တိုက်စစ်မှူး ကာဗာနီနဲ့ ခံစစ်မှူး ကူလီဘိုင်လေ လို နာမည်ကျော်တွေ ယူနိုက်တက် အရ ခေါ်ဖို့ တိုက်တွန်းမှု ထွက်ပေါ်

မန်ချက်စတာ ယူနိုက်တက်ဟာ ဒီနွေမှာ အရည်အသွေးရှိ နာမည်ကျော် ကစားသမားတွေ ဖြစ်တဲ့ ဥရုဂွေးသား တိုက်စစ်မှူး ကာဗာနီနဲ့ နာပိုလီ ဗဟိုခံစစ်မှူး ကူလီဘိုင်လေ တို့ကို အရ ခေါ်ယူသင့်ကြောင်း ယူနိုက်တက် တိုက်စစ်မှူးဟောင်း လူးဝစ်ဆာဟာက ထုတ်ဖော် တိုက်တွန်းလိုက်ပါတယ်။

အသက် ၃၃ နှစ် ရှိပြီ ဖြစ်တဲ့ တိုက်စစ်မှူး ကာဗာနီဟာ ပီအက်စ်ဂျီနဲ့ စာချုပ် ကုန်ဆုံးပြီ ဖြစ်လို့ ယူနိုက်တက်တို့ ပြောင်းရွှေ့ကြေး အလွတ်နဲ့ ခေါ်ယူနိုင်မှာ ဖြစ်ပြီး နာပိုလီ ခံစစ်မှူး ကူလီဘိုင်လေကလည်း ဥရောပ တခွင်မှာ အလိုရှိ အခံရဆုံး ခံစစ်မှူး တစ်ဦး ဖြစ်ပါတယ်။ ယူနိုက်တက် နည်းပြ ဆိုးရှားက အသင်းမှာ လိုအပ်ချက်တွေ ရှိနေသေးတာ ကောင်းစွာ သိမြင်ထားပြီး ဆန်ချို၊ ဂရေးလစ်ချ် တို့ကို ချိတ်ဆက်မှုတွေ ပြုလုပ်နေပါတယ်။

ဆာဟာ ကတော့ ကာဗာနီဟာ ယူနိုက်တက် တိုက်စစ်ကို ဈေးချိုချိုနဲ့ အရှိန်မြှင့်ပေးနိုင်မယ့် သူလို့ ယုံကြည်နေပြီး ခံစစ်မှာလည်း လက်ရှိ ယူနိုက်တက် အနေအထားက စိုးရိမ်စရာလောက် မဟုတ်ပေမယ့် စီးတီး ပစ်မှတ်ထားနေတဲ့ ကူလီဘိုင်လေကို ခေါ်ယူသင့်ကြောင်း အကြံပြုလာခဲ့တာပါ။

” ယူနိုက်တက်က ဒီနွေမှာ ကာဗာနီကို မခေါ်ယူဘူး ဆိုရင် ပြိုင်ဘက်တွေကို လှည့်စားနိုင်ခွင့် ဆုံးရှုံးမှာပဲ။ ကျနော် သူ့ကို စောင့်ကြည့်လာတာ နှစ်တွေ အများကြီးပဲ။ သူ့ကို ယူနိုက်တက်က ခေါ်ယူဖို့ မကြိုးစားတာ ကျနော် အသည်းယားမိတယ်။ ကျနော့် အမြင်တော့ ကာဗာနီက ဒီနွေမှာ အခေါ်သင့်ဆုံးပဲ။ ဂိုးအမြင် ကောင်းကောင်း ရှိတယ်။ အရည်အချင်းကောင်းတွေနဲ့ ဦးဆောင်နိုင်မှု ရှိတယ်။ သူ့ လို အရည်အချင်းနဲ့ ကစားသမာ ဈေးကွက်ထဲမှာ တွေ့ဖို့ ခက်ပါတယ်။

