ယူရိုပါလိဂ် ဆီမီးပွဲ မတိုင်ခင် ယူနိုက်တက် အသင်းဖော်တွေအား ဝမ်နင်ပေးလိုက်တဲ့ မက်ဂွဲရား

နည်းပြ ဆိုးရှား ဦးဆောင်စီမံနေတဲ့ မန်ချက်စတာ ယူနိုက်တက်ဟာ တနင်္ဂနွေညမှာ ဆီဗီလာအသင်းနဲ့ ယူရိုပါလိဂ် ဆီမီးဖိုင်နယ်ပွဲ ယှဉ်ပြိုင် ကစားရတော့မှာ ဖြစ်ပါတယ်။ ညက ချန်ပီယံလိဂ်ပွဲမှာတော့ မန်စီးတီးက လိုင်ယွန်ကို ရှုံးပြီး ပြိုင်ပွဲက ထွက်ခဲ့ရပြီ ဖြစ်တာကြောင့် ယူနိုက်တက် တစ်သင်းသာ ဥရောပပြိုင်ပွဲမှာ တင်ကျန်ရစ်ပါတော့တယ်။

ယူနိုက်တက် အသင်းခေါင်းဆောင် ခံစစ်မှူး မက်ဂွဲရားကတော့ ဆီမီးဖိုင်နယ် အဆင့် ရောက်တာလောက်က မန်ချက်စတာ ယူနိုက်တက် လို ကလပ်အသင်း အတွက် လုံလောက် ပြည့်စုံမှု မရှိကြောင်း အသင်းဖော်တွေအား သတိပေးလိုက်ပါတယ်။ ယူနိုက်တက်ဟာ ဒီရာသီ ဆီမီးဖိုင်နယ်ရောက်တာ တတိယအကြိမ် ရှိပြီ ဖြစ်ပြီး ယခင် နှစ်ကြိမ်မှာတော့ ဗိုလ်လုပွဲတက်ပြီး ဆုဖလား ရယူနိုင်ခြင်း မရှိခဲ့ပါဘူး။

ဒီတစ်ကြိမ်မှာတော့ နည်းပြဆိုးရှားနဲ့ အတူ ဗိုလ်လုပွဲ တက်ရောက်ပြီး ဆုဖလား ပါ ရယူနိုင်ဖို့ မက်ရွဲရားက ပစ်မှတ်ထားနေပါတယ်။ ဒီရာသီ ပုံစံကောင်းတွေ ဘယ်လိုပဲ ရတယ် ဆိုဆို ဆုဖလား တစ်ခုခု ရယူပြနိုင်မှသာ အသင်းအတွက် ကောင်းမွန်တဲ့ ပြယုဂ် ဖြစ်မယ်လို့ မက်ဂွဲရားက ဆိုပါတယ်။

” ဆီမီးဖိုင်နယ်ရောက်တာလောက်က ဒီကလပ်အသင်းအတွက် လုံလောက် ကောင်းမွန်မှု မရှိပါဘူး။ တချို့ပြိုင်ပွဲတွေက တချို့ပြိုင်ပွဲတွေထက် ပိုကြီးတာ ဘာညာ ရှိတတ်ပါတယ်။ ဒါပေမယ့် ဆုဖလားတိုင်းက ဒီကလပ်အသင်း အတွက်ဆို တကယ် အရေးကြီးတယ်။ ဗိုလ်လုပွဲတိုင်း၊ ဆီမီးဖိုင်နယ်တိုင်း၊ ကွာတားဖိုင်နယ်တိုင်းကို ဆုဖလား အရယူဖို့ အတွက်ပဲ ကျနော်တို့ ကစားနေကြတာပါ။ ” လို့ မက်ဂွဲရားက ဆိုပါတယ်။

မက်ဂွဲရားဟာ ပြီးခဲ့တဲ့နွေကမှ လက်စတာအသင်းထံကနေ ယူနိုက်တက်ထံ ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပြီး ယူနိုက်တက် အသင်းခေါင်းဆောင် ဖြစ်လာခဲ့သလို ဗဟိုခံစစ်မှူး အဖြစ် ပွဲတိုင်း ပါဝင် ကစားပေးထားပါတယ်။

