ယနေ့ နောက်ဆုံးရ ယူနိုက်တက် အပြောင်းအရွှေ့ သတင်းတိုများ (15/08/20)

အက်သလက်တီကို မက်ဒရစ် ကွင်းလယ်ကြယ်ပွင့် ဆောနီဂွက်ဇ်ကို ယူနိုက်တက်က တစ်ပတ် လုပ်ခ ပေါင် တစ်သိန်းခွဲ စာချုပ်နဲ့ ကမ်းလှမ်းဖို့ ပြင်ဆင်နေကြောင်း သိရပါတယ်။ ထိုလစာ ပမာဏဟာ ဥရောပအတိုင်းအတာမှာတော့ များပြားတာကြောင့် ကစားသမား ကလည်း စိတ်ဝင်စားနိုင်တယ်လို့ သုံးသပ်နေကြပါတယ်။

ယူနိုက်တက်နဲ့ ယူရိုပါလိဂ်ဆီမီးဖိုင်နယ်မှာ တွေ့ဆုံနေတဲ့ ဆီဗီလာ အသင်းမှ ကွင်းလယ်ကစားသမား ဂျော်ဒန်က ယူနိုက်တက်ရဲ့ နာမည်ကြီး ကွင်းလယ်သမား ပေါ့ဘာဟာ သူ့အသင်းက ကစားသမားတချို့တွေထက် ပိုပြီး ထူးခြားကောင်းမွန်နေတယ်လို့ မယူဆကြောင်း ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။

ဆားဘီးယား ရိုနယ်ဒို လို့ နာမည်ကြီး နေတဲ့ ပါလ်တီဇန် လူငယ်ကြယ်ပွင့် စတီဗာနိုဗစ်ကို ဒီနွေရဲ့ ပထမဆုံး ကစားသမား ခေါ်ယူမှုအဖြစ် ယူနိုက်တက် ခေါ်ယူနိုင်ခဲ့ကြောင်း သတင်းထွက်ပေါ်နေပါတယ်။

ချန်ပီယံလိဂ် ကွာတားပွဲမှာ အထူး ခြေစွမ်းပြသွားတဲ့ လိုက်ပ်ဇစ် ခံစစ်မှူး အူပါမီကာနိုကို အသင်းကြီး တော်တော်များများ မျက်စိကျနေကြပြီ ဖြစ်ပြီး ဖာဒီနန်က ယူနိုက်တက်လည်း ခေါ်ယူသင့်ကြောင်း တိုက်တွန်းခဲ့ပါတယ်။

ဂျူဗင်တပ် နည်းပြသစ် ဖြစ်လာတဲ့ ပီယာလိုက ယူနိုက်တက် ကွင်းလယ် ကစားသမား ပေါ့ဘာကို တူရင်သို့ ပြန်ခေါ်ဖို့ အလိုရှိနေပြီး ဒိုင်ဘားလားကို အလိုက်ပေး ကမ်းလှမ်းသွားရန် ပြင်ဆင်နေပါတယ်။

ပွဲကစားခွင့် ပုံမှန် မရတာကြောင့် ယူနိုက်တက်ကနေ ထွက်ခွာလိုကြောင်း ကွင်းလယ်ကစားသမား ပါရဲရားက အသိပေးလိုက်ပြီး ၎င်းကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ ကလပ်အသင်း အချို့လည်း ရှိနေပြီ ဖြစ်ကြောင်း သိရပါတယ်။

ယူနိုက်တက်ဟာ ချယ်ဆီး၊ လီဗာကူဆင်တို့နဲ့ အပြိုင် အသက် ၁၉ နှစ်အရွယ် ယူရို သန်း ၃၀ တန် မိုနာကို လူငယ်ကြယ်ပွင့် ကစားသမားလေး Benoit Badiashile ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။

