ၾကာသပေတးေန႔ ညပိုင္း ေနာက္ဆံုးရ ပရီမီးယားလိဂ္ ေဘာလံုးသတင္းမ်ား

လီဗာပူးအသင္းေခါင္းေဆာင္ ဟန္ဒါဆန္ဟာ မဲဝုဒ္မွာ ေလ့က်င့္ေရး ျပန္ဆင္းေနျပီျဖစ္ျပီး အက္သလက္တီကိုနဲ႔ ခ်န္ပီယံလိဂ္ပြဲ ဒုတိယအေက်ာ့မွာ ပါ၀င္ကစားနိုင္ဖြယ္ ရွိပါတယ္။

ဘရာဇီးသား တိုက္စစ္သမား ၀ီလီယံက ခ်ယ္ဆီးအသင္း ေနာက္ဆံုး ကမ္းလွမ္းထားတဲ့ နွစ္နွစ္သက္တမ္းတိုး စာခ်ဳပ္ကို ျငင္းဆန္လိုက္ေၾကာင္း သိရပါတယ္။

လီဗာပူးအသင္းဟာ လက္ရွိ အသင္းျဖစ္လာဖို႔ အခ်ိန္ယူ တည္ေဆာက္ခဲ့ရတာျဖစ္သလို မန္စီးတီးမွာလည္း မန္ေနဂ်ာ ဂြာဒီယိုလာကလည္း ေခၚယူမႈေတြ အမ်ားၾကီး လုပ္ခဲ့ရျခင္းျဖစ္တာေၾကာင့္ ယူႏုိက္တက္က ထိပ္ဆံုး ႏွစ္သင္းကို ယွဥ္ျပိဳင္ဖို႔ စိတ္ရွည္ဖို႔ လိုမယ္လို႕ ရြန္းနီက သတိေပးလိုက္ပါတယ္။

ပို႔စ္ေမာက္နဲ႕ပြဲမွာ ထိခိုက္ခဲ့တဲ့ ေတာ္ရဲရားရဲ႕ ဒဏ္ရာက ေျခက်င္း၀တ္ အရိုးအက္သြားတာ ျဖစ္ေၾကာင္း အာဆင္နယ္အသင္းဘက္က အတည္ျပဳ သတင္း ထုတ္ျပန္ခဲ့ပါတယ္။

ေဒါ့မြန္က ဘာမင္ဂမ္စီးတီး လူငယ္ၾကယ္ပြင့္ ဘယ္လင္ဟန္ကို ယူရို ၃၅ သန္းနဲ႕ ေခၚယူဖို႔ သေဘာတူညီမႈ ရခဲ့ျပီ သတင္းမ်ား ထြက္ေပၚ ေနေပမယ့္ ယူနုိ္ကတက္ ဘက္ကေတာ့ လက္မေလွ်ာ့ဘဲ ေဒါ့မြန္နဲ႕ အျပဳိင္ ဆက္လက္ ၾကိဳးပမ္းသြားဦးမယ္လိုိ႔ သိရပါတယ္။

ခ်ယ္ဆီးနဲ႕ လီဗာပူးအသင္းတို႔ ပစ္မွတ္ထားေနတယ္ သတင္းထြက္ေနေပမယ့္ လိုက္ပ္ဇစ္အသင္းဘက္ကေတာ့ တီမို၀ါနာအတြက္ ကမ္းလွမ္းမႈမ်ား မရွိေသးေၾကာင္း ေျပာၾကားထားပါတယ္။

ပခံုး ဒဏ္ရာ ရွိေနတဲ့ အာဆင္နယ္ အစြန္ခံစစ္မွဴး တီရာေနးက ပံုမွန္ ေလ့က်င့္ျပင္ဆင္ေနျပီ ျဖစ္ျပီး ေနာက္တစ္ပတ္ထဲမွာ အသင္းနဲ႕ အတူ ေလ့က်င္ဖို႔ ပူးေပါင္းနုိင္ေတာ့မွာ ျဖစ္ပါတယ္။။ ဆီဒရစ္ ေဆာရက္စ္ကေတာ့ ထင္ထားတာထက္ ပို အခ်ိန္ယူေနရတယ္လို႔ သိရပါတယ္။

