ယနေ့ နောက်ဆုံးရ ယူနိုက်တက် အပြောင်းအရွှေ့ သတင်းတိုများ (18/08/20)

တစ်သင်းလုံး နီးပါး အရောင်းစာရင်းတင်ထားတဲ့ ဘာစီလိုနာ အသင်းထံကနေ ယူနိုက်တက်က ဒမ်ဘီလီ၊ ဗီဒယ်၊ ရာကီတစ်နဲ့ အမ်တီတီ တို့ လေးဦးကို ခေါ်ယူဖို့ စိတ်ဝင်စားဟန် ပြသနေပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၉-၂၀ ဘောလုံးရာသီမှာ ထိပ်တန်း ဂိုးထောက်ပံ့မှု ပြုလုပ်နိုင်သူတွေက တိုက်စစ်မှူး မာရှယ်နဲ့ ရက်ဖို့ဒ်တို့ ဖြစ်ပြီး ဂိုးထောက်ပံ့မှု ၉ ကြိမ်စီနဲ့ ပထမ နေရာမှာ ရှိနေပါတယ်။ ဇန်နဝါရီလမှ ရောက်လာခဲ့တဲ့ ဘရူနို ဖာနန်ဒက်စ်ကတော့ ဂိုးထောက်ပံ့မှု ၈ ကြိမ် ပြုလုပ်ထားပါတယ်။

ယူနိုက်တက်ရဲ့ ပွဲထွက် ဂိုးသမား ဒီဂီယာကတော့ ၎င်းရဲ့ နေရာအတွက် စိုးရိမ်ခြင်း မရှိဘဲ နံပါတ် ၁ ဂိုးသမား နေရာကို ဆက်လက် ထိန်းသိမ်းသွားနိုင်မယ်လို့ ယုံကြည်ချက် ရှိနေပါတယ်။ အငှားထွက်နေတဲ့ လူငယ် ဂိုးသမား ဒင်းဟန်ဒါဆန်က နောက်ရာသီ အသင်းမှာ ပြန်လာမှာ ဖြစ်ပြီး ဒီဂီယာကို ဖိအားပေးလာတော့မှာ ဖြစ်ပါတယ်။

ယူနိုက်တက် လူငယ်ကစားသမား ဂျိမ်းစ် ဂါနာဟာ အသင်းရဲ့ ဘောလုံးရာသီ ပြီးဆုံးသွားပြီ ဖြစ်တာကြောင့် အငှား ထွက် ကစားဖို့ ရှာဖွေတော့မှာ ဖြစ်ပါတယ်။

မန်ချက်စတာ ယူနိုက်တက် U21 လူငယ်အသင်းဟာ EFL ဖလား ပြိုင်ပွဲမှာ ဆဲလ်ဖို့ဒ် စီးတီးအသင်းနဲ့ ရင်ဆိုင် ယှဉ်ပြိုင်ရမယ်လို့ မဲခွဲရလဒ်မှာ ထွက်ပေါ်လာပါတယ်။

အင်တာမီလန် အသင်းနဲ့ အတူ ယူရိုပါလိဂ် ဗိုလ်လုပွဲ တက်ရောက်သွားပြီး ဖြစ်တဲ့ တိုက်စစ်မှူး လူကာကူ ကတော့ အသင်းဟောင်း ယူနိုက်တက်ဟာ ကောင်းမွန်တဲ့ အစုအဖွဲ့တွေနဲ့ ဘောလုံးရာသီ ကောင်း ပိုင်ဆိုင်ခဲ့ပြီး နောက်ရာသီမှာ ပိုပြီး ကောင်းလာဦးမှာ ဖြစ်တယ်လို့ ထောက်ခံ ပြောဆိုခဲ့ပါတယ်။

Zawgyi – တစ္သင္းလံုး နီးပါး အေရာင္းစာရင္းတင္ထားတဲ့ ဘာစီလိုနာ အသင္းထံကေန ယူနုိက္တက္က ဒမ္ဘီလီ၊ ဗီဒယ္၊ ရာကီတစ္နဲ႕ အမ္တီတီ တို႔ ေလးဦးကို ေခၚယူဖို႔ စိတ္၀င္စားဟန္ ျပသေနပါတယ္။

ျပီးခဲ့တဲ့ ၂၀၁၉-၂၀ ေဘာလံုးရာသီမွာ ထိပ္တန္း ဂိုးေထာက္ပံ့မႈ ျပဳလုပ္နုိင္သူေတြက တိုက္စစ္မွဴး မာရွယ္နဲ႕ ရက္ဖို႔ဒ္တို႔ ျဖစ္ျပီး ဂိုးေထာက္ပံ့မႈ ၉ ၾကိမ္စီနဲ႕ ပထမ ေနရာမွာ ရွိေနပါတယ္။ ဇန္န၀ါရီလမွ ေရာက္လာခဲ့တဲ့ ဘရူနို ဖာနန္ဒက္စ္ကေတာ့ ဂိုးေထာက္ပံ့မႈ ၈ ၾကိမ္ ျပဳလုပ္ထားပါတယ္။

ယူနိုက္တက္ရဲ႕ ပြဲထြက္ ဂိုးသမား ဒီဂီယာကေတာ့ ၄င္းရဲ႕ ေနရာအတြက္ စိုးရိမ္ျခင္း မရွိဘဲ နံပါတ္ ၁ ဂိုးသမား ေနရာကို ဆက္လက္ ထိန္းသိမ္းသြားနိုင္မယ္လို႔ ယံုၾကည္ခ်က္ ရွိေနပါတယ္။ အငွားထြက္ေနတဲ့ လူငယ္ ဂိုးသမား ဒင္းဟန္ဒါဆန္က ေနာက္ရာသီ အသင္းမွာ ျပန္လာမွာ ျဖစ္ျပီး ဒီဂီယာကို ဖိအားေပးလာေတာ့မွာ ျဖစ္ပါတယ္။

ယူနုိက္တက္ လူငယ္ကစားသမား ဂ်ိမ္းစ္ ဂါနာဟာ အသင္းရဲ႕ ေဘာလံုးရာသီ ျပီးဆံုးသြားျပီ ျဖစ္တာေၾကာင့္ အငွား ထြက္ ကစားဖို႔ ရွာေဖြေတာ့မွာ ျဖစ္ပါတယ္။

မန္ခ်က္စတာ ယူနုိက္တက္ U21 လူငယ္အသင္းဟာ EFL ဖလား ျပိဳင္ပြဲမွာ ဆဲလ္ဖို႔ဒ္ စီးတီးအသင္းနဲ႕ ရင္ဆိုင္ ယွဥ္ျပိဳင္ရမယ္လို႔ မဲခြဲရလဒ္မွာ ထြက္ေပၚလာပါတယ္။

အင္တာမီလန္ အသင္းနဲ႕ အတူ ယူရိုပါလိဂ္ ဗိုလ္လုပြဲ တက္ေရာက္သြားျပီး ျဖစ္တဲ့ တိုက္စစ္မွဴး လူကာကူ ကေတာ့ အသင္းေဟာင္း ယူနုိက္တက္ဟာ ေကာင္းမြန္တဲ့ အစုအဖြဲ႕ေတြနဲ႕ ေဘာလံုးရာသီ ေကာင္း ပိုင္ဆိုင္ခဲ့ျပီး ေနာက္ရာသီမွာ ပိုျပီး ေကာင္းလာဦးမွာ ျဖစ္တယ္လို႔ ေထာက္ခံ ေျပာဆိုခဲ့ပါတယ္။