ပြင်သစ်လီဂူးဝမ်း အင်အားကြီးကလပ် ပီအက်စ်ဂျီဟာ မန်ချက်စတာ ယူနိုက်တက် အငှား ခေါ်ထားတဲ့ တိုက်စစ်မှူး အစ်ဟာလို ကို ၎င်းတို့ရဲ့ ဝါရင့် တိုက်စစ်မှူး ကာဗာနီ နေရာ အစားထိုးရန် အံ့အားသင့်ဖွယ် ချိန်ရွယ်လာပါတယ်။
နာမည်ကြီး တိုက်စစ်မှူး ဖြစ်တဲ့ ကာဗာနီဟာ ပီအက်စ်ဂျီကနေ ထွက်ခွာဖို့ ရှိနေပြီး ဘင်ဖီကာ ထံ ပြောင်းရွှေ့ကြေး အလွတ်နဲ့ သွားရောက် ပူးပေါင်းတော့မယ် သတင်းကြီးနေပါတယ်။ ကာဗာနီ ထွက်ခွာသွားရင် ပီအက်စ်ဂျီ အတွက် အထောင် တိုက်စစ်မှူး လိုအပ်လာမှာ ဖြစ်ပြီး အစားဝင်နိုင်မယ့် တိုက်စစ်မှူးကောင်း ရှာဖွေနေပါတယ်။
အစ်ဟာလိုဟာ တရုတ်စူပါလိဂ် ကလပ်ထံကနေ မန်ချက်စတာယူနိုက်တက်ထံ ပြီးခဲ့တဲ့ ဇန်နဝါရီက စလို့ အငှား လာကစားနေတာ ဖြစ်ပြီး နောက်နှစ် ဇန်နဝါရီထိ အငှား စာချုပ် ချုပ်ဆိုထားပါတယ်။ ထိုစာချုပ် ကုန်ဆုံးချိန်မှာ ယူနိုက်က် နည်းပြ ဆိုးရှားက အစ်ဟာလိုကို အပြီး ဝယ်ယူလိုဟန် ပြသထားပေမယ့် သဘောတူညီမှု တစုံတရာ ရှိမထားပါဘူး။ ပြိုင်ဘက် မရှိလို သွေးအေးနေတဲ့ ယူနိုက်တက် အနေနဲ့ အစ်ဟာလိုကို ပီအက်စ်ဂျီက စိတ်ဝင်စားဟန် ပြသလာတာကြောင့် လက်ဦးမှု ယူထားဖို့ လိုအပ်လာနိုင်ပါတယ်။
နိုင်ဂျီးရီးယားသား တိုက်စစ်မှူး အစ်ဟာလိုဟာ တရုတ်ကလပ် ရှန်ဟိုင်းရှင်ဟွာ အသင်းထံ မပြောင်းခင်ကလည်း ပရီးမီးယားလိဂ်မှာ ဝက်ဖို့ဒ်နဲ့ အတူ ကစားပြီး ခြေစွမ်းပြခဲ့သူပါ။ ဒါကြောင့် အတွေ့အကြုံကောင်းတွေ ပိုင်ဆိုင်ထားတဲ့ တိုက်စစ်မှူး ဖြစ်ပြီး ယူနိုက်တက်မှာလည်း အထိုက်အလျောက် အကျိုးပြုနေသူ ဖြစ်ပါတယ်။
အစ်ဟာလိုဟာ ယူနိုက်တက် အတွက် လောလောဆယ်ထိ ၅ ဂိုးသွင်း ဂိုးထောက်ပံ့မှု တစ်ကြိမ် ပြုလုပ်ထားပါတယ်။ ငွေအင်အားတောင့်တင်းတဲ့ ပီအက်စ်ဂျီ အသင်းဟာ ဒိတ်ဒိတ်ကြဲ ကြယ်ပွင့် ကစားသမားတွေ ဖြစ်တဲ့ နေမာ၊ အမ်ဘတ်ပီနဲ့ အိုင်ကာဒီတို့ကိုလည်း ပိုင်ဆိုင်ထားပြီး ဖြစ်တာကြောင့် အရှိန်အဝါကြီး ကြယ်ပွင့်တွေ ထပ်ခေါ်ဖို့ထက် အစ်ဟာလို လို အတွေ့အကြုံကောင်းပြီး အမှန်တကယ် အသုံးတည့်မယ့် ကစားသမားမျိုးကို လိုလားလာတာ ဖြစ်တယ်လို့ ပြင်သစ် သတင်းတွေမှာ ဖော်ပြလာပါတယ်။
