ယနေ့ နောက်ဆုံးရ ယူနိုက်တက် အပြောင်းအရွှေ့ သတင်းတိုများ (14/08/20)

မန်ချက်စတာ ယူနိုက်တက်ဟာ နောက်ရာသီ ကစားမယ့် ပထမအသင်း လူစာရင်းမှာ လူငယ် ဂိုးသမား ဒင်းဟန်ဒါဆန် ကို ထည့်သွင်း ကြေငြာသွားခဲ့ပါတယ်။ ရှက်ဖီးမှာ အငှားထွက် ကစားရင်း လက်စွမ်းပြနေတဲ့ ဟန်ဒါဆန်ကို အငှားထပ်မလွှတ်ဘဲ အသင်းမှာ နေရာပေးဖို့ နည်းပြ ဆိုးရှား ကြံရွယ်ထားတယ် ယူဆရပါတယ်။

ယူနိုက်တက် အငှား ခေါ်ထားတဲ့ တိုက်စစ်မှူး အစ်ဟာလို ကို ပြင်သစ်ကလပ် ပီအက်စ်ဂျီ က ၎င်းတို့ရဲ့ ဝါရင့်တိုက်စစ်မှူး ကာဗာနီ ထွက်ခွာရင် အစားထိုး ခေါ်ယူဖို့ မျက်စိကျနေပါတယ်။ အစ်ဟာလို ရဲ့ ယူနိုက်တက်နဲ့ အငှား စာချုပ်က ဇန်နဝါရီထိ ရှိနေသေးပြီး ဆိုးရှားက အပြီးဝယ်ယူရန် အစီအစဉ် ရှိသော်လည်း အကြို သဘောတူညီမှုယူထားခြင်းတော့ မရှိသေးပါဘူး။

ယူနိုက်တက် ကြားဝင် ကြိုးစားလိုနေတဲ့ ကိုင်းဟာဗက်ဇ်ဟာ ချယ်ဆီးနဲ့ သတင်းကြီးနေပေမယ့် လီဗာကူဆင် အသင်းဘက်ကတော့ သဘောတူညီမှု တစုံတရာ မရှိသေးကြောင်း ထုတ်ဖော် အသိပေးထားပါတယ်။

ဒီရာသီ ပရီးမီးယားလိဂ် အကောင်းဆုံး လူငယ်ကစားသမား ဆု အတွက် ဆန်ကာတင် စာရင်းမှာ ယူနိုက်တက်မှ ရက်ဖို့ဒ်၊ မာရှယ်၊ ဂရင်းဝုဒ်နဲ့ ဟန်ဒါဆန် တို့ ပါဝင်နေခဲ့ပေမယ့် လီဗာပူး လူငယ် ထရန့် အလက်ဇန်းဒါး အာနိုးက ဆုရရှိသွားကြောင်း ပရီးမီးယားလိဂ်က သတင်းထုတ်ပြန်ခဲ့ပါတယ်။

ယူနိုက်တက် ဒီရာသီ ပင်နယ်တီတွေ စံချိန်တင် ရရှိနေခြင်းကို ဝေဖန်နေကြခြင်းက မျှတမှု မရှိကြောင်းနဲ့ ပင်နယ်တီတွေ ပိုမို ရရှိလာတဲ့ သဘောက တိုက်စစ်မှာ ပိုပြီး အားထုတ်လာနိုင်တာကြောင့် လို့ ဆိုနိုင်ကြောင်း တိုက်စစ်မှူးဟောင်း ဗန်ပါစီက ပြောဆိုသွားပါတယ်။

ယူနိုက်တက်ဟာ ဒီနွေမှာ ဦးစားပေး ပစ်မှတ် ဆန်ချို ကို အရ မခေါ်ယူနိုင်ရင် နောက်နှစ် နွေမှာ ရီးရဲလ်မက်ဒရစ်နဲ့ ဘာစီလိုနာ တို့ကပါ ခေါ်ယူဖို့ အပြိုင် ဝင်ရောက်ကြိုးပမ်း လာဖို့ ရှိကြောင်း သတင်းတွေက ဆိုပါတယ်။ စပိန်အင်အားကြီးကလပ် နှစ်သင်းဟာ ကိုဗစ်ကာလ ဘဏ္ဍာရေး ထိခိုက်မှုများကြောင့် ဒေါ့မွန်တောင်ပံသမားကို ဒီနွေမှာ ခေါ်ဖို့ လက်ရှောင်ထားသေးတာ ဖြစ်ပါတယ်။

