ယနေ့ နောက်ဆုံးရ ယူနိုက်တက် အပြောင်းအရွှေ့ သတင်းတိုများ (16/08/20)

ရိုးမားမှာ အငှားကစားခဲ့ရာနေ ပြန်လာပြီ ဖြစ်တဲ့ ယူနိုက်တက် ခံစစ်မှူး စမောလင်းဟာ အသင်းမှာ ဆက်ရှိဖို့ အနာဂတ် မရေရာ ဖြစ်နေဆဲ ဖြစ်ပြီး ၎င်းကို နယူးကာဆယ် အသင်းက ခေါ်ယူဖို့ ချိတ်ဆက်လာပါတယ်။ စမောလင်းကို စီးရီးအေမှ အင်တာမီလန်ကလည်း စိတ်ဝင်စားဟန် ပြသထားတာပါ။

ယူနိုက်တက် လူငယ်ကစားသမား တာဟစ်ချောင်ဟာ ဘွန်ဒစ်လီဂါကလပ် ဝါဒါဘရီမင်အသင်းထံ တစ်နှစ် အငှားစာချုပ်နဲ့ ကစားဖို့ သွားရောက်ပူးပေါင်းပြီ ဖြစ်ကြောင်း ယူနိုက်တက်က တရားဝင် ကြေငြာသွားပါတယ်။

စက်တင်ဘာလ ၁၂ ရက်နေ့မှာ စတင်တော့မယ့် ၂၀၂၀-၂၁ ဘောလုံးရာသီရဲ့ ပရီးမီးယားလိဂ် ပြိုင်ပွဲ အဖွင့်ပွဲစဉ် ပွဲစဉ်ဇယားများ ပေါက်ကြားလာရာ ယူနိုက်တက်က ပွဲဦးထွက်မှာ အာဆင်နယ်ကို အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာ ဧည့်ခံကစားရမယ်လို့ သိရပါတယ်။

ယူနိုက်တက် ကွင်းလယ်ကစားသမား ဘရူနို ဖာနန်ဒက်စ်ကတော့ ၎င်းကို အသင်း ဂန္တဝင်ကြီး အဲရစ် ကန်တိုနာ နဲ့ နှိုင်းယှဉ်နေကြတဲ့ အပေါ် မဖြစ်သင့်ကြောင်းနဲ့ ၎င်း အနေနဲ့ အသင်းအတွက် လုပ်ဆောင်ပေးစရာတွေ လိုအပ်ချက်တွေ အများကြီး ရှိနေသေးကြောင်း တုန့်ပြန် ပြောဆိုခဲ့ပါတယ်။

အသင်းခေါင်းဆောင် ဟယ်ရီမက်ဂွဲရားကတော့ မန်ချက်စတာယူနိုက်တက် လို အသင်းအတွက် ဆီမီးဖိုင်နယ် ရောက်တယ် ဆိုတဲ့ အဆင့်က မလုံလောက်ကြောင်းနဲ့ ဘောလုံးရာသီကောင်း အဖြစ် မှတ်တမ်းတင်နိုင်ဖို့ ဆုဖလား ရယူရန် လိုအပ်ကြောင်း အသင်းဖော်တွေအား တိုက်တွန်းပြောဆိုလိုက်ပါတယ်။

ယူနိုက်တက်ဟာ ပြည်တွင်းထိပ်သီးတွေ ဖြစ်နေတဲ့ လီဗာပူး၊ မန်စီးတီးတို့နဲ့ ကွာဟချက် ကြီးမားစွာ ရှိသေးတာကြောင့် ကစားသမားကောင်းတွေကို ငွေသုံး ခေါ်ယူဖို့ နည်းပြ ဆိုးရှားက ယူနိုက်တက် ဘုတ်အဖွဲ့အား တိုက်တွန်းလိုက်ပါတယ်။

ဒေါ့မွန်တောင်ပံတိုက်စစ်သမား ဆန်ချိုအား ပရီးမီးယားလိဂ်ကွင်းလယ်ဟောင်း ဒန်နီမာဖီက ဒီနွေမှာ ယူနိုက်တက်ကို သွားဖို့ ငြင်းဆန်လိုက်ရင် နောက်နှစ် နွေမှာ လီဗာပူး၊ ချယ်ဆီး၊ ရီးရဲလ်၊ ဘာစီလိုနာ စတဲ့ တခြားအသင်းကြီးတွေဆီကနေ ကမ်းလှမ်းမှုတွေ လက်ခံရရှိဦးမှာ ဖြစ်ပြီး ရွေးချယ်စရာ ပိုများမှာ ဖြစ်ကြောင်း ထောက်ပြ တိုက်တွန်း လိုက်ပါတယ်။

