ဘာစီလိုနာ နည်းပြ ဇာဗီက ၎င်းတို့ဟာ မန်စီးတီး နောက်ခံလူ ကန်ဆယ်လို ကို ခေါ်ယူဖို့ အများကြီး စိတ်ဝင်စားနေဆဲ ဖြစ်ကြောင်း ဝန်ခံလိုက်ပြီး ဘဏ္ဍာရေး အခက်အခဲကြောင့် အခုထိ မခေါ်ယူနိုင်သေးတာလို့ ပြောဆိုခဲ့ပါတယ်။
မန်စီးတီးနဲ့ နယူးကာဆယ် အသင်းတို့ဟာ အစိုးရပိုင် ငွေကြေး ပါဝင်ပတ်သတ်မှု ရှိနေတယ် ဆိုတဲ့ အချက်ကြောင့် အီးယူရဲ့ ဥရောပ ကော်မရှင် မှ စုံစမ်းစစ်ဆေးမှုကို ရင်ဆိုင်ရဖွယ် ရှိနေပါတယ်။
ဝက်စ်ဟမ်း အသင်းဟာ ယူနိုက်တက် နောက်ခံလူ မက်ဂွဲရား ကို ခေါ်ယူရေး အတွက် ပြန်လည် လှုပ်ရှားလာကြောင်း သတင်း ထွက်လာပါတယ်။
ယူနိုက်တက်မှာ အသင်းပိုင်ရှင်သစ် အပြောင်းအလဲ ဖြစ်ဖွယ် ရှိတာကြောင့် မရေရာမှုတွေ ရှိနေပေမယ့် နည်းပြ တန်ဟက်က အသင်းနဲ့ စာချုပ်သစ် သက်တမ်းတိုး ချုပ်ဆိုဖို့ ပြင်ဆင်နေပါတ်ယ။
ဘယ်နောက်ခံ နေရာမှ လုခ်ရှောနဲ့ မာလာစီယာ တို့ နှစ်ဦးလုံး ဒဏ်ရာ ရှိနေတာကြောင့် ယူနိုက်တက်ဟာ ချယ်ဆီး နောက်ခံလူ ကူကူရယ်လာ အား အငှားနဲ့ ခေါ်ယူဖို့ ချိတ်ဆက် မေးမြန်းနေပါတယ်။
လီဗာပူး အသင်း နည်းပြ ကလော့ပ်ကတော့ အသင်း ကစားသမားသစ် ခေါ်ယူရေး ကိစ္စတွေ အတွက် သူ့မှာ စောဒက တက်ဖို့ မရှိဘဲ ရှိတဲ့လူနဲ့ စီမံခန့်ခွဲဖို့ကသာ သူ့ အလုပ် ဖြစ်တယ်လို့ ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။
ချယ်ဆီး တိုက်စစ်မှုး လူကာကူရဲ့ အနာဂတ်က အခုထိ ရေရာခြင်း မရှိသေးဘဲ့ မော်ရင်ညို ရှိရာ ရိုးမားအသင်းထံ အငှား သွားရောက် ကစားရဖွယ် ရှိတယ်လို့ သတင်းထွက်နေပါတယ်။
လီဗာပူးနဲ့ မန်ချက်စတာ ယူနိုက်တက် တို့ ပစ်မှတ် ကစားသမား အမ်မရာဘတ်ဟာ ဖီအိုရင်တီးနား အသင်း လူစာရင်းမှာ ချန်လှပ်ခံထားရပါတယ်။ ကစားသမားက အသင်းပြောင်းဖို့ စိတ်အားထက်သန်နေပြီး ဈေးကွက်ပိတ်ပြီး စက်တင်ဘာ ၁ ရက်နေ့မှသာ ပြန် ပူးပေါင်းဖွယ် ရှိပါတယ်။