အပြောင်းအရွှေ့ကာလမှာ ကစားသမားကောင်းတွေခေါ်ဖို့ ယူနိုက်တက် ဝင်ရောက်တော့မှာလား

ယူနိုက်တက်မန်နေဂျာ ဆိုးရှားက နွေဈေးကွက်မှာ အင်အားဖြည့်မှုတွေလုပ်ဖို့ လိုအပ်မယ်လို့ ဆီးဗီးလာကို အရေးနိမ့်တဲ့ပွဲအပြီး ထုတ်ပြောလိုက်ပါတယ်။

ယူရိုပါလိဂ် ဆီမီးဖိုင်နယ်မှာ လာလီဂါအသင်းကို ၂-၁ နဲ့ အရေးနိမ့်ခဲ့တာကြောင့် ဆိုးရှားလက်အောက် ပထမဆုံးသော ဆုဖလား အိပ်မက်က ပျက်ပြယ်ခဲ့ပါပြီ။ နော်ဝေသားကြီးကတော့ အသင်းကို တိုးတက်လာဖို့ ဆက်လက် လုပ်ဆောင်ရင်း ကစားသမားသစ်တွေကို ခေါ်ယူလိုကြောင်းကို ပြောဆိုခဲ့တာဖြစ်တယ်။

ဆိုးရှားက ” ကစားသမားတွေ ဆက်ပြီး တိုးတက်လာဖို့ လိုတယ်။ မှန်ကန်တဲ့ ခံယူချက်၊ စိတ်ဓါတ်ပိုင်းနဲ့ နေ့တိုင်းမှာ သူတို့ အကောင်းဆုံးတွေ ဆက်လုပ်ဖို့နဲ့ ကြိုးစားဖို့လိုပါတယ်။

လူစာရင်း တောင့်တင်းလာအောင် အင်အားဖြည့်ဖို့လည်း လိုပါတယ်။ ဘာလို့လည်းဆိုတော့ ဒါက သိပ်ကို ရှည်ကြားတဲ့ ဘောလုံးရာသီ ဖြစ်နေလိုပါပဲ။ ကျနေ်ာတို့ ဆက်ပြီး တွန်းအားပေးရမယ်။ ကစားသမားတွေကို တောင်းဆိုမှုတွေ လုပ်ရမယ်။ ဒါပေမယ့် ဆက်လက်ပြီး ကျနေ်ာတို့ တိုးတက်မှုတွေ ရှာရမယ်။

ပရီးမီးယားလိဂ်က ခပ်မြန်မြန်ပြန်စတင်သွားမှာပါ။ ဒါပေမယ့် ဈေးကွက်ဖွင့်ချိန်ကလည်း သိပ်ကို ရှည်ပါတယ်။ ဒီတော့ ကျနေ်ာတို့တွေက စမတ်ကျကျနဲ့ ပါးပါးနပ်နပ် လှုပ်ရှားဖို့ လိုပါတယ်။

နောက်ထပ် ယှဉ်ပြိုင်မှု မစတင်ခင် ကျနေ်ာတို့ သီတင်းပတ် ၂ ပတ်လောက်ပဲ အနားယူရမှာဖြစ်တယ်။ ပြီးရင်တော့ ဆက်ပြီး ယှဉ်ပြိုင်ရမှာပါ။ ကိုယ်ဘာသာပြင်ဆင်ပြီး ရာသီသစ်အတွက် လန်းဆန်းနေဖို့ လိုပါတယ် ” လို့ ဆိုခဲ့တာဖြစ်ပါတယ်။

ယူနိုက်တက်ဟာ ဒီရာသီမှာ ဆီမီးဖိုင်နယ်အဆင့်ကို ၃ ကြိမ်တိုင် တက်ရောက်နိုင်ခဲ့ပြီး ၃ ကြိမ်လုံကိုလည်း အရေးနိမ့်ခဲ့တာဖြစ်တယ်။ ဒါ့အပြင် အဓိက ဆုဖလားတွေကို ၃ နှစ်ဆက်တိုက် လွဲချော်လာခဲ့တာလည်း ဖြစ်ပါတယ်။

