတ်မှတ်ထားပါတယ်။ ချယ်ဆီးကလည်း သြဂုတ်လကုန် အမှီ ဘာလိုဂန် အား ခေါ်ယူလိုနေပြီး ကစားသမား ကိုယ်တိုင်လည်း လန်ဒန်ကလပ်အား စိတ်ဝင်စားမှု ရှိနေပါတယ်။

ဖူလ်ဟမ် အသင်းကလည်း အိုဒွိုင်းကို ခေါ်ယူရေး ချယ်ဆီးနဲ့ ညှိနှိုင်းမှု မရတာကြောင့် ဘာလိုဂန်ကို ပစ်မှတ်ထားလာပြီး ပေါင် ၃၅ သန်း ကမ်းလှမ်းမှု တင်သွင်းဖို့ ပြင်ဆင်နေပါတယ်။