ယနေ့ နောက်ဆုံးရ ယူနိုက်တက် အပြောင်းအရွှေ့ သတင်းတိုများ (19/08/20)

ယူနိုက်တက်ဟာ ဆန်ချို အစား ဘုန်းမောက် တောင်ပံတိုက်စစ်သမား ဒေးဗစ် ဘရွတ်ခ်ကို ခေါ်ယူရန် စောင့်ကြည့်နေပြီး တရားဝင် ကမ်းလှမ်းမှုတော့ မပြုလုပ်ရသေးပါဘူး။ ဘရွတ်ခ်ဟာ ယူနိုက်တက် ရေဒါထဲ အချိန်အတော်ကြာ ရှိနေတဲ့ ကစားသမား ဖြစ်ပြီး ပေါင် သန်း ၄၀ လောက် တန်ကြေး ရှိပါတယ်။

မန်ချက်စတာ ယူနိုက်တက် ဒီနွေမှာ ခေါ်ယူသင့်တဲ့ ကစားသမားတွေထဲ ပြောင်းရွှေ့ကြေး အလွတ်နဲ့ ခေါ်နိုင်မယ့် နာမည်ကြီး တိုက်စစ်မှူး ပါဝင်သင့်ကြောင်း ယူနိုက်တက် တိုက်စစ်မှူးဟောင်း ဆာဟာက တိုက်တွန်းခဲ့ပြီး ဗဟိုခံစစ် အတွက်ဆို ကူလီဘိုင်လေကို ကြိုးစားသင့်ကြောင်း အကြံပြုခဲ့ပါတယ်။

ဘိုင်ယန်မြူးနစ်ကနေ လမ်းခွဲထွက်ခွာလာဖွယ် ရှိနေတဲ့ နာမည်ကျော် ဘိုင်ယန်မြူးနစ် ခံစစ်မှူး အလာဘာ ကို ပရီးမီးယားလိဂ်မှ ယူနိုက်တက်နဲ့ ချယ်ဆီးတို့က အပြိုင် စောင့်ကြည့်နေပါတယ်။ အလာဘာဟာ ဥရောပ ထိပ်တန်း အစွန်ခံစစ်မှူး တစ်ဦး ဖြစ်ပါတယ်။

ပြီးသွားတဲ့ ရာသီမှာ ယူရိုပါလိဂ် ဆီမီးဖိုင်နယ် အဆင့်လောက်နဲ့ ကျေနပ်ခဲ့ရပေမယ့် လာမယ့် ဘောလုံးရာသီမှာ ယူနိုက်တက်နဲ့ အတူ ဆုဖလားတွေ စိန်ခေါ်ဖို့ ရည်မှန်းထားကြောင်း ကွင်းလယ် ကစားသမား ဖာနန်ဒက်စ်က ပြောဆိုခဲ့ပါတယ်။

ယူနိုက်တက်ဟာ အငှားလွှတ်ထားခဲ့တဲ့ လူငယ် ဂိုးသမား ဒင်း ဟန်ဒါဆန်ကို ပြန်ခေါ်ပြီး တစ်ပတ်လစာ ပေါင် တစ်သိန်း ထိ တိုးပေးကာ နောက်ထပ် သက်တမ်းတိုး စာချုပ် တစ်ရပ် ချုပ်ဆိုရန် ပြင်ဆင်နေပါတယ်။ ဟန်ဒါဆန်ကို အသုံးချပြီး ယူနိုက်တက်က လက်ရှိ အမှားများနေတဲ့ ပွဲထွက် ဂိုးသမား ဒီဂီယာကို ဖိအားပေးရန် ကြံရွယ်နေပါတယ်။

ယူနိုက်တက် ခေါ်ယူဖို့ စိတ်ဝင်စားမှု ပြသထားတဲ့ တိုက်စစ်သမား ဒမ်ဘီလီက ဘာစီလိုနာ အသင်းမှာ ဆက်ထိန်းထားလိုတဲ့ အနည်းငယ်သော ကစားသမားတွေထဲ ပါဝင်ကြောင်း ဘာစီလိုနာ အသင်း ဥက္ကဌ ဘာတိုမြူက လတ်တလော အင်တာဗျူးမှာ ထည့်သွင်း ပြောကြားခဲ့ပါတယ်။

အသက် ၃၇ နှစ် ရှိပြီ ဖြစ်တဲ့ ယူနိုက်တက် အရန် ဂိုးသမားကြီး လီဂရန့်က ဒုတိယ ဂိုးသမား ရိုမဲရိုး ကြောင့် အသင်းအတွက် သိပ် ပါဝင်ခွင့် မရထားပေမယ့် နောက်ရာသီများမှာ အသင်းအစီစဉ်တွေထဲ ပါဝင်ခွင့် ရဖို့ နည်းပြ ဆိုးရှားနဲ့ ပြောဆို ဆွေးနွေးလိုနေပါတယ်။

