အာဆင်နယ် ကံကောင်းလို့ နိုင်ပြီး နောက်တစ်ဆင့်တက်သွားတာလို့ ဘရန့်ဖို့ဒ် နည်းပြ မချင့်မရဲ ပြောဆို

မနေ့ညက ကစားခဲတဲ့ ကာရာဘောင်း တတိယအဆင့် ပွဲမှာတော့ အာဆင်နယ် အသင်းဟာ အဝေးကွင်းမှာ ဘရန့်ဖို့ဒ်ကို ရေးစ် နယ်ဆန်ရဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့ အနိုင်ရကာ နောက်တစ်ဆင့် သို့ တက်ရောက် သွားခဲ့ပြီ ဖြစ်ပါတယ်။

အိမ်ရှင် ဘရန့်ဖို့ အသင်း နည်းပြ သောမတ်စ် ဖရန့်ကတော့ သူ့ အသင်း ကစားတာ ကောင်းမွန်ပြီး အာဆင်နယ်က အနိုင် ရသွားတာ ကံကောင်းသွားလို့ ဖြစ်တယ် လို့ ပွဲ အပြီးမှာ မချင့်မရဲ ပြောလိုက်ပါတယ်။

သောမတ်စ် ဖရန့်က ” ကျွန်တော်ကတော့ ရှုံးနိမ့်ရတာကို မုန်းပါတယ်။ ဒါကြောင့် အရှုံးရလဒ်ကို လက်ခံရဖို့ အမြဲ ခက်ခဲတယ်။ ဒါပေမယ့် တဖက်မှာလည်း အသင်းရဲ့ ခြေစွမ်းကို မြင်ရတာ အားရမိပါတယ်။

ဒါတွေကို ကျွန်တော်တို့ ကြိုးစား တည်ဆောက်သွားရမှာပါ။ ဘရန့်ဖို့ဒ်က ပထမပိုင်းမှာ စွမ်းဆောင်ရည် ကောင်းတယ်၊ ဒုတိယပိုင်းမှာတော့ အကောင်းဆုံး ကို ဖြစ်ခဲ့တယ်။

အာဆင်နယ် ဒီပွဲကနေ အနိုင်ရလဒ် ယူသွားနိုင်တာ အရမ်းကို ကံကောင်း လို့ လို့ ကျွန်တော် ထင်တယ်။ ဒုတိယပိုင်းမှာ ဆိုရင် ကျွန်တော် တို့ အခွင့်အရေးတွေ အများကြီးကို ဖန်တီးနိုင်ခဲ့တာပါ။ ” လို့ ပြောဆိုသွားခဲ့တာ ဖြစ်ပါတယ်။

ဘရန့်ဖို့ဒ်ကို ကျော်ဖြတ် အနိုင်ယူပြီးနောက် အာဆင်နယ် အသင်းဟာ ကာရာဘောင်း စတုတ္ထအဆင့်မှာတော့ လန်ဒန် မြို့ခံ ပြိုင်ဘက် တစ်သင်းပဲ ဖြစ်တဲ့ ဝက်စ်ဟမ်းနဲ့ တွေ့ဆုံနေပြီး အဝေးကွင်း သွားရောက် ရင်ဆိုင် ကစားရမှာပါ။