ယူရို သန်း ၂၀၀ တန်ကြေးရှိတဲ့ ဟာဗက် အပြောင်းအရွှေ့ကိစ္စ မကြာခင် အပြီးသတ်တော့မည်

ချယ်ဆီးနဲ့ လေဗာကူဆင်တို့ဟာ ကိုင်းဟာဗက် အပြောင်းအရွှေ့အတွက် ဆက်လက် စကားပြောနေကာ ကစားသမားနဲ့တော့ ပုဂ္ဂိုလ်ရေး သဘောတူညီမှု ရထားပြီဖြစ်ကြောင်း တယ်လီဂရပ်က ဖော်ပြပါတယ်။

ချယ်ဆီးနဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ ညိနှိုင်းမှု ပြီးမြောက်ထားတဲ့ ကစားသမား ကိုယ်တိုင်ကလည်း အပြောင်းအရွှေ့နဲ့ ပက်သက်ပြီး လေဗာကူဆင်ကို တွန်းအားပေးထားတယ်။ တနင်္လာနေ့မှာ နှစ်သင်းကြား ဆွေးနွေးမှု လုပ်ခဲ့ကြပြီး ဟာဗက်ရဲ့ ပြောင်းရွှေ့ကြေးအတွက် လေဗာကူဆင် တောင်းခံတဲ့ ကြေးနဲ့ ချယ်ဆီး ကမ်းလှမ်းတဲ့ကြေးက ယူရို သန်း ၂၀ ကွာဟနေပါတယ်။

ချယ်ဆီးဘက်က စွမ်းဆောင်ရည်အလိုက်နဲ့ နောက်ထပ် ဆုကြေးတွေပါမယ့် ကမ်းလှမ်းမှုကို ထည့်သွင်း အသုံးပြုနေပါတယ်။ ပြောင်းရွှေ့ကြေးနဲ့ ပက်သက်လို့ သဘောတူညီမှု မရသေးပေမယ့် ချယ်ဆီးဘက်က ကနဦး ပြောင်းရွှေ့ကြေး ယူရို သန်း ၈၀ နဲ့ စွမ်းဆောင်ရည်အလိုက် ယူရို သန်း ၂၀ တို့နဲ့ ညိနှိုင်းနေတယ်လို့ သိရတယ်။

ကစားသမားက ချယ်ဆီးနဲ့ ၅ နှစ် စာချုပ် ချုပ်ဆိုမှာဖြစ်ပြီး အဆိုပါ စာချုပ်ကလည်း လုပ်ခတွေ အပါအဝင် ယူရို သန်း ၁၀၀ တန်ကြေးရှိတယ်လို့ သိရတယ်။ ဒါကြောင် ချယ်ဆီးနဲ့ ဟာဗက်တို့ရဲ့ စာချုပ်ဟာ ယူရို သန်း ၂၀၀ ထိ တန်ကြေးရှိပါလိမ့်မယ်။

လက်ရှိမှာတော့ ကစားသမားဘက်က သဘောတူညီထားတာကြောင့် ချယ်ဆီးနဲ့ လေဗာကူဆင်ကြား ပြောင်းရွှေ့ကြေးကိစ္စ ဆက်ညိနှိုင်းနေဆဲပါ။ သေချာသလောက်ကတော့ ဟာဗက်ဟာ ဂျာမနီ ကစားသမားတွေထဲမှာ တန်ကြေးအကြီးဆုံး ကစားသမား ဖြစ်လာပါမယ်။

ZAWGYI – ခ်ယ္ဆီးနဲ႔ ေလဗာကူဆင္တို႔ဟာ ကိုင္းဟာဗက္ အေျပာင္းအေ႐ႊ႕အတြက္ ဆက္လက္ စကားေျပာေနကာ ကစားသမားနဲ႔ေတာ့ ပုဂၢိဳလ္ေရး သေဘာတူညီမႈ ရထားျပီျဖစ္ေၾကာင္း တယ္လီဂရပ္က ေဖာ္ျပပါတယ္။

ခ်ယ္ဆီးနဲ႔ ပုဂၢိဳလ္ေရးဆုိင္ရာ ညိႏိႈင္းမႈ ျပီးေျမာက္ထားတဲ့ ကစားသမား ကိုယ္တိုင္ကလည္း အေျပာင္းအေရႊ႔နဲ႔ ပက္သက္ျပီး ေလဗာကူဆင္ကို တြန္းအားေပးထားတယ္။ တနလၤာေန႔မွာ ႏွစ္သင္းၾကား ေဆြးေႏြးမႈ လုပ္ခဲ့ၾကၿပီး ဟာဗက္ရဲ႕ ေျပာင္းေ႐ႊ႕ေၾကးအတြက္ ေလဗာကူဆင္ ေတာင္းခံတဲ့ ေၾကးနဲ႔ ခ်ယ္ဆီး ကမ္းလွမ္းတဲ့ေၾကးက ယူ႐ို သန္း ၂၀ ကြာဟေနပါတယ္။

ခ်ယ္ဆီးဘက္က စြမ္းေဆာင္ရည္အလိုက္နဲ႔ ေနာက္ထပ္ ဆုေၾကးေတြပါမယ့္ ကမ္းလွမ္းမႈကို ထည့္သြင္း အသုံးျပဳေနပါတယ္။ ေျပာင္းေရႊ႔ေၾကးနဲ႔ ပက္သက္လို႔ သေဘာတူညီမႈ မရေသးေပမယ့္ ခ်ယ္ဆီးဘက္က ကနဦး ေျပာင္းေရႊ႔ေၾကး ယူရို သန္း ၈၀ နဲ႔ စြမ္းေဆာင္ရည္အလိုက္ ယူရို သန္း ၂၀ တို႔နဲ႔ ညိႏိႈင္းေနတယ္လို႔ သိရတယ္။

ကစားသမားက ခ်ယ္ဆီးနဲ႔ ၅ ႏွစ္ စာခ်ဳပ္ ခ်ဳပ္ဆိုမွာျဖစ္ျပီး အဆိုပါ စာခ်ဳပ္ကလည္း လုပ္ခေတြ အပါအဝင္ ယူရို သန္း ၁၀၀ တန္ေၾကးရွိတယ္လို႔ သိရတယ္။ ဒါေၾကာင္ ခ်ယ္ဆီးနဲ႔ ဟာဗက္တို႔ရဲ႕ စာခ်ဳပ္ဟာ ယူရို သန္း ၂၀၀ ထိ တန္ေၾကးရွိပါလိမ့္မယ္။

လက္ရွိမွာေတာ့ ကစားသမားဘက္က သေဘာတူညီထားတာေၾကာင့္ ခ်ယ္ဆီးနဲ႔ ေလဗာကူဆင္ၾကား ေျပာင္းေရႊ႔ေၾကးကိစၥ ဆက္ညိႏိႈင္းေနဆဲပါ။ ေသခ်ာသေလာက္ကေတာ့ ဟာဗက္ဟာ ဂ်ာမနီ ကစားသမားေတြထဲမွာ တန္ေၾကးအႀကီးဆုံး ကစားသမား ျဖစ္လာပါမယ္။