Zawgyi – အက္သလက္တီကို မက္ဒရစ္ ကြင္းလယ္ၾကယ္ပြင့္ ေဆာနီဂြက္ဇ္ကို ယူနိုက္တက္က တစ္ပတ္ လုပ္ခ ေပါင္ တစ္သိန္းခြဲ စာခ်ဳပ္နဲ႕ ကမ္းလွမ္းဖို႔ ျပင္ဆင္ေနေၾကာင္း သိရပါတယ္။ ထိုလစာ ပမာဏဟာ ဥေရာပအတိုင္းအတာမွာေတာ့ မ်ားျပားတာေၾကာင့္ ကစားသမား ကလည္း စိတ္၀င္စားနိုင္တယ္လို႔ သံုးသပ္ေနၾကပါတယ္။

ယူနိုက္တက္နဲ႕ ယူရိုပါလိဂ္ဆီမီးဖိုင္နယ္မွာ ေတြ႔ဆံုေနတဲ့ ဆီဗီလာ အသင္းမွ ကြင္းလယ္ကစားသမား ေဂ်ာ္ဒန္က ယူနုိက္တက္ရဲ႕ နာမည္ၾကီး ကြင္းလယ္သမား ေပါ့ဘာဟာ သူ႔အသင္းက ကစားသမားတခ်ိဳ႕ေတြထက္ ပိုျပီး ထူးျခားေကာငး္မြန္ေနတယ္လို႔ မယူဆေၾကာင္း ထုတ္ေဖာ္ ေျပာဆိုလိုက္ပါတယ္။

ဆားဘီးယား ရိုနယ္ဒို လို႔ နာမည္ၾကီး ေနတဲ့ ပါလ္တီဇန္ လူငယ္ၾကယ္ပြင့္ စတီဗာႏိုဗစ္ကို ဒီေႏြရဲ႕ ပထမဆံုး ကစားသမား ေခၚယူမႈအျဖစ္ ယူနိုက္တက္ ေခၚယူႏိုင္ခဲ့ေၾကာငး္ သတင္းထြက္ေပၚေနပါတယ္။

ခ်န္ပီယံလိဂ္ ကြာတားပြဲမွာ အထူး ေျခစြမ္းျပသြားတဲ့ လိုက္ပ္ဇစ္ ခံစစ္မွဴး အူပါမီကာနုိကို အသင္းၾကီး ေတာ္ေတာ္မ်ားမ်ား မ်က္စိက်ေနၾကျပီ ျဖစ္ျပီး ဖာဒီနန္က ယူနိုက္တက္လည္း ေခၚယူသင့္ေၾကာင္း တိုက္တြန္းခဲ့ပါတယ္။

ယူနိုက္တက္ဟာ ခ်ယ္ဆီး၊ လီဗာကူဆင္တို႔နဲ႕ အျပိဳင္ အသက္ ၁၉ နွစ္အရြယ္ ယူရို သန္း ၃၀ တန္ မိုနာကို လူငယ္ၾကယ္ပြင့္ ကစားသမားေလး Benoit Badiashile ကို ေခၚယူဖို႔ စိတ္၀င္စားေနပါတယ္။

ဂ်ဴဗင္တပ္ နည္းျပသစ္ ျဖစ္လာတဲ့ ပီယာလိုက ယူနိုက္တက္ ကြင္းလယ္ ကစားသမား ေပါ့ဘာကို တူရင္သို႔ ျပန္ေခၚဖို႔ အလိုရွိေနျပီး ဒိုင္ဘားလားကို အလိုက္ေပး ကမ္းလွမ္းသြားရန္ ျပင္ဆင္ေနပါတယ္။

ပြဲကစားခြင့္ ပံုမွန္ မရတာေၾကာင့္ ယူနိုက္တက္ကေန ထြက္ခြာလိုေၾကာင္း ကြငး္လယ္ကစားသမား ပါရဲရားက အသိေပးလိုက္ျပီး ၄င္းကို ေခၚယူဖို႔ စိတ္၀င္စားေနတဲ့ ကလပ္အသင္း အခ်ိဳ႕လည္း ရွိေနျပီ ျဖစ္ေၾကာင္း သိရပါတယ္။