ပရီးမီးယားလိဂ် ခံစစ်မှူးကို ပေါင် သန်း ၄၀ ပေးပြီး စပါးနဲ့အပြိုင် ကမ်းလှမ်းဖို့ ချယ်ဆီး ပြင်ဆင်

UNICODE – ချယ်ဆီးအသင်းဟာ ဘရိုက်တန်အသင်းမှ ခံစစ်မှူး လူးဝစ် ဒန့်ကို ပေါင် သန်း ၄၀ ဖြင့် ခေါ်ယူမှုလုပ်ဖို့ အဆင်သင့်ဖြစ်နေကြောင်း ဒေးလီးမေလ်းက ဖော်ပြသွားပါတယ်။

ဘရိုက်တန်အသင်းရဲ့ အသင်းခေါင်းဆောင်ဖြစ်သူကို ချယ်ဆီးက လန်ဒန်ပြိုင်ဘက် စပါးအသင်းနဲ့အပြိုင် ကမ်းလှမ်းမှုလုပ်မယ်လို့ အဆိုပါ သတင်းက ဖော်ပြတာပါ။ အသက် ၂၈ နှစ်အရွယ် ခံစစ်မှူးဟာ ဘဝတစ်လျှောက်လုံး ချယ်ဆီးကို အမာခံ အားပေးသူဖြစ်ပြီး သူကိုယ်တိုင်ကလည်း စတမ်းဖိုဒ်ဘရစ်ကို ပြောင်းလာလိုစိတ် ရှိနေပါတယ်။

ဘရိုက်တန်ဟာ ၎င်းတို့ရဲ့ ဂျာစီသစ် မိတ်ဆက်မှုမှာ အဒမ်လယ်လာနာ အပါအဝင် စတား ကစားသမားတွေကို ထုတ်သုံးလာခဲ့ပေမယ့် လူးဝစ် ဒန့်ကိုတော့ အံ့အားသင့်ဖွယ် ချန်လှပ်ခဲ့ပါတယ်။ ဒါဟာ သူတို့ ကစားသမားကို ဆက်ထိန်းဖို့မှာ အဆင်မပြေဖြစ်နေတဲ့ အနေအထားကြောင့် ဂျာစီ ကြေညာမှာ ချန်လှပ်ခဲ့တာလို့ သိရတယ်။

မနှစ်ကရာသီ ပရီးမီးယားလိဂ်မှာ ပေးဂိုး ၅၄ ဂိုးထိ ပေးခဲ့ရတဲ့ ခံစစ်ပိုင်းအတွက် ဦးဆောင်ပေးနိုင်မယ့် ဗဟိုခံစစ်မှူးသစ်ကို မန်နေဂျာလမ်းပတ်က ရှာဖွေနေတာဖြစ်ပါတယ်။ ချယ်ဆီးဟာ အကယ်ဒမီထွက် ကစားသမားဟောင်း ရိုက်ကို ခေါ်ယူဖို့ကိုလည်း ဘာကလေ၊ ဘတ်ရှုဝါရီတို့ကို အလိုက်ပေးတဲ့ ကမ်းလှမ်းမှု လုပ်ခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။

ခံစစ်ဟာ ချယ်ဆီးအသင်း အဓိက ပြင်ဆင်ရမယ့် နေရာဖြစ်ပြီး လက်ရှိ အချိန်ထိ ချိတ်ဆက်မှုနဲ့ ခေါ်ယူမှုတွေမှာ တိုက်စစ်ပိုင်းကိုပဲ အလေးပေးနေတာပါ။ ချယ်ဆီးဟာ ဗဟိုခံစစ်၊ ဘယ်အစွန်လူနဲ့ ဂိုးသမား နေရာတွေကိုလည်း အင်အားဖြည့်လို့ပြီး အသုံးစရိတ်ကြီးတွေ ထုတ်သုံးသွားမှာ ဖြစ်ပါတယ်။