နောက်ပြီး ကျနော်က လင်ဒီလော့ဖ်ရဲ့ ပရိသတ် အကြီးစားပဲ။ ဆီဗီလာနဲ့ ပွဲမှာ သူ အမှားလုပ်ခဲ့တယ် ဆိုပေမယ့် ဒီရာသီ တလျောက်လုံး မက်ဂွဲရားနဲ့ အတွဲညီညီ ကစားပေးခဲ့တယ် တည်ငြိမ်ခဲ့တယ် ထင်ပါတယ်။ တကယ်လို့ ယူနိုကတက်က တကယ်ကို ဗဟိုခံစစ် တစ်ယောက် ခေါ်ဖို့ ရှိတယ်ဆိုရင် ရွေးစရာက ကူလီဘိုင်လေ အမြင်သာဆုံးပဲ။ ကျနော် သူ့ကိုလည်း တော်တော် သဘောကျပါတယ်။ သူူက တောင့်တင်းပြီး ကစားတာ သေသပ်တဲ့သူပါ။ ပြိုင်ဘက်တွေကို တစ်ဦးချင်းတောင် ကောင်းစွာ ခြိမ်းခြောက်နိုင်ပါတယ်။ ဒီလို အနေအထားနဲ့ ကစားသမားမျိုး အိုးထရက်ဖို့ဒ်မှာ များများ ရှိလေ ကောင်းလေပဲ။ ” လို့ ဆာဟာက သုံးသပ် တိုက်တွန်းခဲ့ပါတယ်။

ယူနိုက်တက် နည်းပြ ဆိုးရှားကလည်း ဆီဗီလာနဲ့ ပွဲအပြီးမှာ အသင်းမှာ လိုအပ်ချက်တွေ များစွာ ရှိသေးပြီး ငွေသုံး လူအင်အား ဖြည့်တင်းရမယ်လို့ ပေါ်တင် ထုတ်ဖော် ပြောကြားထားပြီး ကစားသမားကောင်းတွေ ရှာဖွေ ချိတ်ဆက်နေပါတယ်။

Zawgyi – မန္ခ်က္စတာ ယူနိုက္တက္ဟာ ဒီေႏြမွာ အရည္အေသြးရွိ နာမည္ေက်ာ္ ကစားသမားေတြ ျဖစ္တဲ့ ဥရုေဂြးသား တိုက္စစ္မွဴး ကာဗာနီနဲ႕ နာပိုလီ ဗဟိုခံစစ္မွဴး ကူလီဘိုင္ေလ တို႔ကို အရ ေခၚယူသင့္ေၾကာင္း ယူနိုက္တက္ တိုက္စစ္မွဴးေဟာင္း လူး၀စ္ဆာဟာက ထုတ္ေဖာ္ တိုက္တြန္းလိုက္ပါတယ္။

အသက္ ၃၃ နွစ္ ရွိျပီ ျဖစ္တဲ့ တိုက္စစ္မွဴး ကာဗာနီဟာ ပီအက္စ္ဂ်ီနဲ႕ စာခ်ဳပ္ ကုန္ဆံုးျပီ ျဖစ္လို႔ ယူနုိက္တက္တို႔ ေျပာင္းေရႊ႕ေၾကး အလြတ္နဲ႕ ေခၚယူနုိင္မွာ ျဖစ္ျပီး နာပိုလီ ခံစစ္မွဴး ကူလီဘိုင္ေလကလည္း ဥေရာပ တခြင္မွာ အလုိရိွ အခံရဆံုး ခံစစ္မွဴး တစ္ဦး ျဖစ္ပါတယ္။ ယူနုိက္တက္ နည္းျပ ဆိုးရွားက အသင္းမွာ လိုအပ္ခ်က္ေတြ ရွိေနေသးတာ ေကာင္းစြာ သိျမင္ထားျပီး ဆန္ခ်ိဳ၊ ဂေရးလစ္ခ်္ တို႔ကို ခ်ိတ္ဆက္မႈေတြ ျပဳလုပ္ေနပါတယ္။