Zawgyi – ရိုးမားမွာ အငွားကစားခဲ့ရာေန ျပန္လာျပီ ျဖစ္တဲ့ ယူနုိက္တက္ ခံစစ္မွဴး စေမာလင္းဟာ အသင္းမွာ ဆက္ရွိဖို႔ အနာဂတ္ မေရရာ ျဖစ္ေနဆဲ ျဖစ္ျပီး ၄င္းကို နယူးကာဆယ္ အသင္းက ေခၚယူဖို႕ ခ်ိတ္ဆက္လာပါတယ္။ စေမာလင္းကို စီးရီးေအမွ အင္တာမီလန္ကလည္း စိတ္၀င္စားဟန္ ျပသထားတာပါ။

ယူနိုက္တက္ လူငယ္ကစားသမား တာဟစ္ေခ်ာင္ဟာ ဘြန္ဒစ္လီဂါကလပ္ ၀ါဒါဘရီမင္အသင္းထံ တစ္နွစ္ အငွားစာခ်ဳပ္နဲ႕ ကစားဖို႔ သြားေရာက္ပူးေပါင္းျပီ ျဖစ္ေၾကာင္း ယူနိုက္တက္က တရား၀င္ ေၾကျငာသြားပါတယ္။

စက္တင္ဘာလ ၁၂ ရက္ေန႔မွာ စတင္ေတာ့မယ့္ ၂၀၂၀-၂၁ ေဘာလံုးရာသီရဲ႕ ပရီးမီးယားလိဂ္ ျပိဳင္ပြဲ အဖြင့္ပြဲစဥ္ ပြဲစဥ္ဇယားမ်ား ေပါက္ၾကားလာရာ ယူနုိက္တက္က ပြဲဦးထြက္မွာ အာဆင္နယ္ကို အိမ္ကြင္း အိုးထရက္ဖို႔ဒ္မွာ ဧည့္ခံကစားရမယ္လို႔ သိရပါတယ္။

ယူနုိက္တက္ ကြင္းလယ္ကစားသမား ဘရူနို ဖာနန္ဒက္စ္ကေတာ့ ၄င္းကို အသင္း ဂႏၱ၀င္ၾကီး အဲရစ္ ကန္တိုနာ နဲ႕ ႏိႈင္းယွဥ္ေနၾကတဲ့ အေပၚ မျဖစ္သင့္ေၾကာင္းနဲ႕ ၄င္း အေနနဲ႕ အသင္းအတြက္ လုပ္ေဆာင္ေပးစရာေတြ လိုအပ္ခ်က္ေတြ အမ်ားၾကီး ရွိေနေသးေၾကာင္း တုန္႔ျပန္ ေျပာဆိုခဲ့ပါတယ္။

အသင္းေခါင္းေဆာင္ ဟယ္ရီမက္ဂြဲရားကေတာ့ မန္ခ်က္စတာယူနုိက္တက္ လို အသင္းအတြက္ ဆီမီးဖိုင္နယ္ ေရာက္တယ္ ဆိုတဲ့ အဆင့္က မလံုေလာက္ေၾကာင္းနဲ႕ ေဘာလံုးရာသီေကာင္း အျဖစ္ မွတ္တမ္းတင္နုိင္ဖို႔ ဆုဖလား ရယူရန္ လိုအပ္ေၾကာင္း အသင္းေဖာ္ေတြအား တိုက္တြန္းေျပာဆိုလိုက္ပါတယ္။

ယူနိုက္တက္ဟာ ျပည္တြင္းထိပ္သီးေတြ ျဖစ္ေနတဲ့ လီဗာပူး၊ မန္စီးတီးတို႔နဲ႕ ကြာဟခ်က္ ၾကီးမားစြာ ရွိေသးတာေၾကာင့္ ကစားသမားေကာင္းေတြကို ေငြသံုး ေခၚယူဖို႔ နည္းျပ ဆိုးရွားက ယူနိုက္တက္ ဘုတ္အဖြဲ႕အား တိုက္တြန္းလိုက္ပါတယ္။

ေဒါ့မြန္ေတာင္ပံတိုက္စစ္သမား ဆန္ခ်ိဳအား ပရီးမီးယားလိဂ္ကြင္းလယ္ေဟာင္း ဒန္နီမာဖီက ဒီေႏြမွာ ယူနိုက္တက္ကို သြားဖို႔ ျငင္းဆန္လိုက္ရင္ ေနာက္နွစ္ ေႏြမွာ လီဗာပူး၊ ခ်ယ္ဆီး၊ ရီးရဲလ္၊ ဘာစီလိုနာ စတဲ့ တျခားအသင္းၾကီးေတြဆီကေန ကမ္းလွမ္းမႈေတြ လက္ခံရရွိဦးမွာ ျဖစ္ျပီး ေရြးခ်ယ္စရာ ပိုမ်ားမွာ ျဖစ္ေၾကာင္း ေထာက္ျပ တိုက္တြန္း လိုက္ပါတယ္။