လေ့ကျင့်ရေး ပြန်စဖို့ ပြည်ပရောက် ချယ်ဆီးအသင်းသားတွေ ပြန်ရောက်လာ

ချယ်ဆီး စီနီယာအသင်းကြီးက နိုင်ငံခြားသား ကစားသမား တချို့ဟာ ထရိန်နင်တွေ ပြန်စတော့မှာ ဖြစ်တာကြောင့် ပြည်ပကနေ တဖြည်းဖြည်း ပြန်လာနေကြပြီ ဖြစ်ပါတယ်။ လန်ဒန်ပြိုင်ဘက် အာဆင်နယ်အသင်းကတော့ ပြီးခဲ့တဲ့ အပတ်တည်းက ထရိန်နင်ကို ပြန်လည် စတင်နေခဲ့ပါပြီ။

လောလောဆယ် အင်္ဂလန်မှာ ရောက်ရှိနေကြတဲ့ ချယ်ဆီး အသင်းသားတွေကတော့ ကီပါ၊ ဝီလီယံ၊ ပက်ဒရို၊ အလွန်ဆို၊ အီမာဆန်၊ ပူလီဆစ်နဲ့ ခရစ္စတန်ဆန်တို့ ဖြစ်ကြပါတယ်။ ချယ်ဆီးအသင်းဟာ အသင်းသားတွေ မေ ၃ ရက် အရောက် ပြန်လာကြဖို့ တိုက်တွန်း တောင်းဆိုထားခဲ့တာပါ။

ဂိုးသမား ကီပါ၊ ပက်ဒရိုနဲ့ အလွန်ဆိုတို့က ဇာတိမြေ စပိန်က ပြန်လာကြတာ ဖြစ်ပြီး ပူလီဆစ်ကလည်း အမေရိကန်ကနေ လာခဲ့တာပါ။ ခရစ္စတန်ဆန်က ဒိန်းမတ်က ပြန်လာတာ ဖြစ်ပြီး အီမာဆန်ကတော့ အီတလီက ဖြစ်ပါတယ်။

ချယ်ဆီး အပါအဝင် ကလပ်အသင်း တွေက ပွဲနဲ့ ထရိန်နင်တွေ ပြန်မစခင် အစိုးရ ချမှတ်ထားတဲ့ သီးခြားခွဲနေမှု စည်းမျဥ်းတွေကို သေချာ ကြပ်မတ်ဖို့ စောင့်ဆိုင်းနေကြပါတယ်။

ချယ်ဆီးရဲ့ ကော့ဘ်ဟမ်း ထရိန်နင်ကွင်းဟာ မတ်လ လယ်တည်းက ပိတ်ထားခဲ့တာ ဖြစ်ပြီး စတန်းဖို့ဘရစ်ချ် ကွင်းကြီးကတော့ ဒီလထဲမှာ ပြန်ဖွင့်ပြီ ဖြစ်ပါတယ်။ ကစားသမားတွေဟာ လေ့ကျင့်မှုတွေ ပြန်စရင်လည်း တဦးချင်းစီ တဖွဲ့ချင်းစီ သီးခြား ခွဲထုတ် လေ့ကျင့်ရဦးမှာ ဖြစ်ပါတယ်။

ရပ်နားထားတဲ့ ပရီးမီးယားလိဂ် ပွဲတွေကို ဇွန်လထဲမှာ ပြန်စဖို့ အကြမ်းဖျင်း သတ်မှတ်ထားပါတယ်။ ချယ်ဆီး အသင်းက ပရီးမီးယားလိဂ် ပွဲကျန်တွေ အပြင် အက်ဖ်အေဖလားမှာလည်း ကွာတားဖိုင်နယ်ပွဲ လက်စတာနဲ့ ကစားရဦးမှာ ဖြစ်သလို ချန်ပီယံလိဂ်မှာလည်း ဘိုင်ယန်နဲ့ ကစားဖို့ ရှိနေပါသေးတယ်။

