ယနေ့ နောက်ဆုံးရ ချယ်ဆီး သတင်းတိုများ စုစည်းမှု (18-08-20)

ယနေ့ နောက်ဆုံးရ ချယ်ဆီး သတင်းများနဲ့ အပြောင်းအရွှေ့ သတင်းများကို စုစည်း ဖော်ပြပေးလိုက်ပါတယ်။

အသင်းခေါင်းဆောင် ကွီတာ ဒဏ်ရာ အခြေအနေ

ချယ်ဆီးအသင်းခေါင်းဆောင် အပီလီကွီတာဟာ ၂၀၂၀-၂၁ ဘောလုံးရာသီ အစပိုင်း ပွဲစဉ်တွေ အမှီ ဒဏ်ရာ ပြန်ကောင်းလာမယ်လို့ အတည်ပြု သတင်းစကား ဆိုခဲ့ပါတယ်။ ဒါ့အပြင် ရာသီကြို ထရိန်နင်မှာပါ လာရောက် ပူးပေါင်းနိုင်ဖို့ ရှိနေပါတယ်။

” ကျနော် ရာသီကြို အစပိုင်းပါ အမှီ ကြံ့ခိုင်မှု ပြည့်နေဖို့ မျှော်လင့်ပါတယ်။ ကျေနာ့် ကစားသမားဘဝမှာ ဒဏ်ရာတွေ များများ မကြုံခဲ့တာ ကံကောင်းပါတယ်။ ဒါပေမယ့် အာဆင်နယ်နဲ့ ပွဲမှတော့ ကံမကောင်းစွာ ကြုံခဲ့ရတယ်။ အခု အသင်းဆရာဝန်တွေနဲ့ သေချာ အစီအစဉ်ဆွဲပြီး ပြန်ကောင်းအောင် လုပ်ဆောင်နေပါတယ်။

နောက်ပြီး အခုချိန်မှာ မိသားစုနဲ့လည်း အချိန်ပေးဖြစ်တယ်။ နောက်ပြီး ကွင်းထဲ ပြန်ခြေချနိုင်အောင် ကောင်းလာအောင်လည်း အာရုံစိုက်ဖြစ်တယ်။ အခု လုပ်ဆောင်နေတာတွေသာ အဆင်ပြေ ချောမွေ့ရင် ရာသီကြို လေ့ကျင့်ပြင်ဆင်ချိန်မှာ ပုံမှန်အတိုင်း အသင့် ဖြစ်နေဖို့ မျှော်လင့်ပါတယ်။ ” လို့ ကွီတာက သတင်းစကား ပြောကြားထားပါတယ်။

ဘတ်ရှူဝါရီကို ရောင်းထုတ်ဖို့ အခက်တွေ့ခြင်း

ချယ်ဆီးအသင်းဟာ ဒီနွေမှာ ဘတ်ရှူဝါရီကို ရောင်းထုတ်ဖို့ အခက်တွေ့နိုင်ဖွယ် ရှိနေတယ်လို့ အလန်စမစ်က သုံးသပ်ထားပါတယ်။ ပင်ကိုစွမ်းရည်ကောင်းတွေ ရှိပေမယ့် ဘတ်ရှူဝါရီဟာ ခြေစွမ်းတည်ငြိမ်မှု မရှိခြင်းနဲ့ ဘောလုံးမပါဘဲ လှုပ်ရှားမှုမှာ ထက်မြက်မှု မရှိတာက အားနည်းချက်တွေ ဖြစ်နေပါတယ်။ ဒါကြောင့် လမ်းပတ်ရဲ့ ချယ်ဆီးအသင်းမှာ ဘတ်ရှူဝါရီ ကို နေရာ မပေးနိုင်တာ ဖြစ်ပြီး နောက်တစ်ချက်ကတော့ ဂဏန်း ၆ လုံး (သိန်းချီတဲ့) လုပ်ခ လစာကြောင့်လည်း ဖြစ်တယ်လို့ ၎င်းက ဆိုခဲ့ပါတယ်။

ချယ်ဆီး အဆုံးအဖြတ်ကို စောင့်နေတဲ့ ဆွမ်ဆီး

ချန်ပီယံရှစ်ကလပ် ဆွမ်ဆီးအသင်းဟာ အငှားခေါ်ထားတဲ့ လူငယ်ခံစစ်မှူး မာ့ခ် ဂူဟီကို ဆက်ခေါ်ထားဖို့ အတွက် ချယ်ဆီးအသင်းရဲ့ အဆုံးအဖြတ်ကို စောင့်ဆိုင်းနေပါတယ်။ ဇန်နဝါရီတည်းက ဆွမ်ဆီးမှာ ကစားနေတဲ့ အသက် ၂၀ အရွယ် ခံစစ်မှူး က အငှား ဆက်ကစားဖို့ ငြင်းပယ်ခြင်း မရှိပေမယ့် ချယ်ဆီးအသင်းက စတန်းဖို့ဘရစ်ချ်ထံ ပြန်ခေါ်လိုပါက ခေါ်ခွင့် ရှိနေပြီး နောက်ဆုံး အဆုံးအဖြတ် အသိပေးခြင်း မရှိသေးဘူးလို့ သိရပါတယ်။

Zawgyi – ယေန႔ ေနာက္ဆံုးရ ခ်ယ္ဆီး သတင္းမ်ားနဲ႕ အေျပာင္းအေရႊ႕ သတင္းမ်ားကို စုစည္း ေဖာ္ျပေပးလိုက္ပါတယ္။

