နာမည်ကြီးတွေကို ရောင်းပြီး အာတီတာ ဝယ်ချင်နေတဲ့ ကွင်းလယ်လေးကို ဆရာဟောင်း ထောက်ခံ

အာဆင်နယ်အသင်း ပစ်မှတ်ကစားသမားတွေထဲ ပါဝင်နေတဲ့ ဖီယွန်နု ကွင်းလယ် ကြယ်ပွင့်သမား အော့ကွန်း ကော့ကျူးဟာ မြောက်လန်ဒန် ကလပ်မှာ ပြောင်းရွှေ့ ကစားရင် တကယ်ပဲ တောက်ပလာနိုင်သူ ဖြစ်တယ်လို့ ၎င်းရဲ့ ဆရာဟောင်း၊ ဖီယွန်နု နည်းပြဟောင်း ဂျပ်စတန်းက ထောက်ခံပြောဆိုလိုက်ပါတယ်။

ဆယ်ကျော်သက် ကွင်းလယ် တိုက်စစ်သမားလေးဟာ ဒီရာသီ နယ်သာလန် အမှတ်ပေးလိဂ်မှာ ဖီယွန်နုအသင်း အတွက် ပြိုင်ပွဲစုံ ၃၁ ပွဲထိ ပါဝင်ကစားထားပြီး ၃ ဂိုးသွင်း၊ ၆ ဂိုး ထောက်ပံ့မှု ပြုလုပ်ထားပါတယ်။

ကော့ကျူးကို စောင့်ကြည့်နေကြတဲ့ ကလပ်အသင်း အများအပြား ရှိေ်နပြီး အဲဒီထဲမှာ အာဆင်နယ်ကလည်း တစ်သင်း အပါအဝင် ဖြစ်ပါတယ်။ ကစားသမားရဲ့ တန်ကြေးကတော့ ပေါင် ၂၃ သန်း ဝန်းကျင် ရှိပါတယ်။

” သူ (ကော့ကျူး) က ပြုပြင် ပြောင်းလဲမှုတွေ လုပ်ဖို့ လိုအပ်မယ်။ ဘာလို့လဲ ဆိုတော့ သူ ကစားခဲ့တဲ့ နယ်သာလန် လိဂ်က အာဆင်နယ် ရှိနေတဲ့ ပရီးမီးယားလိဂ်နဲ့ ကွာခြားပါတယ်။ ပွဲတစ်ပွဲမှာ ပါတဲ့ မြန်နှုန်း၊ အရှိန်၊ ကစားသမားတွေ အရည်အချင်း အပြင် ပြိုင်ဆိုင်မှုကလည်း ပြင်းထန်တဲ့ လိဂ် ဖြစ်တယ်။ ဒီတော့ မြင့်မားတဲ့ စွမ်းဆောင်ရည်မျိုး ပြသနိုင်ဖို့ လိုတယ်။ ” လို့ နည်းပြဟောင်း ဂျပ်စတန်းက သုံးသပ် ပြောဆိုခဲ့ပါတယ်။

အသက် ၁၉ နှစ် အရွယ် နယ်သာလန် ကွင်းလယ် လူငယ်လေးကို အာဆင်နယ်က စိတ်ဝင်စားနေကြောင်း လက်ရှီ ဖီယွန်နု နည်းပြ ဒစ်အက်ဗိုကက် ကိုယ်တိုင်ကလည်း အတည်ပြုထားပါတယ်။

အာဆင်နယ်နည်းပြ အာတီတာက ငယ်ရွယ်ပြီး အလားအလာရှိတဲ့ ကွင်းလယ် လူငယ်လေးကို ခေါ်ယူဖို့ နွေမှာ အိုဇေးလ်၊ ဂွမ်ဒူဇီနဲ့ ဆိုကရေးတစ်တို့ကို ရောင်းချကာ ဝယ်ယူသွားဖွယ် ရှိတယ်လို့ ဒေးလီးမေးလ်က သုံးသပ်ထားပါတယ်။

