ဆန်းချက် ယူနိုက်တက်မှာ မအောင်မြင်ခဲ့ရတဲ့ အကြောင်းရင်းကို သရဲနီဟောင်းကြီး ရှင်းပြ

ပရီးမီးယားလိဂ် ခံစစ်မှူးဟောင်း ဗီရွန်ဟာ ယူနိုက်တက် တိုက်စစ်သမား ဆန်းချက် မန်ချက်စတာမှာ မအောင်မြင်ဖြစ်ခဲ့ပေမယ့် အီတလီမှာတော့ အောင်မြင်လိမ့်မယ်လို့ ပြောဆိုလိုက်ပါတယ်။

အာဆင်နယ်ကနေ ယူနိုက်တက်ကို ပြောင်းလာပြီးနောက် ဆန်းချက်ဟာ ပုံစံကောင်းတွေ ပျောက်ခဲ့ကာ ယူနိုက်တက်အသင်းသမိုင်း အဆိုးဆုံး ခေါ်ယူမှုလည်း ဖြစ်ခဲ့ပါတယ်။ ဗီရွန်က ဆန်းချက် ယူနိုက်တက်မှာ မအောင်မြင်ခဲ့တာက ကစားဟန်ကြောင့်ဖြစ်ပြီး အူဒီးနီနဲ့ အောင်မြင်ခဲ့တဲ့ ဆန်းချက်ဟာ အင်တာမှာလည်း အောင်မြင်နေတာကို ထောက်ပြခဲ့တယ်။

ဗီရွန်ကိုယ်တိုင်ကလည်း လာဇီယိုမှာ ထူးချွန်တဲ့ ခြေစွမ်းတွေကြောင့် ပရီးမီးယားလိဂ်ကို ပြောင်းခဲ့ပေမယ့် မျှော်လင့်သလို ဖြစ်မလာခဲ့ကာ နောက်ဆုံးမှာ အင်တာမီလန်ကို ပြောင်းရွှေ့ခဲ့ရာ ခြေစွမ်းတွေ ပြန်ပြနိုင်ခဲ့ပါတယ်။

ဗီရွန်က ” အီတလီမှာတုန်းက ကျနော်ဟာ အကောင်းဆုံး စွမ်းဆောင်ရည် ရခဲ့ပါတယ်။ ဆန်းချက်ကလည်း ဒီလိုပါပဲ။ သူ အီတလီမှာ အကောင်းဆုံး အရည်အချင်းတွေ ပြသနိုင်တာကို ကျနော် မြင်ခဲ့တယ်။ သူက အရည်အချင်းကောင်းတွေ ပိုင်ဆိုင်ထားပြီး ချီလီအတွက်လည်း အကောင်းဆုံးတွေ စွမ်းဆောင်ပြခဲ့ပါတယ်။

ကျနော် ကိုယ်တိုင်လည်း ယူနိုက်တက်မှာ ကစားသမားဘဝ အနိမ့်အမြင့် ကာလတွေ ရှိခဲ့ပါတယ်။ ဒါပေမယ့် စီးရီးအေမှာတော့ ကျနော် ပုံစံကောင်းတွေ ပြသနိုင်တယ်။ ကစားသမားတွေအတွက် သူတို့နဲ့ ကိုက်ညီတဲ့ လိဂ်ဆိုတာ ရှိပါတယ်။ လိဂ်တိုင်းမှာတော့ စွမ်းဆောင်ရည်ကောင်းတွေ ပြဖို့ မကိုက်ညီတာတွေ ရှိတတ်တယ်။

ကျနော် ကိုယ်တိုင်ကလည်း ဒီလိုတွေ ဖြစ်ခဲ့လို့ နားလည်ပါတယ်။ ဆန်းချက်ကလည်း အဲ့လိုမျိုးကို ရင်ဆိုင်ခဲ့ရတာပါ။ သူက ချီလီတင်မကဘဲ တောင်အမေရိက ဘောလုံးလောကကိုလည်း ကိုယ်စားပြုသူ ဖြစ်ပါတယ် ” လို့ ဆိုခဲ့တာဖြစ်တယ်။

ဆန်းချက်ဟာ ဒီရာသီမှာ စီးရီးအေကလပ် အင်တာထံ အငှားဖြင့် ပြောင်းရွှေ့ခဲ့ပြီး ကောင်းမွန်တဲ့ ခြေစွမ်းတွေ ပြသထားနိုင်တယ်။ ဒါကြောင့်လည်း အင်တာမီလန်က ရာသီအကုန်မှာတော့ ယူနိုက်တက်နဲ့ စာချုပ် ဖျက်သိမ်းထားတဲ့ ဆန်းချက်ကို အပြီးသတ် ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။

