ဝီလီယံ ချယ်ဆီးက ထွက်လာပြီးနောက် အာဆင်နယ်ထံ ပြောင်းလာဖို့ စည်းရုံးဆွဲဆောင်ခဲ့တဲ့ ဂန်းနားအသင်းသား

အာဆင်နယ် ကစားသမားသစ် ဖြစ်လာတဲ့ ဘရာဇီးသား တောင်ပံတိုက်စစ်သမား ဝီလီယံက ချယ်ဆီးကနေ ထွက်လာပြီးနောက် ၎င်းကို အာဆင်နယ် ပြောင်းလာဖို့ အဓိက စည်းရုံးဆွဲဆောင်ခဲ့တဲ့ အာဆင်နယ်အသင်းသား တစ်ဦး ရှိကြောင်း ထုတ်ဖော်ပြောဆိုလာပါတယ်။ ၎င်းကတော့ ဝီလီယံရဲ့ အသင်းဖော်ဟောင်း ဒေးဗစ်လူးဝစ်ပါ။

ဝီလီယံဟာ စတန်းဖို့ဘရစ်ချ်မှာ ၇ နှစ်တာ ကစားခဲ့တဲ့ ကာလရှည်ကြီးကို ဒီနွေမှာ အဆုံးသတ်ခဲ့ပြီးနောက် လန်ဒန်မြို့ခံပြိုင်ဘက် အာဆင်နယ် အသင်းထံ သုံးနှစ် စာချုပ်နဲ့ ပြောင်းရွှေ့သွားခဲ့ပါတယ်။ ဘရာဇီးသား တောင်ပံတိုက်စစ်သမားဟာ ချယ်ဆီးအသင်းနဲ့ အတူ ပွဲ ၃၀၀ ကျော် ကစားပြီး ပရီးမီးယားလိဂ် ဖလား နှစ်ကြိမ်၊ ယူရိုပါလိဂ်နဲ့ အက်ဖ်အေဖလားတို့ ဗိုလ်စွဲခဲ့ပါတယ်။

အမ်းမရိတ် ရောက်လာပြီး နည်းပြ အာတီတာနဲ့ အတူလည်း ဒိထက် ပိုမိုတဲ့ အောင်မြင်မှုတွေ ရယူနိုင်မယ်လို့ ဝီလီယံက ယုံကြည် မျှော်လင့်ထားပါတယ်။ ဒါ့အပြင် ၎င်းနဲ့ ချယ်ဆီး အတူကစားခဲ့တဲ့ အသင်းဖော်ဟောင်း ဘရာဇီး လက်ရွေးစင် အသင်းမှာ အတူ ကစားနေတဲ့ ဒေးဗစ် လူးဝစ်နဲ့ ပြန် ပူးပေါင်းရမှာအတွက်လည်း ဝီလီယံက ဝမ်းမြောက်နေပါတယ်။

” သူ (ဒေးဗစ်လူးဝစ်) ကတော့ တော်တော် ပျော်နေတာ။ ကျနေ်ာတို့က နိုင်ငံအသင်းမှာ အတူ ကစားခဲ့ကြတယ်။ ချယ်ဆီးမှာလည်း အတူ ကစားခဲ့တယ်။ အခု တခါ အာဆင်နယ်မှာပေါ့။ ကျနော်တို့ အတူ ကောင်းတဲ့ အရာတွေ အကောင်အထည် ဖော်နိုင်လိမ့်မယ် မျှော်လင့်ထားတယ်။

သူနဲ့ အခုလို ပြန်ဆုံရတာ သိပ်ပျော်နေတယ်။ သူကလည်း ကျနော့်ကို အာဆင်နယ်ကို လာခဲ့ လာခဲ့၊ ငါ မင်းကို လာစေချင်တယ် တဖွဖွ ပြောနေခဲ့တာ။ သူက လူကောင်း တစ်ယောက်၊ ထိပ်တန်း ကစားသမား တစ်ယောက်ဖြစ်တယ်။ သူနဲ့လည်း ပြန် အတူ ကစားရတော့မှာ ဖြစ်လို့ စိတ်လှုပ်ရှားမိပါတယ်။ ” လို့ ဝီလီယံက လူးဝစ် အကြောင်း ဖွင့်ဟခဲ့ပါတယ်။

ဒါ့အပြင် လူးဝစ်က ယခင် ချယ်ဆီးအသင်းမှာတုန်းကလည်း ခက်ခဲတဲ့ ကာလတွေ ကြုံတိုင်း နှစ်သိမ့် အကူအညီပေးလေ့ ရှိသူဖြစ်ကြောင်းလည်း ဝီလီယံ က ဖွင့်ဟ ပြောဆိုသွားခဲ့ပါတယ်။

