ဟာဗက်ကို ကာသွားတဲ့ အာတီတာ၊ ချယ်ဆီး ချိန်လာတဲ့ ဂန်းနား၊ စပိန်ကလပ်တွေနဲ့ ဟိုးဒင်း၊ ဖန်တွေ တောင်းဆိုမှုနဲ့ အာဆင်နယ် ထူးခြား သတင်းများ

အာဆင်နယ်မှာ နေရာမရဖြစ်နေတဲ့ စမစ်ရိုးကို ခေါ်ယူရေးအတွက် ချယ်ဆီးအသင်းက စိတ်ဝင်စားနေပါတယ်။ လတ်တလောမှာ ချယ်ဆီး တာဝန်ရှိသူတွေက စမစ်ရိုးကို ခေါ်နိုင်မလား အခြေအနေအတွက် မေးမြန်းနေပါတယ်။

နီကိုးလပ်စ် ပေပေကို ခေါ်ယူဖို့ ဆော်ဒီကလပ်တွေအပြင် ဘွန်ဒက်လီဂါကလပ် အချို့ကလည်း စိတ်ဝင်စားဟန် ပြသလာပါတယ်။

ဝေဖန်မှုတွေ ရှိနေပေမယ့် ကိုင်ဟာဗက်က ကွင်းထဲမှာ ကောင်းတာတွေ လုပ်ပြနေပြီး အာဆင်နယ်ပရိသတ်တွေက ဟာဗက်ရဲ့ တန်ဖိုးကို သိလာမှာပါလို့ အာဆင်နယ် နည်းပြ အာတီတာက ပြောဆိုလိုက်ပါတယ်။

အန်ကတ်တီးရား ဒူး ဒဏ်ရာ ရနေတယ်ဆိုတဲ့ သတင်းတွေက မှန်ကန်ခြင်း မရှိဘဲ တိုက်စစ်မှူးဟာ မန်ချက်စတာ ယူနိုက်တက် ပွဲမှာ ပါဝင်နိုင်ဖို့ အဆင်ပြေတယ်လို့ သိရပါတယ်။

ဈေးကွက်မပိတ်ခင် အမ်းမရိတ်ကနေ ထွက်ခွာမယ့် ဟိုးဒင်းကို ခေါ်ယူနိုင်ရေး စပိန်ကလပ် အချို့က အာဆင်နယ်ကို ချဉ်းကပ်လာဖွယ် ရှိနေပါတယ်။

ဘယ်အစွန်လူ တီရာနေးက ဆိုစီဒက်ထံ ပြောင်းရွှေ့ဖို့ အာဆင်နယ်အသင်းဖော် အိုဒီဂတ်ထံက အကြံဉာဏ် ယူခဲ့ကြောင်း ထုတ်ပြောသွားပါတယ်။ ဆိုစီဒက်ဟာ ဒီရာသီ ချန်ပီယံလိဂ်မှာ ပါဝင် ယှဉ်ပြိုင်ခွင့်ရမယ့် အသင်းဖြစ်ပါတယ်။

သောမတ်စ် ပါတေးကို ညာခြမ်းမှာ သုံးနေမယ့်အစား ကွင်းလယ်က ဟာဗက်နေရာကို ပြန်ပို့ဖို့နဲ့ ရိုက်စ်၊ အိုဒီဂတ်တို့ဖြင့် တွဲဘက်ပေးဖို့ အာဆင်နယ် ပရိသတ်တွေက တောင်းဆိုနေကြပါတယ်။