အခြေအနေ တစ်ရပ်ဖြစ်လာခဲ့ရင် မန်ယူနိုက်တက်က ဂရင်းဝုဒ်ကို ပြန်လည် ခေါ်ယူသွားမည်

မန်ချက်စတာ ယူနိုက်တက်ဟာ ဂီတာဖေးထံ အငှားချထားတဲ့ တိုက်စစ်မှူး ဂရင်းဝုဒ်ကို စာချုပ်ကုန်ချိန်မှာ ကလပ် လူစာရင်းထဲ ပြန်ထည့်ဖွယ် ရှိနေဆဲလို့ သိရပါတယ်။

The Guardian သတင်းရဲ့ ဖော်ပြချက်အရ ယူနိုက်တက်ဟာ ဂရင်းဝုဒ်ကို အသင်းရဲ့ ရေရှည် ပလန်ကနေ ဖယ်ထုတ်လိုက်ဖို့ ယတိပြတ် ဆုံးဖြတ်ရခြင်း မရှိသေးပါဘူး။

တကယ်တမ်းမှာ ကလပ်ရဲ့ စီအီးအို Richard Arnold က စွပ်စွဲချက်တွေကို ဖြေရှင်းအပြီးမှာ မေဆန်ကို စီနီယာအသင်း လူစာရင်းထဲ ပြန်ထည့်ဖို့ စီစဉ်ထားခဲ့ပါတယ်။ ဒါပေမယ့်လို့ ကန့်ကွက်မှုတွေ ပေါ်ထွက်လာခြင်းကြောင့် အဆင်မပြေခဲ့ပါဘူး။

ယူနိုက်တက်ဟာ ဂရင်းဝုဒ်ကို အငှားချဖို့ စီစဉ်ခဲ့ရပြီး လာလီဂါကလပ် ဂီတာဖေးထံ ရောက်ရှိသွားတာ ဖြစ်ပါတယ်။ လာလီဂါမှာတော့ မေဆန် ဂရင်းဝုဒ်ဟာ ၁ ဂိုးသွင်း၊ ၁ ဂိုးဖန်တီးမှု လုပ်ထားပါတယ်။

စပိန်မြေမှာ ဂရင်းဝုဒ်က တောက်ပတဲ့ ခြေစွမ်းခြေစတွေ ပြန်လည် ပြသနိုင်ရင်တော့ သူ့ရဲ့ ကိုယ့်ဘာသာ သုံးသပ်မှုဟာ အကောင်းမြင်စရာ ပြီးဆုံးပြီး နွေမှာ ကလပ်ရဲ့ လူစာရင်းထံ ပြန်လည် ခေါ်ယူခွင့်ရဖွယ်ရှိတယ်လို့ သိရတယ်။

ဂရင်းဝုဒ်ရဲ့ စာချုပ်ဟာ ၂၀၂၅ ခုနှစ် ရှိတာဖြစ်ပြီး ဒီရာသီ လာလီဂါမှာ တိုက်စစ်သမား ခြေစွမ်းပြနိုင်ခြင်း ရှိမရှိကပဲ သူ့ရဲ့ ယူနိုက်တက် ကစားသမားဘဝ အနာဂတ်ကို အဆုံးအဖြတ် ဖြစ်လာစေမှာ ဖြစ်ပါတယ်။