လန်းစ်ကို အာဆင်နယ် ရှုံးခဲ့ပေမယ့် ဒါက ကောင်းဖို့ ဖြစ်လာတာပါ ဆိုလာတဲ့ ဒီကလန်ရိုက်စ်

အာဆင်နယ် အသင်းဟာ မနေ့ညက လန်းစ်အသင်းကို ချန်ပီယံလိဂ် အုပ်စုပွဲ အဖြစ် အဝေးကွင်း သွားရောက် ရင်ဆိုင်ခဲ့ရာ ၂-၁ နဲ့ အရေးနိမ့်သွားခဲ့ရပါတယ်။

အာဆင်နယ် ကွင်းလယ် ကစားသမား ဒီကလန်ရိုက်စ် ကတော့ ရှုံးခဲ့တယ် ဆိုပေမယ့် အာဆင်နယ် အတွက် ကောင်းပါတယ် လို့ ပွဲ အပြီးမှာ ဖြေသိမ့်စကား ဆိုခဲ့ပါတယ်။

ရိုက်စ် က ” (သူတို့ ချေပဂိုး မသွင်းခင် အထိ) ကျွန်တော်တို့က ပွဲကို လုံးဝ လွှမ်းမိုး ထိန်းချုပ်ထားနိုင်ခဲ့တာပါ။ သူတို့က လွယ်ကူတဲ့ ပြိုင်ဘက် အသင်း မဟုတ်ပါဘူး။

သူတို့က ကွင်းထဲမှာ တစ်ယောက်ချင်းကို လိုက်ကပ်ထားပြီး ချက်ချင်းဆိုသလို လိုက်ပြီး ဖိအားပေး နေတာ၊ ဘောလုံးကို ပြန်ရအောင် ယူဖို့ ကြိုးစားကြတယ်။ ကျွန်တော်တို့ဘက်ကလည်း အလှည့်အပြောင်းတွေ လုပ်ခဲ့တယ်။ အတော် ကောင်းကောင်းလည်း လုပ်နိုင်ခဲ့ပါတယ်။ ဒီညပွဲမှာ အဆုံးသတ်လေးတွေ နည်းနည်းလိုနေခဲ့လို့ပါ။

သူတို့ ခံစစ် ကစားတာလည်း ကောင်းတယ်။ သူတို့ ဗဟိုခံစစ်သမား တချို့က လုံးဝ အံ့ဖွယ် ခြေစွမ်းတွေ ပြခဲ့ကြတာ၊ ဒါကို အသိအမှတ် ပြုရမှာပါ။

ဒါပေမယ့် ကျွန်တော် ပြောမယ်။ ဒါက ကျွန်တော်တို့အတွက် ကောင်းဖို့ ဖြစ်လာတာပါ။ ရှုံးသွားတယ် ဆိုတာ မှန်တယ်။ သို့သော် ဒီည ပွဲကနေ အများကြီး သင်ယူနိုင်တယ်။ ပြီးရင် ပြန် ရုန်းထမှာပေါ့။ ” လို့ ပွဲပြီး အင်တာဗျူးမှာ ပြောဆိုသွြးတာ ဖြစ်ပါတယ်။

အာဆင်နယ် အသင်းဟာ ဒီရာသီ သူတို့ရဲ့ ပထမဆုံး ရှုံးပွဲကို ပြင်သစ်မှာ ကြုံလိုက်ရတာလည်း ဖြစ်ပါတယ်။ ဒီသီတင်းပတ် အကုန်မှာတော့ အာဆင်နယ်က မန်စီးတီး ကို ပရီးမီးယားလိဂ်မှာ ရင်ဆိုင်ဖို့ ရှိနေပါတယ်။