Zawgyi – နည္းျပ ဆိုးရွား ဦးေဆာင္စီမံေနတဲ့ မန္ခ်က္စတာ ယူနုိက္တက္ဟာ တနဂၤေႏြညမွာ ဆီဗီလာအသင္းနဲ႕ ယူရိုပါလိဂ္ ဆီမီးဖိုင္နယ္ပြဲ ယွဥ္ျပိဳင္ ကစားရေတာ့မွာ ျဖစ္ပါတယ္။ ညက ခ်န္ပီယံလိဂ္ပြဲမွာေတာ့ မန္စီးတီးက လိုင္ယြန္ကို ရွံုးျပီး ျပိဳင္ပြဲက ထြက္ခဲ့ရျပီ ျဖစ္တာေၾကာင့္ ယူနိုက္တက္ တစ္သင္းသာ ဥေရာပျပိဳင္ပြဲမွာ တင္က်န္ရစ္ပါေတာ့တယ္။

ယူနိုက္တက္ အသင္းေခါင္းေဆာင္ ခံစစ္မွဴး မက္ဂြဲရားကေတာ့ ဆီမီးဖိုင္နယ္ အဆင့္ ေရာက္တာေလာက္က မန္ခ်က္စတာ ယူနုိက္တက္ လို ကလပ္အသင္း အတြက္ လံုေလာက္ ျပည့္စံုမႈ မရွိေၾကာင္း အသင္းေဖာ္ေတြအား သတိေပးလိုက္ပါတယ္။ ယူနုိက္တက္ဟာ ဒီရာသီ ဆီမီးဖိုင္နယ္ေရာက္တာ တတိယအၾကိမ္ ရွိျပီ ျဖစ္ျပီး ယခင္ နွစ္ၾကိမ္မွာေတာ့ ဗိုလ္လုပြဲတက္ျပီး ဆုဖလား ရယူနုိင္ျခင္း မရွိခဲ့ပါဘူး။

ဒီတစ္ၾကိမ္မွာေတာ့ နည္းျပဆိုးရွားနဲ႕ အတူ ဗိုလ္လုပြဲ တက္ေရာက္ျပီး ဆုဖလား ပါ ရယူနုိင္ဖို႔ မက္ရြဲရားက ပစ္မွတ္ထားေနပါတယ္။ ဒီရာသီ ပံုစံေကာငး္ေတြ ဘယ္လိုပဲ ရတယ္ ဆိုဆို ဆုဖလား တစ္ခုခု ရယူျပနုိင္မွသာ အသင္းအတြက္ ေကာင္းမြန္တဲ့ ျပယုဂ္ ျဖစ္မယ္လို႔ မက္ဂြဲရားက ဆိုပါတယ္။

” ဆီမီးဖိုင္နယ္ေရာက္တာေလာက္က ဒီကလပ္အသင္းအတြက္ လံုေလာက္ ေကာင္းမြန္မႈ မရွိပါဘူး။ တခ်ိဳ႕ျပိဳင္ပြဲေတြက တခ်ိဳ႕ျပိဳင္ပြဲေတြထက္ ပိုၾကီးတာ ဘာညာ ရွိတတ္ပါတယ္။ ဒါေပမယ့္ ဆုဖလားတိုင္းက ဒီကလပ္အသင္း အတြက္ဆို တကယ္ အေရးၾကီးတယ္။ ဗိုလ္လုပြဲတိုင္း၊ ဆီမီးဖိုင္နယ္တိုင္း၊ ကြာတားဖိုင္နယ္တိုင္းကို ဆုဖလား အရယူဖို႔ အတြက္ပဲ က်ေနာ္တို႔ ကစားေနၾကတာပါ။ ” လို႔ မက္ဂြဲရားက ဆိုပါတယ္။

မက္ဂြဲရားဟာ ျပီးခဲ့တဲ့ေႏြကမွ လက္စတာအသင္းထံကေန ယူနိုက္တက္ထံ ေျပာင္းေရႊ႕လာခဲ့သူ ျဖစ္ျပီး ယူနိုက္တက္ အသင္းေခါင္းေဆာင္ ျဖစ္လာခဲ့သလို ဗဟိုခံစစ္မွဴး အျဖစ္ ပြဲတိုင္း ပါ၀င္ ကစားေပးထားပါတယ္။