ကစားသမားတွေရဲ့ လက်ရှိ အသက်အရွယ်၊ ခြေစွမ်း၊ စာချုပ်သက်တမ်းနဲ့ အလားအလာတွေ အပေါ် မူတည်ကာ ဈေးကွက် ပေါက်ဈေး တွက်ချက် ဖော်ပြတဲ့ transfermarkt မှာ လက်ရှိ ပရီးမီးယားလိဂ် တန်ကြေး အမြင့်ဆုံး ဖြစ်နေတဲ့ ကစားသမားတွေကို ဖော်ပြပေးပါမယ်။
အံ့အားသင့်စရာကတော့ ဒီ ထိပ်တန်း ၅ ဦး ဟာ မန်စီးတီးနဲ့ အာဆင်နယ် ကစားသမားတွေချည်း ဖြစ်နေတာပါပဲ။
၅) ရိုဒရီ (ယူရို သန်း ၁ဝဝ)
မန်စီးတီးရဲ့ ကွင်းလယ်ဗဟို ကစားသမား ရိုဒရီရဲ့ ပြိုင်ဘက် တိုက်စစ်ကို ချိုးဖျက်နိုင်စွမ်းဟာ ပွဲတွေ ဆက်တိုက် တည်ငြိမ်နေ သလို သွင်းဂိုးတွေ အတွက် ပါဝင်ကူညီမှုတွေလည်း ရှိနေပါတယ်။ မန်စီးတီးရဲ့ အဓိက အသက်သွေးကြောလို ဖြစ်လာနေတဲ့ ကစားသမား ဖြစ်ပါတယ်။
၄) ဒီကလန်ရိုက်စ် (ယူရို သန်း ၁ဝဝ)
ရိုက်စ်က ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ကွင်းလယ် ကစားသမား တစ်ဦး အဖြစ် ညွှန်းဆိုခံရသူပါ။ နည်းဗျူဟာပိုင်း ကျေညက်မှုတွေနဲ့ သူ့ရဲ့ မလျှော့သော ဇွဲနဲ့ အားထုတ်မှုတွေကြောင့် ပရီးမီးယားလိဂ်မှာ အကောင်းဆုံး ကစားသမားတွေထဲ ပါဝင်နေပါတယ်။
၃) ဖီးလ် ဖိုဒန် (ယူရို သန်း ၁၁ဝ)
ဖီးလ် ဖိုဒန်က ကမ္ဘာပေါ်မှာ နည်းစနစ်ပိုင်း အကျွမ်းကျင်ဆုံး အမြင်အရှိဆုံး လူငယ် ကစားသမားတွေထဲ ပါပါတယ်။ မန်စီးတီး က ဖိုဒန်ကို ကွင်းလယ်မှာ နေရာစုံ ထား ကစားနိုင်ပြီး တိုက်စစ်လည်း တင်နိုင်ပါတယ်။ စွယ်စုံရပြီး ဘောလုံး အမြင်ရှိတာကြောင့် ဖိုဒန်က ပက် ရဲ့ လျှို့ဝှက်လက်နက်လည်း ဖြစ်လို့ နေပါတယ်။
၂) ဆာကာ (ယူရို သန်း ၁၂ဝ)
ဘူကာယို ဆာကာ က လက်ရှိ ကမ္ဘာ့ အကောင်းဆုံး ညာတောင်ပံ တိုက်စစ်သမား တစ်ဦး ဖြစ်ပါတယ်။ အရွယ်နဲ့ မမျှအောင် ဗျူဟာပိုင်း ကျွမ်းကျင်မှုနဲ့ နေရာယူမှုက အားသာချက်ပါ။ ပြိုင်ဘက် ခံစစ်သမားတွေ အတွက် အိပ်မက်ဆိုး ဖြစ်ပြီး ညက်ညောတဲ့ ဘောလုံး အပေးအယူတွေနဲ့ ကျော်ဖြတ်မှုတွေကိုလည်း ပြုလုပ်နိုင်သူပါ။
၁) အားလင်း ဟာလန်း ( ယူရို သန်း ၁၈၀)
ဒီစာရင်းမှာ ဟာလန်းက ထိပ်ဆုံးမှာ ရှိနေတာလည်း အံ့အားသင့်စရာတော့ မဟုတ်ပါဘူး။ ဟာလန်းက အသက် ၂၃ နှစ်ပဲ ရှိသေးပေမယ့် ဒေါင်ဒေါင်မြင် ဂိုးသွင်း တိုက်စစ်မှုးကောင်း တစ်ဦး ဖြစ်နေပါပြီ။ နော်ဝေသား တိုက်စစ်မှုးဟာ ပွဲကို ဖတ်နိုင်တဲ့ အရည်အသွေး၊ အားကစားသမား ပီသပြီး နေရာယူမှုကောင်းချက်တွေက ထိပ်တန်း အဆင့် ရှိပါတယ်။
