ချယ်ဆီးအသင်းဟာ ဒီနွေအတွက် ဇီယက်နဲ့ တီမိုဝါနာ တို့ကို ခေါ်ယူထားနိုင်ခဲ့ပြီး နောက်ထပ် ပစ်မှတ်ထားနေတဲ့ လီဗာကူဆင်မှ ကိုင်ဟာဗက်ဇ် ကိုလည်း ခေါ်ယူနိုင်ဖို့ အလွန် နီးစပ်နေပါတယ်။ ဒါကြောင့် လမ်းပတ်ရဲ့ ချယ်ဆီး တိုက်စစ်က နောက်ရာသီမှာ စိတ်လှုပ်ရှားစရာ အစုအဖွဲ့ ဖြစ်နေကြောင်း ချယ်ဆီး ကစားသမားဟောင်း အက်ရှ်လေကိုးလ်က ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။
လီဗာကူဆင် တိုက်စစ်ကြယ်ပွင့် ကိုင်ဟာဗက်ဇ်ကလည်း ကစားသမား ကိုယ်တိုင် အသင်းပြောင်းရွှေ့ချင်တာကြောင့် ဘွန်ဒစ်လီဂါကလပ်ကို တောင်းဆိုထားပြီး ဖြစ်ရာ အနှေးနဲ့ အမြန် ဆိုသလို ချယ်ဆီးထံ ပြောင်းရွှေ့မှု ပြီးစီးအောင်မြင်မယ် မျှော်လင့်နေရပါတယ်။ ချယ်ဆီးရဲ့ တိုက်စစ်သမား သုံးယောက်ဟာ နောက်ရာသီမှာ သေချာပေါက် ရင်ခုန်စရာ ဖြစ်လာမယ်လို့ ကိုးလ်က မျှော်လင့်ထားပါတယ်။
” ဖရန့်က လုံး၀ လန်းနဲ့ ပွဲဦးထွက် ဘောလုံးရာသီ ပိုင်ဆိုင်ခဲ့တာပါ။ အခုဆို ကစားသမား နှစ်ယောက် ထပ်ခေါ်ထားပြီ။ ဟာဗက်ဇ်လည်း လာတော့မယ် ထင်တယ်။ ကျနေ်ာတို့ အသင်း တိုက်စစ်ကတော့ လုံး၀ အလန်းစား ဖြစ်နေပါပြီ။ ပရိသတ်တွေလည်း ပျော်ရွှှု်ကြပါလိမ့်မယ်။ သူတို့ ဟာဗက်ဇ်ကိုလည်း ခေါ်နိုင်ပြီး တိုက်စစ်ကို ထပ်တောင် အားမြှင့်နိုင်လိမ့်မယ်။
သူတို့မှာ ငယ်ရွယ်တဲ့ လူစာရင်း ပိုင်ဆိုင်ထားတယ်။ ထိပ်တန်းအဆင့် အရည်အချင်းတွေနဲ့ လူငယ် ကစားသမားတွေ ရှိနေတာပါ။ ဒါကို ထိပ်သီးလိဂ်တွေက ကစားသမား ကောင်းတွေ ထပ်ဖြည့်လိုက်တာ ရင်ခုန်စရာပါ။ ” လို့ ကိုးလ်က သုံးသပ် ပြောဆိုခဲ့ပါတယ်။
ချယ်ဆီးအသင်းဟာ တိုက်စစ်မှာ အင်အားဖြည့်ပြီးနောက် ခံစစ်ပိုင်းကိုလည်း ဆက်လက် အင်အားဖြည့်တင်းဖို့တော့ လိုအပ်နေသေးပြီး ပြီးခဲ့တဲ့ ရာသီက ချယ်ဆီး ခံစစ်ကြောင်းဟာ အသင်းကြီးတွေထဲမှာတော့ မှတ်တမ်း အဆိုးဆုံး ဖြစ်နေပါတယ်။