ZAWGYI – ခ်ယ္ဆီးအသင္းဟာ ဘရိုက္တန္အသင္းမွ ခံစစ္မွဴး လူးဝစ္ ဒန္႔ကို ေပါင္ သန္း ၄၀ ျဖင့္ ေခၚယူမႈလုပ္ဖို႔ အဆင္သင့္ျဖစ္ေနေၾကာင္း ေဒးလီးေမလ္းက ေဖာ္ျပသြားပါတယ္။

ဘရိုက္တန္အသင္းရဲ႕ အသင္းေခါင္းေဆာင္ျဖစ္သူကို ခ်ယ္ဆီးက လန္ဒန္ျပိဳင္ဘက္ စပါးအသင္းနဲ႔အျပိဳင္ ကမ္းလွမ္းမႈလုပ္မယ္လို႔ အဆုိပါ သတင္းက ေဖာ္ျပတာပါ။ အသက္ ၂၈ ႏွစ္အရြယ္ ခံစစ္မွဴးဟာ ဘဝတစ္ေလွ်ာက္လံုး ခ်ယ္ဆီးကို အမာခံ အားေပးသူျဖစ္ျပီး သူကိုယ္တိုင္ကလည္း စတမ္းဖိုဒ္ဘရစ္ကို ေျပာင္းလာလိုစိတ္ ရွိေနပါတယ္။

ဘရိုက္တန္ဟာ ၄င္းတို႔ရဲ႕ ဂ်ာစီသစ္ မိတ္ဆက္မႈမွာ အဒမ္လယ္လာနာ အပါအဝင္ စတား ကစားသမားေတြကို ထုတ္သံုးလာခဲ့ေပမယ့္ လူးဝစ္ ဒန္႔ကိုေတာ့ အံ့အားသင့္ဖြယ္ ခ်န္လွပ္ခဲ့ပါတယ္။ ဒါဟာ သူတို႔ ကစားသမားကို ဆက္ထိန္းဖို႔မွာ အဆင္မေျပျဖစ္ေနတဲ့ အေနအထားေၾကာင့္ ဂ်ာစီ ေၾကညာမွာ ခ်န္လွပ္ခဲ့တာလို႔ သိရတယ္။

မႏွစ္ကရာသီ ပရီးမီးယားလိဂ္မွာ ေပးဂိုး ၅၄ ဂိုးထိ ေပးခဲ့ရတဲ့ ခံစစ္ပိုင္းအတြက္ ဦးေဆာင္ေပးႏုိင္မယ့္ ဗဟိုခံစစ္မွဴးသစ္ကို မန္ေနဂ်ာလမ္းပတ္က ရွာေဖြေနတာျဖစ္ပါတယ္။ ခ်ယ္ဆီးဟာ အကယ္ဒမီထြက္ ကစားသမားေဟာင္း ရိုက္ကို ေခၚယူဖို႔ကိုလည္း ဘာကေလ၊ ဘတ္ရႈဝါရီတို႔ကို အလိုက္ေပးတဲ့ ကမ္းလွမ္းမႈ လုပ္ခဲ့ေပမယ့္ မေအာင္ျမင္ခဲ့ပါဘူး။

ခံစစ္ဟာ ခ်ယ္ဆီးအသင္း အဓိက ျပင္ဆင္ရမယ့္ ေနရာျဖစ္ျပီး လက္ရွိ အခ်ိန္ထိ ခ်ိတ္ဆက္မႈနဲ႔ ေခၚယူမႈေတြမွာ တိုက္စစ္ပိုင္းကိုပဲ အေလးေပးေနတာပါ။ ခ်ယ္ဆီးဟာ ဗဟိုခံစစ္၊ ဘယ္အစြန္လူနဲ႔ ဂိုးသမား ေနရာေတြကိုလည္း အင္အားျဖည့္လို႔ျပီး အသံုးစရိတ္ၾကီးေတြ ထုတ္သံုးသြားမွာ ျဖစ္ပါတယ္။