Unicode – လီဗာပူးအသင်းခေါင်းဆောင် ဟန်ဒါဆန်ဟာ မဲဝုဒ်မှာ လေ့ကျင့်ရေး ပြန်ဆင်းနေပြီဖြစ်ပြီး အက်သလက်တီကိုနဲ့ ချန်ပီယံလိဂ်ပွဲ ဒုတိယအကျော့မှာ ပါဝင်ကစားနိုင်ဖွယ် ရှိပါတယ်။

ဘရာဇီးသား တိုက်စစ်သမား ဝီလီယံက ချယ်ဆီးအသင်း နောက်ဆုံး ကမ်းလှမ်းထားတဲ့ နှစ်နှစ်သက်တမ်းတိုး စာချုပ်ကို ငြင်းဆန်လိုက်ကြောင်း သိရပါတယ်။

လီဗာပူးအသင်းဟာ လက်ရှိ အသင်းဖြစ်လာဖို့ အချိန်ယူ တည်ဆောက်ခဲ့ရတာဖြစ်သလို မန်စီးတီးမှာလည်း မန်နေဂျာ ဂွာဒီယိုလာကလည်း ခေါ်ယူမှုတွေ အများကြီး လုပ်ခဲ့ရခြင်းဖြစ်တာကြောင့် ယူနိုက်တက်က ထိပ်ဆုံး နှစ်သင်းကို ယှဉ်ပြိုင်ဖို့ စိတ်ရှည်ဖို့ လိုမယ်လို့ ရွန်းနီက သတိပေးလိုက်ပါတယ်။

ပို့စ်မောက်နဲ့ပွဲမှာ ထိခိုက်ခဲ့တဲ့ တော်ရဲရားရဲ့ ဒဏ်ရာက ခြေကျင်းဝတ် အရိုးအက်သွားတာ ဖြစ်ကြောင်း အာဆင်နယ်အသင်းဘက်က အတည်ပြု သတင်း ထုတ်ပြန်ခဲ့ပါတယ်။

ဒေါ့မွန်က ဘာမင်ဂမ်စီးတီး လူငယ်ကြယ်ပွင့် ဘယ်လင်ဟန်ကို ယူရို ၃၅ သန်းနဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရခဲ့ပြီ သတင်းများ ထွက်ပေါ် နေပေမယ့် ယူနိုကတက် ဘက်ကတော့ လက်မလျှော့ဘဲ ဒေါ့မွန်နဲ့ အပြိုင် ဆက်လက် ကြိုးပမ်းသွားဦးမယ်လို့ သိရပါတယ်။

ချယ်ဆီးနဲ့ လီဗာပူးအသင်းတို့ ပစ်မှတ်ထားနေတယ် သတင်းထွက်နေပေမယ့် လိုက်ပ်ဇစ်အသင်းဘက်ကတော့ တီမိုဝါနာအတွက် ကမ်းလှမ်းမှုများ မရှိသေးကြောင်း ပြောကြားထားပါတယ်။

ပခုံး ဒဏ်ရာ ရှိနေတဲ့ အာဆင်နယ် အစွန်ခံစစ်မှူး တီရာနေးက ပုံမှန် လေ့ကျင့်ပြင်ဆင်နေပြီ ဖြစ်ပြီး နောက်တစ်ပတ်ထဲမှာ အသင်းနဲ့ အတူ လေ့ကျင်ဖို့ ပူးပေါင်းနိုင်တော့မှာ ဖြစ်ပါတယ်။။ ဆီဒရစ် ဆောရက်စ်ကတော့ ထင်ထားတာထက် ပို အချိန်ယူနေရတယ်လို့ သိရပါတယ်။