ကိုင်စီဒို နဲ့ ဘရိုဂျာ တို့ ပြန်လာပြီ ဖြစ်ပေမယ့် ချယ်ဆီးအသင်းမှာ ဒဏ်ရာ ရ၊ ပွဲပယ် ကစားသမား ၁၁ ယောက် အထိ ရှိနေပါသေးတယ်။
နည်းပြ ပိုချက်တီနိုအတွက် ခေါင်းခဲစရာ ဖြစ်နေတဲ့ ချယ်ဆီးအသင်းရဲ့ လက်ရှိ ဒဏ်ရာ ရ လူစာရင်းတွေက အောက်ပါ အတိုင်း ဖြစ်ပါတယ်။
ဘက်ဒီရှိုင်း – နောက်ဆက်တွဲ ဒဏ်ရာ ပြသနာ။
ဘက်တင်နယ်လီ – ဖော်ပြခြင်း မရှိထားသော ဒဏ်ရာ။
ချာလိုဘတ် – တံကောက်ကြော ဒဏ်ရာ၊ ဘယ်တော့ ပြန်ကောင်းမယ် ခန့်မှန်းရက် မသိရ။
ရိစ် ဂျိမ်းစ် – တံကောက်ကြော ဒဏ်ရာ၊ အောက်တိုဘာ နိုင်ငံတကာသီတင်းပတ် မတိုင်ခင် ပြန်လာဖွယ် ရှိ။
ချူဝူမီကာ – ဒူးဒဏ်ရာ၊ မကြာခင် ပြန်လာဖွယ် မျှော်လင့်ရ။
ဖိုဖာနာ – ခြေကျင်းဝတ် ဒဏ်ရာကြောင့် တစ်ရာသီလုံး နားရဖွယ် ရှိ။
လာဗီယာ – ခြေကျင်းဝတ်။ အောက်တိုဘာ နိုင်ငံတကာသီတင်းပတ် အပြီးလောက်ထိ နားရဖွယ် ရှိ။
မာဒူကီ – လာမယ့် ရက်ပိုင်းအတွင်း ပြန်ကောင်းဖွယ် ရှိ။
အန်ကွန်းကူ – ဒူး ဒဏ်ရာ။ ခရစ္စမတ်လောက်မှ ပြန်လာနိုင်ဖွယ် ရှိ။
အထက်ပါ ဒဏ်ရာ ရှိ ကစားသမား ၉ ယောက် အပြင် ပွဲပယ် ထိထားတဲ့ ကစားသမားက ၂ ယောက် ရှိပါသေးတယ်။ ၎င်းတို့ကတော့ ဂတ်စ်တို (အနီကတ်) နဲ့ ဂျက်ဆန် အဝါကတ် ၅ ခု ပြည့်လို့ ပွဲပယ် ခံရသူတို့ ဖြစ်ပါတယ်။