ယူနိုက်တက်မှာ အဆင်မပြေတော့တဲ့ တိုက်စစ်သမား ဆန်ချို က ဒေါ့မွန် မန်နေဂျာ တာဇစ်နဲ့ အဆက်သွယ် ရှိနေပြီး လာမယ့် ဇန်နဝါရီမှာ သူ့အသင်းဟောင်း ဒေါ့မွန်ထံ ပြန်ပြောင်းဖို့ စီစဉ်နေကြောင်း သိရပါတယ်။
ဘရူနို ဂွီးမားရက်စ်ဟာ နယူးကာဆယ် အသင်းမှာ ၂၀၂၈ ထိ ရှိစေမယ့် စာချုပ်သစ် တစ်ရပ် သက်တမ်းတိုး လက်မှတ် ထိုးလိုက်ပြီ ဖြစ်ပါတယ်။ စာချုပ်သစ်မှာ စာချုပ် ဖျက်သိမ်းကြေး ပေါင် သန်း ၁ဝဝ ပါဝင်တယ် လို့လည်း သတင်းထောက် ရိုမန်နိုက ဖော်ထုတ်ထားပါတယ်။
ချယ်ဆီးအသင်းဟာ အေစီမီလန်မှ ပြင်သစ် ဂိုးသမား မိုက် မေဂ်နန် ကို ခေါ်ယူဖို့ ပစ်မှတ်ထားလာပါတယ်။ အသက် ၂၇ နှစ် အရွယ် ဂိုးသမားက အေစီနဲ့ ၂၀၂၆ ထိ စာချုပ်ရှိနေသူပါ။
လီဗာပူးအသင်းဟာ ဝုဗ် တိုက်စစ်မှုး ပီဒရို နီတို ကို ဆာလာ နေရာ အစားထိုးဖို့ ချိန်ရွယ်လာပါတယ်။ အီဂျစ်သား တိုက်စစ်မှုးဟာ နောက်နှစ် နွေမှာ ဆော်ဒီပရိုလိဂ်ထံ ရောက်သွားဖွယ် ရှိနေပါတယ်။
ဇာလက်တန် အေဗရာမိုဗစ်က အသက် ၁၇ နှစ် အရွယ်မှာ အာဆင်နယ်ရဲ့ ဖိတ်ခေါ်မှု ရခဲ့ပေမယ့် ငြင်းဆန် ပယ်ချျခဲ့ကြောင်း ဖော်ထုတ်လာပါတယ်။ အာဆင်ဝင်းဂါးက ဇာလက်တန်အား အစမ်း လာ ကစားဖို့ ခေါ်ခဲ့တာ ဖြစ်ပြီး ဆွီဒင်သားကတော့ သူက အကောင်းဆုံး ကစားသမား ဖြစ်လို့ အစမ်း ဘာလို့ ကစားရမှာလဲ ဆိုပြီး ငြင်းခဲ့တာ ဖြစ်ပါတယ်။
အာဆင်နယ်က ဘန်ဝှိုက်ကို စာချု့်သစ် သက်တမ်းတိုးဖို့ ဆွေးနွေးမှု နောက်တစ်ကြော့ ထပ်မံ ပြုလုပ်တော့မှာ ဖြစ်ပါတယ်။
တော့တင်ဟမ် စပါးအသင်းဟာ နည်းပြ ပိုစတီကိုဂလူရဲ့ အစီအစဉ်တွေမှာ အံဝင်ခြင်း မရှိတဲ့ အဲရစ် ဒိုင်ယာကို လာမယ့် ဇန်နဝါရီမှာ ရောင်းချဖို့ စီစဉ်နေပါတယ်။