အသင္းေခါင္းေဆာင္ ကြီတာ ဒဏ္ရာ အေျခအေန

ခ်ယ္ဆီးအသင္းေခါင္းေဆာင္ အပီလီကြီတာဟာ ၂၀၂၀-၂၁ ေဘာလံုးရာသီ အစပိုင္း ပြဲစဥ္ေတြ အမွီ ဒဏ္ရာ ျပန္ေကာင္းလာမယ္လို႔ အတည္ျပဳ သတင္းစကား ဆိုခဲ့ပါတယ္။ ဒါ့အျပင္ ရာသီၾကိဳ ထရိန္နင္မွာပါ လာေရာက္ ပူးေပါင္းနုိင္ဖို႔ ရွိေနပါတယ္။

” က်ေနာ္ ရာသီၾကိဳ အစပိုင္းပါ အမွီ ၾကံ႕ခိုင္မႈ ျပည့္ေနဖို႔ ေမွ်ာ္လင့္ပါတယ္။ ကေ်နာ့္ ကစားသမားဘ၀မွာ ဒဏ္ရာေတြ မ်ားမ်ား မၾကံဳခဲ့တာ ကံေကာင္းပါတယ္။ ဒါေပမယ့္ အာဆင္နယ္နဲ႕ ပြဲမွေတာ့ ကံမေကာငး္စြာ ၾကံဳခဲ့ရတယ္။ အခု အသင္းဆရာ၀န္ေတြနဲ႕ ေသခ်ာ အစီအစဥ္ဆြဲျပီး ျပန္ေကာင္းေအာင္ လုပ္ေဆာင္ေနပါတယ္။

ေနာက္ျပီး အခုခ်ိန္မွာ မိသားစုနဲ႕လည္း အခ်ိန္ေပးျဖစ္တယ္။ ေနာက္ျပီး ကြင္းထဲ ျပန္ေျခခ်နုိင္ေအာင္ ေကာင္းလာေအာင္လည္း အာရံုစိုက္ျဖစ္တယ္။ အခု လုပ္ေဆာင္ေနတာေတြသာ အဆင္ေျပ ေခ်ာေမြ႕ရင္ ရာသီၾကိဳ ေလ့က်င့္ျပင္ဆင္ခ်ိန္မွာ ပံုမွန္အတိုင္း အသင့္ ျဖစ္ေနဖို႔ ေမွ်ာ္လင့္ပါတယ္။ ” လို႕ ကီြတာက သတင္းစကား ေျပာၾကားထားပါတယ္။

ဘတ္ရွဴ၀ါရီကို ေရာင္းထုတ္ဖို႔ အခက္ေတြ႔ျခင္း

ခ်ယ္ဆီးအသင္းဟာ ဒီေႏြမွာ ဘတ္ရွဴ၀ါရီကို ေရာင္းထုတ္ဖို႔ အခက္ေတြ႕နုိင္ဖြယ္ ရွိေနတယ္လို႔ အလန္စမစ္က သံုးသပ္ထားပါတယ္။ ပင္ကိုစြမ္းရည္ေကာင္းေတြ ရွိေပမယ့္ ဘတ္ရွဴ၀ါရီဟာ ေျခစြမ္းတည္ျငိမ္မႈ မရွိျခင္းနဲ႕ ေဘာလံုးမပါဘဲ လႈပ္ရွားမႈမွာ ထက္ျမက္မႈ မရွိတာက အားနည္းခ်က္ေတြ ျဖစ္ေနပါတယ္။ ဒါေၾကာင့္ လမ္းပတ္ရဲ႕ ခ်ယ္ဆီးအသင္းမွာ ဘတ္ရွဴ၀ါရီ ကို ေနရာ မေပးနုိင္တာ ျဖစ္ျပီး ေနာက္တစ္ခ်က္ကေတာ့ ဂဏန္း ၆ လံုး (သိန္းခ်ီတဲ့) လုပ္ခ လစာေၾကာင့္လည္း ျဖစ္တယ္လို႔ ၄င္းက ဆိုခဲ့ပါတယ္။

ခ်ယ္ဆီး အဆံုးအျဖတ္ကို ေစာင့္ေနတဲ့ ဆြမ္ဆီး

ခ်န္ပီယံရွစ္ကလပ္ ဆြမ္ဆီးအသင္းဟာ အငွားေခၚထားတဲ့ လူငယ္ခံစစ္မွဴး မာ့ခ္ ဂူဟီကို ဆက္ေခၚထားဖို႔ အတြက္ ခ်ယ္ဆီးအသင္းရဲ႕ အဆံုးအျဖတ္ကို ေစာင့္ဆိုင္းေနပါတယ္။ ဇန္န၀ါရီတည္းက ဆြမ္ဆီးမွာ ကစားေနတဲ့ အသက္ ၂၀ အရြယ္ ခံစစ္မွဴး က အငွား ဆက္ကစားဖို႔ ျငင္းပယ္ျခင္း မရွိေပမယ့္ ခ်ယ္ဆီးအသင္းက စတန္းဖို႔ဘရစ္ခ်္ထံ ျပန္ေခၚလိုပါက ေခၚခြင့္ ရွိေနျပီး ေနာက္ဆံုး အဆံုးအျဖတ္ အသိေပးျခင္း မရွိေသးဘူးလို႔ သိရပါတယ္။