အုပ်စုတွေ မဲခွဲပြီးနောက် ချန်ပီယံလိဂ် ၁၆ သင်း အဆင့် တက်ရောက်နိုင်မယ့် ရေပန်းစား အသင်းတွေ ထွက်ပေါ်လာ

ချန်ပီယံလိဂ် အုပ်စုအဆင့် မဲခွဲမှုတွေ ထွက်ပေါ်လာပြီးနောက် ရှုံးထွက်အဆင့်ကို တက်ရောက်နိုင်မယ့် ရေပန်းစားတဲ့ ကလပ် ၁၆ သင်း ပေါ်ထွက်လာခဲ့ပါတယ်။

ဘွန်ကီတွေ အလေးပေးမှုတွေ အရ အုပ်စု တစ်ခုစီ အလိုက် နောက်တစ်ဆင့် တက်ဖွယ် ရှိတဲ့ အသင်းတွေကတော့ အောက်ပါ အတိုင်း ဖြစ်ပါတယ်။

Group A – Bayern, Man United, Copenhagen, Galatasaray.

အုပ်စု A မှာ နောက်တစ်ဆင့် တက်ဖို့ ရေးပန်းစားတာက ဘိုင်ယန်မြူးနစ်နဲ့ မန်ယူနိုက်တက်တို့ ဖြစ်ပါတယ်။ ဂါလာတာစရေးက တတိယနေရာနဲ့ ယူရိုပါလိဂ် ရောက်မယ်လို့ ထင်ကြေးပေးခံရပြီး ကိုပင်ဟေဂင်ကတော့ အုပ်စုအဆင့်ကနေ ထွက်ခွာမယ် တွက်ဆခံရပါတယ်။

Group B – Sevilla, Arsenal, PSV, RC Lens.

အာဆင်နယ်ကို အုပ်စုဗိုလ်အဖြစ် ရွေးချယ်ကြမှုများပြီး ဆီဗီလာလည်း နောက်တစ်ဆင့်ကို တက်ရောက်နိုင်မှာပါ။ တတိယနေရာကနေ ယူရိုပါလိဂ် ဆင်းကန်ရမယ်လို့ အကဲဖြတ်ခံနေရတာက ပီအက်စ်ဗီဖြစ်ကာ လန်းစ်ကတော့ အုပ်စုအဆင့်နဲ့ ကျေနပ်ရပါလိမ့်မယ်။

Group C – Napoli, Real Madrid, Braga, Union Berlin.

နာပိုလီကို အုပ်စုဗိုလ်၊ ရီးရဲလ်မက်ဒရစ်ကို အုပ်စုဒုတိယအဖြစ် အမှတ်ပေးမှုတွေ များနေပါတယ်။ ယူနီယံ ဘာလင်က ယူရိုပါလိဂ် ဝင်ခွင့်ရကာ ဘရာဂါကတော့ အုပ်စုအဆင့်ဖြင့် ကျေနပ်ရပါမယ်။

Group D – Benfica, Inter, Salzburg, Real Sociedad.

အင်တာမီလန်ဟာ ဒီအုပ်စုကို ကျော်ဖြတ်နိုင်မယ် ရေပန်းစားပြီး ဒုတိယနေရာမှာ ဘင်ဖီကာဖြစ်ပါတယ်။ ဆိုစီဒက်က အုပ်စု တတိယဖြင့် ယူရိုပါလိဂ် ဆင်းကစားရကာ ဆဲလ်ဘတ်တို့ကတော့ စတုတ္ထနေရာကနေ ပြိုင်ပွဲက ထွက်ခွာရဖွယ်ပါ။

Group E – Feyenoord, Atlético, Lazio, Celtic.

အက်သလက်တီကို မက်ဒရစ်ကို အုပ်စုဗိုလ်၊ လာဇီယိုကို အုပ်စု ဒုတိယ၊ ဆဲလ်တစ်ကို တတိယနေရာကနေ ယူရိုပါလိဂ်နဲ့ ဖီယင်နုက နောက်ဆုံး အဆင့်ပဲ ရလိမ့်မယ်လို့ မှန်းဆ ခံရပါတယ်။

Group F – PSG, Dortmund, AC Milan, Newcastle.

အံ့ဩသင့်စရာအဖြစ် အေစီမီလန်ကို အုပ်စုဗိုလ်နေရာ ထားမှု များပြားပါတယ်။ ဒုတိယနေရာမှာ ပီအက်စ်ဂျီဖြစ်ကာ နယူးကာဆယ်က အုပ်စု တတိယဖြင့် ယူရိုပါလိဂ်ထံ ဆင်းကစားရပြီး ဒေါ့မွန်ကတော့ အုပ်စုအဆင့်နဲ့ ကျေနပ်ရမှာပါ။

Group G – Man City, Leipzig, Crvena zvezda, Young Boys.

မန်စီးတီး၊ လိုက်ဇစ်တို့ နောက်တစ်ဆင့် တက်ဖို့ ရေးပန်းစားပါတယ်။ ဆားဘီးယားကလပ် ရတ်စတားက တတိယနေရာနဲ့ ယူရိုပါလိဂ် ရောက်မယ်လို့ ရေပန်းစားပြီး ယန်းဘွိုင်းကတော့ အုပ်စုအဆင့်ကနေ ထွက်ခွာမယ် တွက်ဆခံရပါတယ်။

Group H – Barcelona, Porto, Donetsk, Antwerp.

ပေါ်တိုကို အုပ်စုဗိုလ်အဖြစ် ရွေးချယ်ကြမှုများပြီး ဘာစီလိုနာလည်း နောက်တစ်ဆင့်ကို တက်ရောက်နိုင်မှာပါ။ တတိယနေရာကနေ ယူရိုပါလိဂ် ဆင်းကန်ရမယ်လို့ အကဲဖြတ်ခံနေရတာက ရှက်တာဖြစ်ကာ Antwerp ကတော့ အုပ်စုအဆင့်နဲ့ ကျေနပ်ရပါလိမ့်မယ်။