Zawgyi – ျပင္သစ္လီဂူး၀မ္း အင္အားၾကီးကလပ္ ပီအက္စ္ဂ်ီဟာ မန္ခ်က္စတာ ယူနုိက္တက္ အငွား ေခၚထားတဲ့ တိုက္စစ္မွဴး အစ္ဟာလို ကို ၄င္းတို႔ရဲ႕ ၀ါရင့္ တိုက္စစ္မွဴး ကာဗာနီ ေနရာ အစားထိုးရန္ အံ့အားသင့္ဖြယ္ ခ်ိန္ရြယ္လာပါတယ္။
နာမည္ၾကီး တိုက္စစ္မွဴး ျဖစ္တဲ့ ကာဗာနီဟာ ပီအက္စ္ဂ်ီကေန ထြက္ခြာဖို႔ ရွိေနျပီး ဘင္ဖီကာ ထံ ေျပာင္းေရႊ႕ေၾကး အလြတ္နဲ႕ သြားေရာက္ ပူးေပါင္းေတာ့မယ္ သတင္းၾကီးေနပါတယ္။ ကာဗာနီ ထြက္ခြာသြားရင္ ပီအက္စ္ဂ်ီ အတြက္ အေထာင္ တိုက္စစ္မွဴး လိုအပ္လာမွာ ျဖစ္ျပီး အစား၀င္နုိင္မယ့္ တိုက္စစ္မွူးေကာင္း ရွာေဖြေနပါတယ္။
အစ္ဟာလိုဟာ တရုတ္စူပါလိဂ္ ကလပ္ထံကေန မန္ခ်က္စတာယူနိုက္တက္ထံ ျပီးခဲ့တဲ့ ဇန္န၀ါရီက စလို႔ အငွား လာကစားေနတာ ျဖစ္ျပီး ေနာက္နွစ္ ဇန္န၀ါရီထိ အငွား စာခ်ဳပ္ ခ်ဳပ္ဆိုထားပါတယ္။ ထိုစာခ်ဳပ္ ကုန္ဆံုးခ်ိန္မွာ ယူနိုက္က္ နည္းျပ ဆိုးရွားက အစ္ဟာလိုကို အျပီး ၀ယ္ယူလိုဟန္ ျပသထားေပမယ့္ သေဘာတူညီမႈ တစံုတရာ ရွိမထားပါဘူး။ ျပိဳင္ဘက္ မရွိလို ေသြးေအးေနတဲ့ ယူနိုက္တက္ အေနနဲ႕ အစ္ဟာလိုကို ပီအက္စ္ဂ်ီက စိတ္၀င္စားဟန္ ျပသလာတာေၾကာင့္ လက္ဦးမႈ ယူထားဖို႔ လိုအပ္လာနုိင္ပါတယ္။
နိုင္ဂ်ီးရီးယားသား တိုက္စစ္မွဴး အစ္ဟာလိုဟာ တရုတ္ကလပ္ ရွန္ဟိုင္းရွင္ဟြာ အသင္းထံ မေျပာင္းခင္ကလည္း ပရီးမီးယားလိဂ္မွာ ၀က္ဖို႔ဒ္နဲ႕ အတူ ကစားျပီး ေျခစြမ္းျပခဲ့သူပါ။ ဒါေၾကာင့္ အေတြ႔အၾကံဳေကာင္းေတြ ပိုင္ဆိုင္ထားတဲ့ တိုက္စစ္မွူး ျဖစ္ျပီး ယူနုိက္တက္မွာလည္း အထိုက္အေလ်ာက္ အက်ိဳးျပဳေနသူ ျဖစ္ပါတယ္။
အစ္ဟာလိုဟာ ယူနုိက္တက္ အတြက္ ေလာေလာဆယ္ထိ ၅ ဂိုးသြင္း ဂိုးေထာက္ပံ့မႈ တစ္ၾကိမ္ ျပဳလုပ္ထားပါတယ္။ ေငြအင္အားေတာင့္တင္းတဲ့ ပီအက္စ္ဂ်ီ အသင္းဟာ ဒိတ္ဒိတ္ၾကဲ ၾကယ္ပြင့္ ကစားသမားေတြ ျဖစ္တဲ့ ေနမာ၊ အမ္ဘတ္ပီနဲ႕ အိုင္ကာဒီတို႔ကိုလည္း ပိုင္ဆိုင္ထားျပီး ျဖစ္တာေၾကာင့္ အရွိန္အ၀ါၾကီး ၾကယ္ပြင့္ေတြ ထပ္ေခၚဖို႔ထက္ အစ္ဟာလို လို အေတြ႔အၾကံဳေကာင္းျပီး အမွန္တကယ္ အသံုးတည့္မယ့္ ကစားသမားမ်ိဳးကို လိုလားလာတာ ျဖစ္တယ္လို႔ ျပင္သစ္ သတင္းေတြမွာ ေဖာ္ျပလာပါတယ္။