ZAWGYI – ယူႏုိက္တက္မန္ေနဂ်ာ ဆိုးရွားက ေႏြေစ်းကြက္မွာ အင္အားျဖည့္မႈေတြလုပ္ဖို႔ လိုအပ္မယ္လို႔ ဆီးဗီးလာကို အေရးနိမ့္တဲ့ပြဲအျပီး ထုတ္ေျပာလိုက္ပါတယ္။

ယူရိုပါလိဂ္ ဆီမီးဖိုင္နယ္မွာ လာလီဂါအသင္းကို ၂-၁ နဲ႔ အေရးနိမ့္ခဲ့တာေၾကာင့္ ဆိုးရွားလက္ေအာက္ ပထမဆံုးေသာ ဆုဖလား အိပ္မက္က ပ်က္ျပယ္ခဲ့ပါျပီ။ ေနာ္ေဝသားၾကီးကေတာ့ အသင္းကို တိုးတက္လာဖို႔ ဆက္လက္ လုပ္ေဆာင္ရင္း ကစားသမားသစ္ေတြကို ေခၚယူလိုေၾကာင္းကို ေျပာဆိုခဲ့တာျဖစ္တယ္။

ဆိုးရွားက ” ကစားသမားေတြ ဆက္ျပီး တိုးတက္လာဖို႔ လိုတယ္။ မွန္ကန္တဲ့ ခံယူခ်က္၊ စိတ္ဓါတ္ပိုင္းနဲ႔ ေန႔တိုင္းမွာ သူတို႔ အေကာင္းဆံုးေတြ ဆက္လုပ္ဖို႔နဲ႔ ၾကိဳးစားဖို႔လိုပါတယ္။

လူစာရင္း ေတာင့္တင္းလာေအာင္ အင္အားျဖည့္ဖို႔လည္း လိုပါတယ္။ ဘာလို႔လည္းဆိုေတာ့ ဒါက သိပ္ကို ရွည္ၾကားတဲ့ ေဘာလံုးရာသီ ျဖစ္ေနလိုပါပဲ။ က်ေန္ာတို႔ ဆက္ျပီး တြန္းအားေပးရမယ္။ ကစားသမားေတြကို ေတာင္းဆိုမႈေတြ လုပ္ရမယ္။ ဒါေပမယ့္ ဆက္လက္ျပီး က်ေန္ာတို႔ တိုးတက္မႈေတြ ရွာရမယ္။

ပရီးမီးယားလိဂ္က ခပ္ျမန္ျမန္ျပန္စတင္သြားမွာပါ။ ဒါေပမယ့္ ေစ်းကြက္ဖြင့္ခ်ိန္ကလည္း သိပ္ကို ရွည္ပါတယ္။ ဒီေတာ့ က်ေန္ာတို႔ေတြက စမတ္က်က်နဲ႔ ပါးပါးနပ္နပ္ လႈပ္ရွားဖို႔ လိုပါတယ္။

ေနာက္ထပ္ ယွဥ္ျပိဳင္မႈ မစတင္ခင္ က်ေန္ာတို႔ သီတင္းပတ္ ၂ ပတ္ေလာက္ပဲ အနားယူရမွာျဖစ္တယ္။ ျပီးရင္ေတာ့ ဆက္ျပီး ယွဥ္ျပိဳင္ရမွာပါ။ ကိုယ္ဘာသာျပင္ဆင္ျပီး ရာသီသစ္အတြက္ လန္းဆန္းေနဖို႔ လိုပါတယ္ ” လို႔ ဆိုခဲ့တာျဖစ္ပါတယ္။

ယူႏုိက္တက္ဟာ ဒီရာသီမွာ ဆီမီးဖိုင္နယ္အဆင့္ကို ၃ ၾကိမ္တိုင္ တက္ေရာက္ႏုိင္ခဲ့ျပီး ၃ ၾကိမ္လံုကိုလည္း အေရးနိမ့္ခဲ့တာျဖစ္တယ္။ ဒါ့အျပင္ အဓိက ဆုဖလားေတြကို ၃ ႏွစ္ဆက္တိုက္ လြဲေခ်ာ္လာခဲ့တာလည္း ျဖစ္ပါတယ္။