ဆာဟာ ကေတာ့ ကာဗာနီဟာ ယူနိုက္တက္ တုိက္စစ္ကုိ ေစ်းခ်ိဳခ်ိဳနဲ႕ အရွိန္ျမွင့္ေပးနုိင္မယ့္ သူလို႔ ယံုၾကည္ေနျပီး ခံစစ္မွာလည္း လက္ရွိ ယူနိုက္တက္ အေနအထားက စိုးရိမ္စရာေလာက္ မဟုတ္ေပမယ့္ စီးတီး ပစ္မွတ္ထားေနတဲ့ ကူလီဘိုင္ေလကို ေခၚယူသင့္ေၾကာင္း အၾကံျပဳလာခဲ့တာပါ။

” ယူနုိက္တက္က ဒီေႏြမွာ ကာဗာနီကို မေခၚယူဘူး ဆိုရင္ ျပိဳင္ဘက္ေတြကို လွည့္စားနိုင္ခြင့္ ဆံုးရွံဳးမွာပဲ။ က်ေနာ္ သူ႔ကို ေစာင့္ၾကည့္လာတာ နွစ္ေတြ အမ်ားၾကီးပဲ။ သူ႔ကို ယူနိုက္တက္က ေခၚယူဖို႔ မၾကိဳးစားတာ က်ေနာ္ အသည္းယားမိတယ္။ က်ေနာ့္ အျမင္ေတာ့ ကာဗာနီက ဒီေႏြမွာ အေခၚသင့္ဆံုးပဲ။ ဂိုးအျမင္ ေကာင္းေကာင္း ရွိတယ္။ အရည္အခ်င္းေကာင္းေတြနဲ႕ ဦးေဆာင္နုိင္မႈ ရွိတယ္။ သူ႔ လို အရည္အခ်င္းနဲ႕ ကစားသမာ ေစ်းကြက္ထဲမွာ ေတြ႔ဖို႔ ခက္ပါတယ္။

ေနာက္ျပီး က်ေနာ္က လင္ဒီေလာ့ဖ္ရဲ႕ ပရိသတ္ အၾကီးစားပဲ။ ဆီဗီလာနဲ႕ ပြဲမွာ သူ အမွားလုပ္ခဲ့တယ္ ဆိုေပမယ့္ ဒီရာသီ တေလ်ာက္လံုး မက္ဂြဲရားနဲ႕ အတြဲညီညီ ကစားေပးခဲ့တယ္ တည္ျငိမ္ခဲ့တယ္ ထင္ပါတယ္။ တကယ္လို႔ ယူနို္ကတက္က တကယ္ကို ဗဟိုခံစစ္ တစ္ေယာက္ ေခၚဖို႔ ရွိတယ္ဆိုရင္ ေရြးစရာက ကူလီဘိုင္ေလ အျမင္သာဆံုးပဲ။ က်ေနာ္ သူ႔ကိုလည္း ေတာ္ေတာ္ သေဘာက်ပါတယ္။ သူူက ေတာင့္တင္းျပီး ကစားတာ ေသသပ္တဲ့သူပါ။ ျပိဳင္ဘက္ေတြကို တစ္ဦးခ်င္းေတာင္ ေကာင္းစြာ ျခိမ္းေျခာက္နုိင္ပါတယ္။ ဒီလို အေနအထားနဲ႕ ကစားသမားမ်ိဳး အိုးထရက္ဖို႔ဒ္မွာ မ်ားမ်ား ရွိေလ ေကာင္းေလပဲ။ ” လို႔ ဆာဟာက သံုးသပ္ တိုက္တြန္းခဲ့ပါတယ္။

ယူနိုက္တက္ နည္းျပ ဆိုးရွားကလည္း ဆီဗီလာနဲ႕ ပြဲအျပီးမွာ အသင္းမွာ လိုအပ္ခ်က္ေတြ မ်ားစြာ ရွိေသးျပီး ေငြသံုး လူအင္အား ျဖည့္တင္းရမယ္လို႔ ေပၚတင္ ထုတ္ေဖာ္ ေျပာၾကားထားျပီး ကစားသမားေကာင္းေတြ ရွာေဖြ ခ်ိတ္ဆက္ေနပါတယ္။