လက်ရှိ သိပ်ကောင်းနေပါတယ် ဆိုတဲ့ မန်စီးတီးနဲ့ ရွှေဖလားရ အာဆင်နယ် အသင်းတို့ ကန်ရင် ဘယ်သူ နိုင်မလဲ

ပရီးမီးယားလိဂ် ၃ ရာသီဆက် ချန်ပီယံ၊ ချန်ပီယံလိဂ် လက်ရှိ ချန်ပီယံ၊ ရာသီစ ၆ ပွဲမှာ ၆ ပွဲလုံး နိုင်ထားတဲ့ လက်ရှိ မန်ချက်စတာ စီးတီးဟာ အင်္ဂလန်ရဲ့ အကောင်းဆုံး အသင်းတွေထဲက တစ်သင်းအဖြစ် ချီးကျူးခံနေရတာပါ။

ဒါပေမယ့် ဒီအသင်းဟာ ပရီးမီးယားလိဂ်ရဲ့ အကြီးကျယ်ဆုံး အသင်းတွေထဲက တစ်သင်းဖြစ်တဲ့ ရွှေဖလား အနိုင်ရ အာဆင်နယ်ကိုတော့ အနိုင်ယူနိုင်မှာ မဟုတ်ဘူးလို့ ၂၀၀၄ ချန်ပီယံဟောင်း ဖြစ်တဲ့ ဂန်းနားဟောင်းကြီး ရေးပါလာက ထင်မြင်ချက် ပေးခဲ့ပါတယ်။

လက်ရှိ မန်စီးတီးနဲ့ ရွှေဖလား ချန်ပီယံတို့ ယှဉ်ပြိုင်ရင် ဘာဖြစ်မလဲအတွက်ကိုတော့ ” ဒီပွဲမျိုး ဘယ်လိုဖြစ်မယ်ဆိုတာ မှန်းဆရခက်ခဲပါတယ်။ ကျနော်ကတော့ စီးတီးကို နှားတစ်ဖျားအသားဖြင့် အနိုင်ရမယ် ထင်ပါတယ်။ အာဆင်နယ်က ၂-၁ နဲ့ အနိုင်ရမှာပါ။

မန်ချက်စတာ ယူနိုက်တက် ၁၉၉၉ ခုနှစ် အသင်းနဲ့ မော်ရင်ညိုရဲ့ ပထမဆုံးသော ချယ်ဆီး အသင်းတို့ကလည်း အတော်လေး ကောင်းမွန်တဲ့ အသင်းတွေ ဖြစ်ကြပါတယ် ” လို့ ရေး ပါလာ က ထင်မြင်ချက်ပေးခဲ့ပါတယ်။

ဒါပေမယ့် ပါလာ ကပဲ လက်ရှိ မန်စီးတီးအသင်းသား တစ်ဦးကတော့ ရွှေဖလား အောင်မြင်တဲ့ အာဆင်နယ် အသင်းအ တွက် ခေါ်ယူလိုကြောင်း ပြောပါသေးတယ်။

” ကျနော်တို့ရဲ့ အသင်းမှာ ဒီဘရိုင်းကိုတော့ ထည့်ချင်မိတယ်။ သူဘောလုံးရချိန်တိုင်း တစ်ခုခုတော့ လုပ်ပြနိုင်စွမ်း ရှိပါတယ်။ ကျနော်တို့ အသင်းက ဘားကမ့်လိုပေါ့။ ဟာလန်းလည်း ကောင်းပေမယ့် ကျနော်တို့မှာ အွန်နရီ ရှိပါတယ် “‌‌ လို့ ဂန်းနားဟောင်းကြီးက ပြောဆိုသွားတာ ဖြစ်ပါတယ်။