Zawgyi – အာဆင္နယ္အသင္း ပစ္မွတ္ကစားသမားေတြထဲ ပါ၀င္ေနတဲ့ ဖီယြန္နု ကြင္းလယ္ ၾကယ္ပြင့္သမား ေအာ့ကြန္း ေကာ့က်ဴးဟာ ေျမာက္လန္ဒန္ ကလပ္မွာ ေျပာင္းေရႊ႕ ကစားရင္ တကယ္ပဲ ေတာက္ပလာနိုင္သူ ျဖစ္တယ္လို႔ ၄င္းရဲ႕ ဆရာေဟာင္း၊ ဖီယြန္နု နည္းျပေဟာင္း ဂ်ပ္စတန္းက ေထာက္ခံေျပာဆိုလုိက္ပါတယ္။

ဆယ္ေက်ာ္သက္ ကြင္းလယ္ တိုက္စစ္သမားေလးဟာ ဒီရာသီ နယ္သာလန္ အမွတ္ေပးလိဂ္မွာ ဖီယြန္နုအသင္း အတြက္ ျပိဳင္ပြဲစံု ၃၁ ပြဲထိ ပါ၀င္ကစားထားျပီး ၃ ဂိုးသြင္း၊ ၆ ဂိုး ေထာက္ပံ့မႈ ျပဳလုပ္ထားပါတယ္။

ေကာ့က်ဴးကို ေစာင့္ၾကည့္ေနၾကတဲ့ ကလပ္အသင္း အမ်ားအျပား ရွိေ္နျပီး အဲဒီထဲမွာ အာဆင္နယ္ကလည္း တစ္သင္း အပါအ၀င္ ျဖစ္ပါတယ္။ ကစားသမားရဲ႕ တန္ေၾကးကေတာ့ ေပါင္ ၂၃ သန္း ၀န္းက်င္ ရွိပါတယ္။

” သူ (ေကာ့က်ဴး) က ျပဳျပင္ ေျပာင္းလဲမႈေတြ လုပ္ဖို႔ လိုအပ္မယ္။ ဘာလို႔လဲ ဆိုေတာ့ သူ ကစားခဲ့တဲ့ နယ္သာလန္ လိဂ္က အာဆင္နယ္ ရွိေနတဲ့ ပရီးမီးယားလိဂ္နဲ႕ ကြာျခားပါတယ္။ ပြဲတစ္ပြဲမွာ ပါတဲ့ ျမန္နႈန္း၊ အရွိန္၊ ကစားသမားေတြ အရည္အခ်င္း အျပင္ ျပိဳင္ဆိုင္မႈကလည္း ျပင္းထန္တဲ့ လိဂ္ ျဖစ္တယ္။ ဒီေတာ့ ျမင့္မားတဲ့ စြမ္းေဆာင္ရည္မ်ိဳး ျပသနိုင္ဖို႔ လိုတယ္။ ” လို႔ နည္းျပေဟာင္း ဂ်ပ္စတန္းက သံုးသပ္ ေျပာဆိုခဲ့ပါတယ္။

အသက္ ၁၉ နွစ္ အရြယ္ နယ္သာလန္ ကြင္းလယ္ လူငယ္ေလးကို အာဆင္နယ္က စိတ္၀င္စားေနေၾကာင္း လက္ရွီ ဖီယြန္နု နည္းျပ ဒစ္အက္ဗိုကက္ ကိုယ္တိုင္ကလည္း အတည္ျပဳထားပါတယ္။

အာဆင္နယ္နည္းျပ အာတီတာက ငယ္ရြယ္ျပီး အလားအလာရွိတဲ့ ကြင္းလယ္ လူငယ္ေလးကို ေခၚယူဖို႔ ေႏြမွာ အိုေဇးလ္၊ ဂြမ္ဒူဇီနဲ႕ ဆိုကေရးတစ္တို႔ကို ေရာင္းခ်ကာ ၀ယ္ယူသြားဖြယ္ ရွိတယ္လို႔ ေဒးလီးေမးလ္က သံုးသပ္ထားပါတယ္။