မန်စီးတီးနဲ့ ဖူလ်ဟမ်ပွဲမှာ ပထမပိုင်း မပြီးခင် အကီရဲ့ ခေါင်းတိုက် သွင်းဂိုးဟာ လူကျွံသလား? မကျွံဘူးလား? အပေါ် Sky Sports ရဲ့ Soccer Saturday က တစ်ဆင့် ဒိုင်လူကြီးဟောင်း မိုက်ဒင်းတို့က ဆွေးနွေးခဲ့ပါတယ်။
အကီရဲ့ ၁၂ ကိုက်အကွာက ခေါင်းတိုက်ချက်ဟာ ဂိုးပေါက်ထဲကို ဝင်သွားပေမယ့်လို့ ဖူလ်ဟမ် ဂိုးသမား လီနိုရဲ့ မြင်ကွင်းလမ်းကြောင်းမှာ အခန်ဂျီ လှုပ်ရှားမှုနဲ့ နှောက်ယှက်ခြင်းဟာ လူကျွံစည်းမျဉ်းအရ ဂိုးပယ်ဖျက်ရမှာပါ။ ဒါပေမယ့် သွင်းဂိုးအဖြစ် ပေးခဲ့တာကြောင့် အတော်လေး လူပြောများနေခဲ့ပါတယ်။
ဒိုင်လူကြီးဟောင်း မိုက်ဒင်းက ” ကျနော် အမြင်မှာ အဲ့ဂိုးက ခွင့်မပြုသင့်ပါဘူး။ အခန်ဂျီက ဘောလုံးကို ခုန်ရှောင်ခဲ့ပြီး သွင်းဂိုးအတွက် ပါဝင်စွက်ဖက်မှု လုပ်ခဲ့ပါတယ်။ မန်စီးတီး ကစားသမားက အဲ့နေရာမှာ ရှိနေတာမို့ လီနိုက ဆုံးဖြတ်ချက်လုပ်ဖို့ ချီတုံချတုံ ဖြစ်နေခဲ့တာပါ။ မပေးသင့်တဲ့ ဂိုးပါပဲ ” လို့ မှတ်ချက်ပေးခဲ့တယ်။
ဖူလ်ဟမ်ဂိုးသမား လီနိုဟာ ဘောလုံးလမ်းကြောင်းမှာ အခန်ဂျီ ရှိနေတာကြောင့် ကာကွယ်မှုလုပ်ဖို့ ခြေလှမ်းအနည်းငယ် အချိန်ယူခဲ့ရပါတယ်။ ဒီဂိုးဟာ လူကျွံဘောပဲ ဖြစ်သင့်ကြောင်း ဂိုးသမားဟောင်း ဂစ်ဗင်က ဝန်ခံပါတယ်။
စီးတီးဂိုးသမားဟောင်း ရှေးဂစ်ဗင်ကလည်း ” ဒီဂိုးကို လူကျွံဘောအဖြစ် မသတ်မှတ်တာကို ကျနော် အံ့ဩမိပါတယ်။ အခန်ဂျီက ဂိုးသမားရဲ့ မြင်ကွင်းလိုင်းပေါ်မှာ သိသိသာသာ ရှိနေတာပါ။ သူက ဘောလုံးလမ်းကြောင်းကို ခုန်ရှောင်ခဲ့တယ်။
ဒီတော့ အခန်ဂျီက ဂိုးသမားရဲ့ လိုင်းကို ပါဝင်စွက်ဖွက်မှု လုပ်တာ မဟုတ်ပါဘူး ငြင်းလို့ မရတော့ပါဘူး။ အခန်ဂျီ ဘောလုံးထိမှာကို လီနိုက စောင့်နေခဲ့ရတာလေ ” လို့ ထောက်ပြခဲ့တာ ဖြစ်ပါတယ်။
ပထမပိုင်းမှာ အငြင်းပွားစရာရှိခဲ့ပေမယ့် ဒုတိယပိုင်းမှာ မန်စီးတီးက ပွဲကို ပိုမို ထိန်းချုပ်နိုင်ခဲ့ပြီး ဟာလန်းရဲ့ ဟက်ထရစ် သွင်းဂိုးတွေနဲ့အတူ ၅-၁ ဖြင့် ဂိုးပြတ် အနိုင်ရခဲ့တာ ဖြစ်ပါတယ်။