မန်ယူနိုက်တက်အသင်း ယူရိုပါလိဂ်ကနေ ထွက်ခွာခဲ့ရပေမယ့် ဆုရဦးမယ့် ဂိုးသမား ရိုမဲရိုး

မန္ခ်က္စတာ ယူနိုက္တက္ဟာ ယူရိုပါလိဂ္ျပိဳင္ပြဲ ဆီမီးဖိုင္နယ္ အဆင့္မွာ ဆီဗီလာကို မေက်ာ္နုိင္ဘဲ ရွံဳးနိမ့္ကာ ျပိဳင္ပြဲကေန ထြက္ခြာခဲ့ရေပမယ့္ အသင္း ဂိုးသမား ရိုမဲရိုးကေတာ့ ျပိဳင္ပြဲရဲ႕ ေရႊလက္အိတ္ဆု လက္ခံရဖို႕ ရွိေနပါတယ္။

ယူနုိက္တက္ အရန္ ဂိုးသမား ရိုမဲရိုးဟာ ဒီရာသီ ယူရိုပါလိဂ္ပြဲ ၇ ပြဲ ေပးဂိုး မရွိ ကလင္းရွိ ရရွိထားျပီး ျပိဳင္ပြဲရဲ႕ ေရႊလက္အိတ္ဆုရ အေကာင္းဆံုး ဂိုးသမား ျဖစ္လာဦးမွာပါ။ ဆီဗီလာအသင္းဟာ မေန႔ကပဲြမွာ ယူနိုက္တက္ကို ဂိုးေပးခဲ့ရတာေၾကာင့္ ၄င္းတို႔ ဂိုးသမား ဘိုနိုက ကလင္းရွိပြဲ ၆ ပြဲသာ ရွိထားျပီး ရိုမဲရိုးထက္ တစ္ပြဲ နည္းေနပါေသးတယ္။

တကယ္လို႔ မိုရိုကိုသား ဆီဗီလာ ဂိုးသမား ဘိုနိုက ဗိုလ္လုပြဲမွာ ေပးဂိုး မရွိခဲ့ရင္ေတာင္ ရိုမဲရိုးနဲ႕ ၇ ပြဲတူသြားျပီး ပူးတြဲ ဆု ရရွိနိုင္မွ ျဖစ္ကာ ယူနုိက္တက္ အရန္ ဂိုးသမားကို ေက်ာ္ျဖတ္ ရယူနိုင္ဖို႔ မရွိေတာ့ပါဘူး။

ဘိုနို တစ္ေယာက္ ဗိုလ္လုပြဲမွာ ကလင္းရွိ ရဖို႔ ဆိုတာကလည္း ခက္ခဲဦးမွာ ျဖစ္ျပီး တဖက္ကေန အင္တာမီလန္သာ ဗိုလ္လုပြဲတက္လာရင္ တကယ့္ကို ခက္ခဲတဲ့ ျပိဳင္ဘက္ကို ရင္ဆိုင္ရမွာ ျဖစ္ပါတယ္။

ယူနိုက္တက္ရဲ႕ အာဂ်င္တိုင္းသား ဂိုးသမားဟာ ညက ဆီဗီလာနဲ႕ ပြဲမွာေတာ့ အရန္ခံုမွာသာ ရွိေနျပီး ဆိုးရွားက ဒီဂီယာကို ပြဲထုတ္ခဲ့ပါတယ္။ ဒါေပမယ့္ ဒီရာသီ ယူရိုပါလိဂ္ ပြဲတိုင္း တာ၀န္ယူ ဂိုးဖမ္းခဲ့တဲ့ ရိုမဲရိုးရဲ႕ ၾကိဳးစားမႈေတြက အလဟသ မျဖစ္ဘဲ ေရႊလက္အိတ္ဆုနဲ႕ နွစ္သိမ့္နုိင္ေတာ့မွာပါ။

Unicode – မန်ချက်စတာ ယူနိုက်တက်ဟာ ယူရိုပါလိဂ်ပြိုင်ပွဲ ဆီမီးဖိုင်နယ် အဆင့်မှာ ဆီဗီလာကို မကျော်နိုင်ဘဲ ရှုံးနိမ့်ကာ ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပေမယ့် အသင်း ဂိုးသမား ရိုမဲရိုးကတော့ ပြိုင်ပွဲရဲ့ ရွှေလက်အိတ်ဆု လက်ခံရဖို့ ရှိနေပါတယ်။

ယူနိုက်တက် အရန် ဂိုးသမား ရိုမဲရိုးဟာ ဒီရာသီ ယူရိုပါလိဂ်ပွဲ ၇ ပွဲ ပေးဂိုး မရှိ ကလင်းရှိ ရရှိထားပြီး ပြိုင်ပွဲရဲ့ ရွှေလက်အိတ်ဆုရ အကောင်းဆုံး ဂိုးသမား ဖြစ်လာဦးမှာပါ။ ဆီဗီလာအသင်းဟာ မနေ့ကပွဲမှာ ယူနိုက်တက်ကို ဂိုးပေးခဲ့ရတာကြောင့် ၎င်းတို့ ဂိုးသမား ဘိုနိုက ကလင်းရှိပွဲ ၆ ပွဲသာ ရှိထားပြီး ရိုမဲရိုးထက် တစ်ပွဲ နည်းနေပါသေးတယ်။

တကယ်လို့ မိုရိုကိုသား ဆီဗီလာ ဂိုးသမား ဘိုနိုက ဗိုလ်လုပွဲမှာ ပေးဂိုး မရှိခဲ့ရင်တောင် ရိုမဲရိုးနဲ့ ၇ ပွဲတူသွားပြီး ပူးတွဲ ဆု ရရှိနိုင်မှ ဖြစ်ကာ ယူနိုက်တက် အရန် ဂိုးသမားကို ကျော်ဖြတ် ရယူနိုင်ဖို့ မရှိတော့ပါဘူး။

ဘိုနို တစ်ယောက် ဗိုလ်လုပွဲမှာ ကလင်းရှိ ရဖို့ ဆိုတာကလည်း ခက်ခဲဦးမှာ ဖြစ်ပြီး တဖက်ကနေ အင်တာမီလန်သာ ဗိုလ်လုပွဲတက်လာရင် တကယ့်ကို ခက်ခဲတဲ့ ပြိုင်ဘက်ကို ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

ယူနိုက်တက်ရဲ့ အာဂျင်တိုင်းသား ဂိုးသမားဟာ ညက ဆီဗီလာနဲ့ ပွဲမှာတော့ အရန်ခုံမှာသာ ရှိနေပြီး ဆိုးရှားက ဒီဂီယာကို ပွဲထုတ်ခဲ့ပါတယ်။ ဒါပေမယ့် ဒီရာသီ ယူရိုပါလိဂ် ပွဲတိုင်း တာဝန်ယူ ဂိုးဖမ်းခဲ့တဲ့ ရိုမဲရိုးရဲ့ ကြိုးစားမှုတွေက အလဟသ မဖြစ်ဘဲ ရွှေလက်အိတ်ဆုနဲ့ နှစ်သိမ့်နိုင်တော့မှာပါ။