Zawgyi – အာဆင္နယ္ ကစားသမားသစ္ ျဖစ္လာတဲ့ ဘရာဇီးသား ေတာင္ပံတိုက္စစ္သမား ၀ီလီယံက ခ်ယ္ဆီးကေန ထြက္လာျပီးေနာက္ ၄င္းကို အာဆင္နယ္ ေျပာင္းလာဖို႔ အဓိက စည္းရံုးဆြဲေဆာင္ခဲ့တဲ့ အာဆင္နယ္အသင္းသား တစ္ဦး ရွိေၾကာင္း ထုတ္ေဖာ္ေျပာဆိုလာပါတယ္။ ၄င္းကေတာ့ ၀ီလီယံရဲ႕ အသင္းေဖာ္ေဟာင္း ေဒးဗစ္လူး၀စ္ပါ။

၀ီလီယံဟာ စတန္းဖို႔ဘရစ္ခ်္မွာ ၇ နွစ္တာ ကစားခဲ့တဲ့ ကာလရွည္ၾကီးကို ဒီေႏြမွာ အဆံုးသတ္ခဲ့ျပီးေနာက္ လန္ဒန္ျမိဳ႔ခံျပိဳင္ဘက္ အာဆင္နယ္ အသင္းထံ သံုးနွစ္ စာခ်ဳပ္နဲ႕ ေျပာင္းေရႊ႕သြားခဲ့ပါတယ္။ ဘရာဇီးသား ေတာင္ပံတိုက္စစ္သမားဟာ ခ်ယ္ဆီးအသင္းနဲ႕ အတူ ပြဲ ၃၀၀ ေက်ာ္ ကစားျပီး ပရီးမီးယားလိဂ္ ဖလား နွစ္ၾကိမ္၊ ယူရိုပါလိဂ္နဲ႕ အက္ဖ္ေအဖလားတို႔ ဗိုလ္စြဲခဲ့ပါတယ္။

အမ္းမရိတ္ ေရာက္လာျပီး နည္းျပ အာတီတာနဲ႕ အတူလည္း ဒိထက္ ပိုမိုတဲ့ ေအာင္ျမင္မႈေတြ ရယူနုိင္မယ္လို႔ ၀ီလီယံက ယံုၾကည္ ေမွ်ာ္လင့္ထားပါတယ္။ ဒါ့အျပင္ ၄င္းနဲ႕ ခ်ယ္ဆီး အတူကစားခဲ့တဲ့ အသင္းေဖာ္ေဟာင္း ဘရာဇီး လက္ေရြးစင္ အသင္းမွာ အတူ ကစားေနတဲ့ ေဒးဗစ္ လူး၀စ္နဲ႕ ျပန္ ပူးေပါင္းရမွာအတြက္လည္း ၀ီလီယံက ၀မ္းေျမာက္ေနပါတယ္။

” သူ (ေဒးဗစ္လူး၀စ္) ကေတာ့ ေတာ္ေတာ္ ေပ်ာ္ေနတာ။ က်ေန္ာတို႔က နုိင္ငံအသင္းမွာ အတူ ကစားခဲ့ၾကတယ္။ ခ်ယ္ဆီးမွာလည္း အတူ ကစားခဲ့တယ္။ အခု တခါ အာဆင္နယ္မွာေပါ့။ က်ေနာ္တို႕ အတူ ေကာင္းတဲ့ အရာေတြ အေကာင္အထည္ ေဖာ္နုိင္လိမ့္မယ္ ေမွ်ာ္လင့္ထားတယ္။

သူနဲ႕ အခုလို ျပန္ဆံုရတာ သိပ္ေပ်ာ္ေနတယ္။ သူကလည္း က်ေနာ့္ကို အာဆင္နယ္ကို လာခဲ့ လာခဲ့၊ ငါ မင္းကို လာေစခ်င္တယ္ တဖြဖြ ေျပာေနခဲ့တာ။ သူက လူေကာင္း တစ္ေယာက္၊ ထိပ္တန္း ကစားသမား တစ္ေယာက္ျဖစ္တယ္။ သူနဲ႕လည္း ျပန္ အတူ ကစားရေတာ့မွာ ျဖစ္လို႔ စိတ္လႈပ္ရွားမိပါတယ္။ ” လို႔ ၀ီလီယံက လူး၀စ္ အေၾကာင္း ဖြင့္ဟခဲ့ပါတယ္။

ဒါ့အျပင္ လူး၀စ္က ယခင္ ခ်ယ္ဆီးအသင္းမွာတုန္းကလည္း ခက္ခဲတဲ့ ကာလေတြ ၾကံဳတိုင္း နွစ္သိမ့္ အကူအညီေပးေလ့ ရွိသူျဖစ္ေၾကာင္းလည္း ၀ီလီယံ က ဖြင့္ဟ ေျပာဆိုသြားခဲ့ပါတယ္။