ဒီရာသီ လူတန် တစ်သင်းတည်းကိုသာ နိုင်သေးတဲ့ ချယ်ဆီးရဲ့ စိုးရိမ်ရေမှတ် အခြေအနေကို ထောက်ပြ သတိပေးမှု

ဂန်းနားဟောင်းကြီး ပေါမာဆန်ကတော့ ချယ်ဆီးအသင်းဟာ အခြေအနေ ဆိုးရွားတာထက်ကို ပို ဆိုးရွားနေကြောင်း စိုးရိမ်စွာ ထောက်ပြ ပြောဆိုလာပါတယ်။

ဒီရာသီ နည်းပြ ပိုချက်တီနို လက်အောက်မှာ ချယ်ဆီးအသင်းဟာ ရုန်းကန်နေရဆဲ ဖြစ်ပြီး အခုချိန်ထိ ပရီးမီးယားလိဂ် တန်းတက် ကလပ် လူတန်တောင် တစ်သင်းတည်းကို နိုင်ထားတာပါ။ ဒါပေမယ့် နောက်ဆုံး ကစားခဲ့တဲ့ ၂၄ ပွဲမှာဆို အလယ်အလတ် အသင်းတစ်သင်းကို နိုင်ခဲ့တာတောင် ခပ်ရှားရှား ဖြစ်ပါတယ်။

ချယ်ဆီးရဲ့ လာမယ့် ၁၀ ပွဲမှာ အာဆင်နယ်၊ ဘရန့်ဖိုဒ့်၊ စပါး၊ မန်စီးတီး၊ နယူးကာဆယ်၊ ဘရိုက်တန်နဲ့ မန်ချက်စတာ ယူနိုက်တက်တို့ နဲ့ ရင်ဆိုင်ရဖို့ ရှိနေပါတယ်။

ပေါမာဆန်က ” ချယ်ဆီးအသင်း အမှတ်ပေးဇယားတွေ ကြည့်မိရင်း၊ မင်းတို့လည်း သူတို့အတွက် စိတ်ပူမိမှာပဲ။ လာမယ့် ၁၀ ပွဲဟာ သူတို့ရဲ့ ဘောလုံးရာသီအတွက် အဓိက ကျလိမ့်မယ်။ အသက်တောင် ရဲရဲ ရှုရဲမှာ မဟုတ်ဘူး။

ဒီပွဲစဉ်တွေအရ သူတို့တွေ ဘယ်အချိန်မှာ ဘောလုံးပွဲ တစ်ပွဲကို နိုင်မယ် မသိနိုင်တော့ပါဘူး။ ဒီကြားရက်ပွဲက သူတို့ အတွက် အရေးကြီးပါတယ်။ ဒီပွဲပါ ထပ်ရှုံးရင် နောက်ဆုံး ကစားတဲ့ ၂၄ ပွဲမှာ နိုင်ပွဲ ၃ ပွဲပဲ ရဖူးတော့မှာပါ။

သူတို့ နောက်ဆုံး နိုင်ခဲ့တဲ့ နိုင်ပွဲ ၃ ပွဲထဲက တစ်ပွဲဟာ ဒီရာသီ လူတန်တောင်းနဲ့ဖြစ်ပြီး နောက်တစ်ပွဲက ဝင်ဘယ်တန်နဲ့ ဖလားပွဲကို နိုင်ခဲ့တာ၊ နောက်တစ်ပွဲက အမှတ် မလိုတော့တဲ့ ဘုန်းမောက်ကို မနှစ်ကရာသီ နိုင်ခဲ့တာပါ။ ချယ်ဆီးတို့ ဘယ်အချိန်မှ နိုင်ပွဲပြန်ရမယ် မသိပါဘူး။

ပိုချက်တီနို ရောက်လာပြီးတော့လည်း တည်ဆောက်နေဆဲပါ၊ စိတ်ရှည်ကြပါလို့ သူပြောတယ်။ မန်နေဂျာ ကိုယ်တိုင်က အဲ့လိုပြောနေတော့ သူတို့တွေ ထိန့်လန့်နေမှာပဲ။ သူ့အနေနဲ့ လုံလောက်တဲ့ အချိန်တစ်ခု ရသွားဖို့ ကျနော် မျှော်လင့်ပါတယ်။ ဒါပေမယ့် ကျနော်တော့ သူတို့ကို အတော်လေး စိတ်ပူနေပါပြီ။ ” လို့ မှတ်ချက်ပေးသွားတာ ဖြစ်ပါတယ်။