ဒီရာသီ တစ်ပွဲမှ မကစားရသေးသူ ၅ ဦး ပါဝင်လာတဲ့ အာဆင်နယ်ရဲ့ ချန်ပီယံလိဂ် ပြိုင်ပွဲဝင် ၂၅ ဦး လူစာရင်း ထွက်ပေါ်

အာဆင်နယ် အသင်းကတော့ ဒီရာသီ ဥရောပ ချန်ပီယံလိဂ် ပြိုင်ပွဲ အုပ်စုအဆင့် ပါဝင် ကစားမယ့် ၂၅ ယောက် လူစာရင်း ကို တင်သွင်းလိုက်ပြီ ဖြစ်ပါတယ်။

ဒီ လူစာရင်းမှာ ဒဏ်ရာ ရနေတဲ့ ဂျူရီယန် တင်ဘာတော့ မပါဝင်နိုင်ခဲ့ပါဘူး။ ဒါပေမယ့် ဒီရာသီ ပရီးမီးယားလိဂ် တစ်ပွဲမှ မကစားရသေးတဲ့ ကစားသမား ၅ ဦး ကတော့ ဒီစာရင်းမှာ ပါဝင်ခဲ့ပါတယ်။

ထိုသူတွေကတော့ ဒေးဗစ် ရာယာ၊ ဂျိမ်းစ် ဟယ်လ်ဆန်၊ အယ်နီနီ၊ စမစ်ရိုးနဲ့ ဆီဒရစ် ဆောရက်စ် တို့ ဖြစ်ပါတယ်။

အာဆင်နယ် တင်သွင်းခဲ့တဲ့ ချန်ပီယံလိဂ် လူစာရင်း List A ကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

Goalkeepers: Aaron Ramsdale, David Raya, James Hillson

Defenders: Cedric, Lino Sousa, Takehiro Tomiyasu, Oleksandr Zinchenko, Ben White, Gabriel, Jakub Kiwior, William Saliba

Midfielders: Mohamed Elneny, Jorginho, Thomas Partey, Declan Rice, Martin Odegaard, Kai Havertz, Fabio Vieira, Emile Smith Rowe

Forwards: Leandro Trossard, Bukayo Saka, Gabriel Martinelli, Reiss Nelson, Eddie Nketiah, Gabriel Jesus

အသက် ၂၁ နှစ်အောက် လူငယ်တွေ ပါဝင်မယ့် List B လူစာရင်းကိုလည်း အာဆင်နယ် ထပ်မံ တင်သွင်းရဦးမှာပါ။ အာဆင်နယ်ရဲ့ အုပ်စုတွင်း ပြိုင်ဘက်အသင်းတွေကတော့ ဆီဗီလာ၊ လန်းစ်အသင်းနဲ့ PSV တို့ ဖြစ်ပါတယ်။