Zawgyi – ခ်ယ္ဆီးအသင္းဟာ ဒီေႏြအတြက္ ဇီယက္နဲ႕ တီမို၀ါနာ တို႔ကို ေခၚယူထားနုိင္ခဲ့ျပီး ေနာက္ထပ္ ပစ္မွတ္ထားေနတဲ့ လီဗာကူဆင္မွ ကိုင္ဟာဗက္ဇ္ ကိုလည္း ေခၚယူနိုိင္ဖို႔ အလြန္ နီးစပ္ေနပါတယ္။ ဒါေၾကာင့္ လမ္းပတ္ရဲ႕ ခ်ယ္ဆီး တိုက္စစ္က ေနာက္ရာသီမွာ စိတ္လႈပ္ရွားစရာ အစုအဖြဲ႕ ျဖစ္ေနေၾကာင္း ခ်ယ္ဆီး ကစားသမားေဟာင္း အက္ရွ္ေလကိုးလ္က ထုတ္ေဖာ္ ေျပာဆိုလိုက္ပါတယ္။
လီဗာကူဆင္ တိုက္စစ္ၾကယ္ပြင့္ ကိုင္ဟာဗက္ဇ္ကလည္း ကစားသမား ကိုယ္တိုင္ အသင္းေျပာင္းေရႊ႕ခ်င္တာေၾကာင့္ ဘြန္ဒစ္လီဂါကလပ္ကို ေတာင္းဆိုထားျပီး ျဖစ္ရာ အေနွးနဲ႕ အျမန္ ဆိုသလို ခ်ယ္ဆီးထံ ေျပာင္းေရႊ႕မႈ ျပီးစီးေအာင္ျမင္မယ္ ေမွ်ာ္လင့္ေနရပါတယ္။ ခ်ယ္ဆီးရဲ႕ တိုက္စစ္သမား သံုးေယာက္ဟာ ေနာက္ရာသီမွာ ေသခ်ာေပါက္ ရင္ခုန္စရာ ျဖစ္လာမယ္လို႔ ကိုးလ္က ေမွ်ာ္လင့္ထားပါတယ္။
” ဖရန္႔က လံုး၀ လန္းနဲ႕ ပြဲဦးထြက္ ေဘာလံုးရာသီ ပိုင္ဆိုင္ခဲ့တာပါ။ အခုဆို ကစားသမား နွစ္ေယာက္ ထပ္ေခၚထားျပီ။ ဟာဗက္ဇ္လည္း လာေတာ့မယ္ ထင္တယ္။ က်ေန္ာတို႔ အသင္း တိုက္စစ္ကေတာ့ လံုး၀ အလန္းစား ျဖစ္ေနပါျပီ။ ပရိသတ္ေတြလည္း ေပ်ာ္ရႊႈ္ၾကပါလိမ့္မယ္။ သူတို႔ ဟာဗက္ဇ္ကိုလည္း ေခၚနိုင္ျပီး တိုက္စစ္ကို ထပ္ေတာင္ အားျမွင့္နုိင္လိမ့္မယ္။
သူတို႔မွာ ငယ္ရြယ္တဲ့ လူစာရင္း ပိုင္ဆိုင္ထားတယ္။ ထိပ္တန္းအဆင့္ အရည္အခ်င္းေတြနဲ႕ လူငယ္ ကစားသမားေတြ ရွိေနတာပါ။ ဒါကို ထိပ္သီးလိဂ္ေတြက ကစားသမား ေကာင္းေတြ ထပ္ျဖည့္လိုက္တာ ရင္ခုန္စရာပါ။ ” လို႔ ကိုးလ္က သံုးသပ္ ေျပာဆိုခဲ့ပါတယ္။
ခ်ယ္ဆီးအသင္းဟာ တိုက္စစ္မွာ အင္အားျဖည့္ျပီးေနာက္ ခံစစ္ပိုင္းကိုလည္း ဆက္လက္ အင္အားျဖည့္တင္းဖို႔ေတာ့ လိုအပ္ေနေသးျပီး ျပီးခဲ့တဲ့ ရာသီက ခ်ယ္ဆီး ခံစစ္ေၾကာင္းဟာ အသင္းၾကီးေတြထဲမွာေတာ့ မွတ္တမ္း အဆိုးဆံုး ျဖစ္ေနပါတယ္။