ဆန်ချိုကို ခေါ်ယူဖို့ အရေး အဆင်မပြေတဲ့ မန်ချက်စတာ ယူနိုက်တက်ဟာ ဘာစီလိုနာ တိုက်စစ် လူငယ်ကြယ်ပွင့် အန်ဆု ဖာတီကို ထပ်မံ ကြိုးပမ်းဖို့ ကြံရွယ်လာပါတယ်။ ယူနိုက်တက်က ဖာတီကို ယခင်ကလည်း ချဉ်းကပ်ဖူးပြီး ဘာစီလိုနာကတော့ ရောင်းချဖို့ ငြင်းဆန်ထားပါတယ်။

မန်ချက်စတာ ယူနိုက်တက် လူငယ်ကစားသမား တာဟစ်ချောင် ဟာ ဘွန်ဒစ်လီဂါကလပ် ဝါဒါဘရီမင်အသင်းထံ တစ်ရာသီ အငှားထွက်ကစားဖြစ်ဖို့ နီးစပ်နေပြီလို့ သိရပါတယ်။

ကွင်းလယ်တိုက်စစ်သမား ဘရူနို ဖာနန်ဒက်စ်ကတော့ ယူနိုက်တက် နဲ့ အတူ ယူရိုပါလိဂ်ဖလားကို အရယူသွားဖို့ ပစ်မှတ်ထားနေပြီး ထိုဆုဖလားကနေ အစပြုလို့ နောက်ရာသီမှာ ဆုဖလားတွေ စိန်ခေါ်ဖို့ စိတ်ဓာတ်ပိုင်း အပြောင်းအလဲ ဖြစ်နိုင်မယ် မျှော်လင့်ေ်နပါတယ်။

Zawgyi – မန္ခ်က္စတာ ယူနိုက္တက္ဟာ ေနာက္ရာသီ ကစားမယ့္ ပထမအသင္း လူစာရင္းမွာ လူငယ္ ဂိုးသမား ဒင္းဟန္ဒါဆန္ ကို ထည့္သြင္း ေၾကျငာသြားခဲ့ပါတယ္။ ရွက္ဖီးမွာ အငွားထြက္ ကစားရင္း လက္စြမ္းျပေနတဲ့ ဟန္ဒါဆန္ကို အငွားထပ္မလႊတ္ဘဲ အသင္းမွာ ေနရာေပးဖို႔ နည္းျပ ဆိုးရွား ၾကံရြယ္ထားတယ္ ယူဆရပါတယ္။

ယူနုိက္တက္ အငွား ေခၚထားတဲ့ တိုက္စစ္မွဴး အစ္ဟာလို ကို ျပင္သစ္ကလပ္ ပီအက္စ္ဂ်ီ က ၄င္းတို႔ရဲ႕ ၀ါရင့္တိုက္စစ္မွဴး ကာဗာနီ ထြက္ခြာရင္ အစားထိုး ေခၚယူဖို႔ မ်က္စိက်ေနပါတယ္။ အစ္ဟာလို ရဲ႕ ယူနုိက္တက္နဲ႕ အငွား စာခ်ဳပ္က ဇန္န၀ါရီထိ ရိွေနေသးျပီး ဆိုးရွားက အျပီး၀ယ္ယူရန္ အစီအစဥ္ ရွိေသာ္လည္း အၾကိဳ သေဘာတူညီမႈယူထားျခင္းေတာ့ မရွိေသးပါဘူး။

ယူနုိက္တက္ ၾကား၀င္ ၾကိဳးစားလိုေနတဲ့ ကိုင္းဟာဗက္ဇ္ဟာ ခ်ယ္ဆီးနဲ႕ သတင္းၾကီးေနေပမယ့္ လီဗာကူဆင္ အသင္းဘက္ကေတာ့ သေဘာတူညီမႈ တစံုတရာ မရွိေသးေၾကာင္း ထုတ္ေဖာ္ အသိေပးထားပါတယ္။