Zawgyi – ခ်ယ္ဆီး စီနီယာအသင္းၾကီးက နိုင္ငံျခားသား ကစားသမား တခ်ိဳ႕ဟာ ထရိန္နင္ေတြ ျပန္စေတာ့မွာ ျဖစ္တာေၾကာင့္ ျပည္ပကေန တျဖည္းျဖည္း ျပန္လာေနၾကျပီ ျဖစ္ပါတယ္။ လန္ဒန္ျပိဳင္ဘက္ အာဆင္နယ္အသင္းကေတာ့ ျပီးခဲ့တဲ့ အပတ္တည္းက ထရိန္နင္ကို ျပန္လည္ စတင္ေနခဲ့ပါျပီ။

ေလာေလာဆယ္ အဂၤလန္မွာ ေရာက္ရွိေနၾကတဲ့ ခ်ယ္ဆီး အသင္းသားေတြကေတာ့ ကီပါ၊ ၀ီလီယံ၊ ပက္ဒရို၊ အလြန္ဆို၊ အီမာဆန္၊ ပူလီဆစ္နဲ႕ ခရစၥတန္ဆန္တို႔ ျဖစ္ၾကပါတယ္။ ခ်ယ္ဆီးအသင္းဟာ အသင္းသားေတြ ေမ ၃ ရက္ အေရာက္ ျပန္လာၾကဖို႔ တိုက္တြန္း ေတာင္းဆိုထားခဲ့တာပါ။

ဂိုးသမား ကီပါ၊ ပက္ဒရိုနဲ႕ အလြန္ဆိုတို႔က ဇာတိေျမ စပိန္က ျပန္လာၾကတာ ျဖစ္ျပီး ပူလီဆစ္ကလည္း အေမရိကန္ကေန လာခဲ့တာပါ။ ခရစၥတန္ဆန္က ဒိန္းမတ္က ျပန္လာတာ ျဖစ္ျပီး အီမာဆန္ကေတာ့ အီတလီက ျဖစ္ပါတယ္။

ခ်ယ္ဆီး အပါအ၀င္ ကလပ္အသင္း ေတြက ပြဲနဲ႕ ထရိန္နင္ေတြ ျပန္မစခင္ အစိုးရ ခ်မွတ္ထားတဲ့ သီးျခားခြဲေနမႈ စည္းမ်ဥး္ေတြကို ေသခ်ာ ၾကပ္မတ္ဖို႔ ေစာင့္ဆိုင္းေနၾကပါတယ္။

ခ်ယ္ဆီးရဲ႕ ေကာ့ဘ္ဟမ္း ထရိန္နင္ကြင္းဟာ မတ္လ လယ္တည္းက ပိတ္ထားခဲ့တာ ျဖစ္ျပီး စတန္းဖို႔ဘရစ္ခ်္ ကြင္းၾကီးကေတာ့ ဒီလထဲမွာ ျပန္ဖြင့္ျပီ ျဖစ္ပါတယ္။ ကစားသမားေတြဟာ ေလ့က်င့္မႈေတြ ျပန္စရင္လည္း တဦးခ်င္းစီ တဖြဲ႕ခ်င္းစီ သီးျခား ခြဲထုတ္ ေလ့က်င့္ရဦးမွာ ျဖစ္ပါတယ္။

ရပ္နားထားတဲ့ ပရီးမီးယားလိဂ္ ပြဲေတြကို ဇြန္လထဲမွာ ျပန္စဖို႔ အၾကမ္းဖ်င္း သတ္မွတ္ထားပါတယ္။ ခ်ယ္ဆီး အသင္းက ပရီးမီးယားလိဂ္ ပြဲက်န္ေတြ အျပင္ အက္ဖ္ေအဖလားမွာလည္း ကြာတားဖိုင္နယ္ပြဲ လက္စတာနဲ႕ ကစားရဦးမွာ ျဖစ္သလို ခ်န္ပီယံလိဂ္မွာလည္း ဘိုင္ယန္နဲ႕ ကစားဖို႔ ရွိေနပါေသးတယ္။