အသင်းရလဒ်တွေ ဆိုးနေပေမယ့် မန်ယူအကြီးအကဲတွေက ဒါ တန်ဟက်ကြောင့် မဟုတ်ဘူးလို့ ယူဆနေရခြင်း အကြောင်းရင်း

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ရလဒ်တွေ မကောင်းဘဲ ဆိုးရွားတဲ့ ရာသီစကို ပိုင်ဆိုင်နေပေမယ့်လို့ နည်းပြ တန်ဟက်ကို ရာထူးကနေ ထုတ်ပယ်ဖို့ စဉ်းစားနေခြင်း မရှိကြောင်း ဂါးဒီးယန်း သတင်းစာက အခိုင်အမာ ဖော်ပြသွားပါတယ်။

နည်းပြတန်ဟက်ရဲ့ ရာထူးနေရာဟာ လုံခြုံမှုရှိပြီး ကလပ်အသင်း အကြီးအကဲတွေက နယ်သာလန်သားအပေါ် ဆက်လက် ယုံကြည်နေဆဲ ဖြစ်ပါတယ်။

ဒီရာသီ ယူနိုက်တက်တို့ ရုန်းကန်နေရခြင်းဟာ ဒဏ်ရာ ပြဿနာတွေကြောင့် အဖြစ် ကလပ် အကြီးအကဲတွေ ဘက်က ယုံကြည်နေတယ်။ လက်ရှိ အချိန်ထိ ယူနိုက်တက် အသင်းသား ၁၂ ဦးလောက်ကို ကြံ့ခိုင်မှုပိုင်း အခြေအနေ တွေကြောင့် လက်လွတ်ထားရပါတယ်။

မန်ချက်စတာ ယူနိုက်တက်ကတော့ အသက် ၅၃ နှစ်အရွယ် တန်ဟက်ဟာ ကလပ်ကို လမ်းကြောင်းမှန်တွေထံ ဆွဲတင်ပေးနိုင်မယ့် မန်နေဂျာအဖြစ် မျှော်လင့်ထားသလို မကြာခင်မှာ ရလဒ်ကောင်းတွေ ရလာမယ်လို့ မြင်ထားဆဲဖြစ်တယ်။

ဂါလာတာစာရေးကို ရှုံးနိမ့်ခဲ့အပြီးမှာလည်း နည်းပြ တန်ဟက်က သတင်းထောက်တွေကို အသင်းရဲ့ အကြီးအကဲတွေက သူ့ကို အားပေးထောက်ခံနေဆဲ ဖြစ်ကြောင်း ထုတ်ဖော် ပြောဆိုထားပါတယ်။