ဒီရာသီ ပရီးမီးယားလိဂ္ အေကာင္းဆံုး လူငယ္ကစားသမား ဆု အတြက္ ဆန္ကာတင္ စာရင္းမွာ ယူနိုက္တက္မွ ရက္ဖို႔ဒ္၊ မာရွယ္၊ ဂရင္း၀ုဒ္နဲ႕ ဟန္ဒါဆန္ တို႔ ပါ၀င္ေနခဲ့ေပမယ့္ လီဗာပူး လူငယ္ ထရန္႔ အလက္ဇန္းဒါး အာနိုးက ဆုရရွိသြားေၾကာင္း ပရီးမီးယားလိဂ္က သတင္းထုတ္ျပန္ခဲ့ပါတယ္။

ယူနုိက္တက္ ဒီရာသီ ပင္နယ္တီေတြ စံခ်ိန္တင္ ရရွိေနျခင္းကို ေ၀ဖန္ေနၾကျခင္းက မွ်တမႈ မရွိေၾကာင္းနဲ႕ ပင္နယ္တီေတြ ပိုမို ရရွိလာတဲ့ သေဘာက တိုက္စစ္မွာ ပိုျပီး အားထုတ္လာနုိင္တာေၾကာင့္ လို႔ ဆိုနိုင္ေၾကာင္း တိုက္စစ္မွဴးေဟာင္း ဗန္ပါစီက ေျပာဆိုသြားပါတယ္။

ယူနိုက္တက္ဟာ ဒီေႏြမွာ ဦးစားေပး ပစ္မွတ္ ဆန္ခ်ိဳ ကို အရ မေခၚယူနုိင္ရင္ ေနာက္နွစ္ ေႏြမွာ ရီးရဲလ္မက္ဒရစ္နဲ႕ ဘာစီလိုနာ တို႔ကပါ ေခၚယူဖို႔ အျပိဳင္ ၀င္ေရာက္ၾကိဳးပမ္း လာဖို႔ ရွိေၾကာင္း သတင္းေတြက ဆိုပါတယ္။ စပိန္အင္အားၾကီးကလပ္ နွစ္သင္းဟာ ကိုဗစ္ကာလ ဘ႑ာေရး ထိခိုက္မႈမ်ားေၾကာင့္ ေဒါ့မြန္ေတာင္ပံသမားကို ဒီေႏြမွာ ေခၚဖို႔ လက္ေရွာင္ထားေသးတာ ျဖစ္ပါတယ္။

ဆန္ခ်ိဳကို ေခၚယူဖို႔ အေရး အဆင္မေျပတဲ့ မန္ခ်က္စတာ ယူနိုက္တက္ဟာ ဘာစီလိုနာ တိုက္စစ္ လူငယ္ၾကယ္ပြင့္ အန္ဆု ဖာတီကို ထပ္မံ ၾကိဳးပမ္းဖို႔ ၾကံရြယ္လာပါတယ္။ ယူနုိက္တက္က ဖာတီကို ယခင္ကလည္း ခ်ဥ္းကပ္ဖူးျပီး ဘာစီလိုနာကေတာ့ ေရာင္းခ်ဖို႔ ျငင္းဆန္ထားပါတယ္။

မန္ခ်က္စတာ ယူနုိက္တက္ လူငယ္ကစားသမား တာဟစ္ေခ်ာင္ ဟာ ဘြန္ဒစ္လီဂါကလပ္ ၀ါဒါဘရီမင္အသင္းထံ တစ္ရာသီ အငွားထြက္ကစားျဖစ္ဖို႔ နီးစပ္ေနျပီလို႔ သိရပါတယ္။

ကြင္းလယ္တိုက္စစ္သမား ဘရူနို ဖာနန္ဒက္စ္ကေတာ့ ယူနိုက္တက္ နဲ႕ အတူ ယူရိုပါလိဂ္ဖလားကို အရယူသြားဖို႔ ပစ္မွတ္ထားေနျပီး ထိုဆုဖလားကေန အစျပဳလို႔ ေနာက္ရာသီမွာ ဆုဖလားေတြ စိန္ေခၚဖို႔ စိတ္ဓာတ္ပိုင္း အေျပာင္းအလဲ ျဖစ္နုိင္မယ္ ေမွ်ာ္လင့္ေ္နပါတယ္။