Zawgyi – ယူနို္က္တက္ဟာ ဆန္ခ်ိဳ အစား ဘုန္းေမာက္ ေတာင္ပံတိုက္စစ္သမား ေဒးဗစ္ ဘရြတ္ခ္ကို ေခၚယူရန္ ေစာင့္ၾကည့္ေနျပီး တရား၀င္ ကမ္းလွမ္းမႈေတာ့ မျပဳလုပ္ရေသးပါဘူး။ ဘရြတ္ခ္ဟာ ယူနိုက္တက္ ေရဒါထဲ အခ်ိန္အေတာ္ၾကာ ရွိေနတဲ့ ကစားသမား ျဖစ္ျပီး ေပါင္ သန္း ၄၀ ေလာက္ တန္ေၾကး ရွိပါတယ္။

မန္ခ်က္စတာ ယူနိုက္တက္ ဒီေႏြမွာ ေခၚယူသင့္တဲ့ ကစားသမားေတြထဲ ေျပာင္းေရႊ႕ေၾကး အလြတ္နဲ႕ ေခၚနိုင္မယ့္ နာမည္ၾကီး တိုက္စစ္မွဴး ပါ၀င္သင့္ေၾကာင္း ယူနုိက္တက္ တိုက္စစ္မွဴးေဟာင္း ဆာဟာက တိုက္တြန္းခဲ့ျပီး ဗဟိုခံစစ္ အတြက္ဆို ကူလီဘိုင္ေလကို ၾကိဳးစားသင့္ေၾကာင္း အၾကံျပဳခဲ့ပါတယ္။

ဘိုင္ယန္ျမဴးနစ္ကေန လမ္းခြဲထြက္ခြာလာဖြယ္ ရွိေနတဲ့ နာမည္ေက်ာ္ ဘိုင္ယန္ျမဴးနစ္ ခံစစ္မွဴး အလာဘာ ကို ပရီးမီးယားလိဂ္မွ ယူနုိက္တက္နဲ႕ ခ်ယ္ဆီးတို႔က အျပိဳင္ ေစာင့္ၾကည့္ေနပါတယ္။ အလာဘာဟာ ဥေရာပ ထိပ္တန္း အစြန္ခံစစ္မွဴး တစ္ဦး ျဖစ္ပါတယ္။

ျပီးသြားတဲ့ ရာသီမွာ ယူရိုပါလိဂ္ ဆီမီးဖိုင္နယ္ အဆင့္ေလာက္နဲ႕ ေက်နပ္ခဲ့ရေပမယ့္ လာမယ့္ ေဘာလံုးရာသီမွာ ယူနိုက္တက္နဲ႕ အတူ ဆုဖလားေတြ စိန္ေခၚဖို႔ ရည္မွန္းထားေၾကာင္း ကြင္းလယ္ ကစားသမား ဖာနန္ဒက္စ္က ေျပာဆိုခဲ့ပါတယ္။

ယူနုိက္တက္ဟာ အငွားလႊတ္ထားခဲ့တဲ့ လူငယ္ ဂိုးသမား ဒင္း ဟန္ဒါဆန္ကို ျပန္ေခၚျပီး တစ္ပတ္လစာ ေပါင္ တစ္သိန္း ထိ တိုးေပးကာ ေနာက္ထပ္ သက္တမ္းတိုး စာခ်ဳပ္ တစ္ရပ္ ခ်ဳပ္ဆိုရန္ ျပင္ဆင္ေနပါတယ္။ ဟန္ဒါဆန္ကို အသံုးခ်ျပီး ယူနိုက္တက္က လက္ရွိ အမွားမ်ားေနတဲ့ ပြဲထြက္ ဂိုးသမား ဒီဂီယာကို ဖိအားေပးရန္ ၾကံရြယ္ေနပါတယ္။

ယူနုိက္တက္ ေခၚယူဖို႔ စိတ္၀င္စားမႈ ျပသထားတဲ့ တိုက္စစ္သမား ဒမ္ဘီလီက ဘာစီလိုနာ အသင္းမွာ ဆက္ထိန္းထားလိုတဲ့ အနည္းငယ္ေသာ ကစားသမားေတြထဲ ပါ၀င္ေၾကာင္း ဘာစီလိုနာ အသင္း ဥကၠဌ ဘာတိုျမဴက လတ္တေလာ အင္တာဗ်ဴးမွာ ထည့္သြင္း ေျပာၾကားခဲ့ပါတယ္။

အသက္ ၃၇ နွစ္ ရွိျပီ ျဖစ္တဲ့ ယူနုိက္တက္ အရန္ ဂိုးသမားၾကီး လီဂရန္႔က ဒုတိယ ဂိုးသမား ရိုမဲရိုး ေၾကာင့္ အသင္းအတြက္ သိပ္ ပါ၀င္ခြင့္ မရထားေပမယ့္ ေနာက္ရာသီမ်ားမွာ အသင္းအစီစဥ္ေတြထဲ ပါ၀င္ခြင့္ ရဖို႔ နည္းျပ ဆိုးရွားနဲ႕ ေျပာဆို ေဆြးေႏြးလိုေနပါတယ္။