မနေ့ညက အင်္ဂလန်အသင်းနဲ့ ယူကရိန်းတို့ ၁-၁ သရေကျသွားတဲ့ ယူရို ၂၀၂၄ ခြေစစ်ပွဲ မှာ အင်္ဂလန် တိုက်စစ်ကြယ်ပွင့် ဆာကာက အထူး ခြေစွမ်းပြနိုင်ခဲ့ပြီး ဂျိုကိုးလ်ကတော့ မက်ဆီနဲ့တောင် နှိုင်းယှဉ် ချီးကျူးခဲ့ပါတယ်။
အုပ်စုဗိုလ်အဖြစ် ထိပ်ဆုံးမှာ ရှိနေတဲ့ အင်္ဂလန်တို့ မနေ့ညက နိုင်ပွဲ မရပေမယ့် ဆာကာကတော့ စွမ်းဆောင်ရည်ကောင်း ထပ်ပြခဲ့ပါတယ်။
အသက် ၂၂ နှစ်အရွယ် အာဆင်နယ် ကြယ်ပွင့်ဟာ အင်္ဂလန်အသင်းရဲ့ အဓိက ကစားသမား တစ်ဦး ဖြစ်လာနေပါပြီ။
ဒီနှစ်ရဲ့ ဘလွန်းဒီအော ဆန်ကာတင် ၃၀ စာရင်းထဲ ပါဝင်ထားတဲ့ ဆာကာရဲ့ အရည်အချင်းဟာ ကမ္ဘာကျော် ဘောလုံးသမား မက်ဆီနဲ့တောင် နှိုင်းယှဉ်နိုင်တယ်လို့ အင်္ဂလန်ကစားသမားဟောင်း ဂျိုးကိုလ်က အခုလို ပြောလာခဲ့ပါတယ်။
‘ လိုင်ယွန်နယ် မက်ဆီလို အရည်အချင်းတွေ ရှိနေတဲ့ ဆာကာ ကို ခုခံနိုင်ဖို့ မလွယ်ပါဘူး။ ခံစစ်သမားတွေက သူ့ကို တားဆီးဖို့ ကြိုးစားနိုင်ပေမယ့် သူတို့ကို ကျော်ဖြတ်ဖို့ ဆာကာမှာ စွမ်းအားတွေ အများကြီး ရှိနေပါသေးတယ်။ သူ့လို အရည်အချင်းမျိုး ဆာလာနဲ့ မက်ဆီလို လူနည်းစုမှာပဲ ရှိပါတယ်။ ’ လို့ ဂျိုကိုးလ် ချီးကျူးခဲ့တာပါ။
မနှစ်ကရာသီ အာဆင်နယ်တို့ ပရီးမီးယားလိဂ်ဖလား စိန်ခေါ်မှုမှာ အဓိကကျခဲ့တဲ့ ဆာကာဟာ ဒီရာသီ အမှတ်ပေးပွဲ ၄ ပွဲမှာ ကိုယ်တိုင် ၂ ဂိုးသွင်းပြီး ဂိုးထောက်ပံ့မှု ၁ ကြိမ် ရရှိထားတာ ဖြစ်ပါတယ်။