ZAWGYI – ပရီးမီးယားလိဂ္ ခံစစ္မွဴးေဟာင္း ဗီရြန္ဟာ ယူႏုိက္တက္ တိုက္စစ္သမား ဆန္းခ်က္ မန္ခ်က္စတာမွာ မေအာင္ျမင္ျဖစ္ခဲ့ေပမယ့္ အီတလီမွာေတာ့ ေအာင္ျမင္လိမ့္မယ္လို႔ ေျပာဆိုလိုက္ပါတယ္။

အာဆင္နယ္ကေန ယူႏုိက္တက္ကို ေျပာင္းလာျပီးေနာက္ ဆန္းခ်က္ဟာ ပံုစံေကာင္းေတြ ေပ်ာက္ခဲ့ကာ ယူႏုိက္တက္အသင္းသမုိင္း အဆိုးဆံုး ေခၚယူမႈလည္း ျဖစ္ခဲ့ပါတယ္။ ဗီရြန္က ဆန္းခ်က္ ယူႏုိက္တက္မွာ မေအာင္ျမင္ခဲ့တာက ကစားဟန္ေၾကာင့္ျဖစ္ျပီး အူဒီးနီနဲ႔ ေအာင္ျမင္ခဲ့တဲ့ ဆန္းခ်က္ဟာ အင္တာမွာလည္း ေအာင္ျမင္ေနတာကို ေထာက္ျပခဲ့တယ္။

ဗီရြန္ကိုယ္တိုင္ကလည္း လာဇီယိုမွာ ထူးခၽြန္တဲ့ ေျခစြမ္းေတြေၾကာင့္ ပရီးမီးယားလိဂ္ကို ေျပာင္းခဲ့ေပမယ့္ ေမွ်ာ္လင့္သလို ျဖစ္မလာခဲ့ကာ ေနာက္ဆံုးမွာ အင္တာမီလန္ကို ေျပာင္းေရႊ႔ခဲ့ရာ ေျခစြမ္းေတြ ျပန္ျပႏုိင္ခဲ့ပါတယ္။

ဗီရြန္က ” အီတလီမွာတုန္းက က်ေနာ္ဟာ အေကာင္းဆံုး စြမ္းေဆာင္ရည္ ရခဲ့ပါတယ္။ ဆန္းခ်က္ကလည္း ဒီလိုပါပဲ။ သူ အီတလီမွာ အေကာင္းဆံုး အရည္အခ်င္းေတြ ျပသႏုိင္တာကို က်ေနာ္ ျမင္ခဲ့တယ္။ သူက အရည္အခ်င္းေကာင္းေတြ ပိုင္ဆုိင္ထားျပီး ခ်ီလီအတြက္လည္း အေကာင္းဆံုးေတြ စြမ္းေဆာင္ျပခဲ့ပါတယ္။

က်ေနာ္ ကိုယ္တိုင္လည္း ယူႏုိက္တက္မွာ ကစားသမားဘဝ အနိမ့္အျမင့္ ကာလေတြ ရွိခဲ့ပါတယ္။ ဒါေပမယ့္ စီးရီးေအမွာေတာ့ က်ေနာ္ ပံုစံေကာင္းေတြ ျပသႏုိင္တယ္။ ကစားသမားေတြအတြက္ သူတို႔နဲ႔ ကိုက္ညီတဲ့ လိဂ္ဆိုတာ ရွိပါတယ္။ လိဂ္တိုင္းမွာေတာ့ စြမ္းေဆာင္ရည္ေကာင္းေတြ ျပဖို႔ မကိုက္ညီတာေတြ ရွိတတ္တယ္။

က်ေနာ္ ကိုယ္တိုင္ကလည္း ဒီလိုေတြ ျဖစ္ခဲ့လို႔ နားလည္ပါတယ္။ ဆန္းခ်က္ကလည္း အဲ့လိုမ်ိဳးကို ရင္ဆိုင္ခဲ့ရတာပါ။ သူက ခ်ီလီတင္မကဘဲ ေတာင္အေမရိက ေဘာလံုးေလာကကိုလည္း ကိုယ္စားျပဳသူ ျဖစ္ပါတယ္ ” လို႔ ဆိုခဲ့တာျဖစ္တယ္။

ဆန္းခ်က္ဟာ ဒီရာသီမွာ စီးရီးေအကလပ္ အင္တာထံ အငွားျဖင့္ ေျပာင္းေရႊ႔ခဲ့ျပီး ေကာင္းမြန္တဲ့ ေျခစြမ္းေတြ ျပသထားႏုိင္တယ္။ ဒါေၾကာင့္လည္း အင္တာမီလန္က ရာသီအကုန္မွာေတာ့ ယူႏုိက္တက္နဲ႔ စာခ်ဳပ္ ဖ်က္သိမ္းထားတဲ့ ဆန္းခ်က္ကို အျပီးသတ္ ေခၚယူခဲ့တာ ျဖစ္ပါတယ္။